iMyanmarHouse.com - Best Property Website for Myanmar
×

၁။ သင့်ဂရုစိုက်မှုတွေရဖို့ အရင်ကလို သူကြိုးစားတော့မှာ မဟုတ်ပါဘူး။

၂။ သင်နဲ့ ငြင်းခုန်တာတွေ၊ စိတ်ဆိုးစိတ်ကောက်တာတွေ ရှိမှာ မဟုတ်တော့ပါဘူး။

၃။ သင်ပို့သမျှ မတ်ဆေ့တွေကိုလဲ အရင်ကလို စိတ်ဝင်တစားနဲ့ ပြန်ပို့နေမှာ မဟုတ်တော့ပါဘူး။

၎။ အရင်ကလို သင့်အနားမှာ စကားတွေဖောင်ဖွဲ့ပြီး တွယ်ကပ်နေတော့မှာ မဟုတ်တော့ပါဘူး။

၅။ သင်နဲ့ပတ်သက်တဲ့ အရာအားလုံးကို အသေးအဖွဲလေးတွေကအစ အရင်ကလို ဂရုတစိုက် ရှိနေတော့မှာ မဟုတ်ပါဘူး။

၆။ သင့်ကို သဝန်တိုတာတွေ၊ ချုပ်ချယ်တာတွေလဲ အရင်ကလို ရှိတော့မှာ မဟုတ်တော့ပါဘူး။

၇။ အခြားယောက်ျားလေး သူငယ်ချင်းတွေနဲ့လဲ ရင်းရင်းနှီးနှီး ပေါင်းသင်းတာတွေ ရှိလာပါလိမ့်မယ်။

၈။ သင်သူ့ကို ဂရုစိုက်သည်ဖြစ်စေ မစိုက်သည်ဖြစ်စေ သူမ စိတ်မဝင်စားတော့ပါဘူး။

၉။ သူ့ကို သင်ချစ်မြတ်နိုးနေစေဖို့ ဆက်ကြိုးစားတော့မှာလဲ မဟုတ်တော့ပါဘူး။

သင့်ကို စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတာကလဲ နောက်ဆုံးတော့ သူမဒီထက်ပို ထိုက်တန်တယ်ဆိုတာ နားလည်လိုက်လို့ပါ။

အဲဒီအချိန်ကျမှ သူမရဲ့ ဂရုစိုက်မှုလေးတွေ၊ သင့်အပေါ်ထားတဲ့ အကြင်နာမေတ္တာတွေ လွမ်းဆွတ်နေလို့ ဘာမှထူးလာမှာ မဟုတ်တော့ပါဘူး။

ဘယ်အရာမှ ကြိုတင်တွက်ဆ ထားလို့မရပါဘူး။

ဒါကြောင့် အနားမှာ ကိုယ့်ကိုအရမ်းချစ်တဲ့ မိန်းကလေးတစ်ယောက် ရှိနေပြီး သင်ကလဲ တစ်ကယ်ချစ်မြတ်နိုးတယ်ဆို သူမစွန့်ခွာမသွားခင် သင့်ချစ်ခြင်းတွေ ဖော်ပြလိုက်ပါ။

သူ့ကို တန်ဖိုးထားဆက်ဆံပါ။

Credit:ရွှေမြန်မာ


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top