iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသားတစ်ယောက်ချင်းစီမှာ အမျိုးသမီးတွေဆီက အကြိုက်တစ်မျိုးစီ ရှိကြပေမယ့် အမျိုးသားတိုင်း အလားအလာရှိတဲ့ လက်တွဲဖော်မှာ တန်ဖိုးထားသော ဘုံတူတဲ့ လက္ခဏာညဉ်တွေ ရှိပါတယ်။ အချစ်ရှာရာမှာ အထောက်အကူဖြစ်စေမယ့် အချစ်ရေးဆိုင်ရာ အကြံပေးချက်တချို့ကို ပြောပြရရင်တော့ အမျိုးသားအများစု အောင့်မထားနိုင်တဲ့ ချစ်သူဆီက အရည်အချင်း (၈) ချက်ကို ပြောပြပေးပါ့မယ်။

၁။ တရင်းတနှီးဆက်ဆံမှု

လှိုက်လှဲပျူငှာပြီး ကြင်နာတဲ့ ပြောဆိုပြုမူတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ယောက်ျားတစ်ယောက်အဖို့ စိတ်ချမ်းသာ အပန်းဖြေစေပါတယ်။ သူ ဒီမိန်းကလေးနဲ့ အတူရှိနေချိန်မှာ သူ့အစောင့်ကို ဘေးချိတ်ထားနိုင်ပါတယ်။

၂။ ဖြူစင်ရိုးသားမှု

ယောက်ျားလေးတွေ သူတို့ယုံကြည်စိတ်ချရတဲ့ မိန်းကလေးတွေကို လိုချင်ကြပါတယ်။ အမြဲယုံကြည်စိတ်ချရပြီး ရိုးသားတဲ့ လက်တွဲဖော် ပိုင်ဆိုင်ခြင်းက ယောက်ျားလေးများအတွက် အချစ်ရေးမှာ အောင်မြင်မှုကြီးတစ်ခု ဖြစ်ပါတယ်။ ရိုးသားမှုပျက်ပြားပါက ယင်းနာကျင်မှုကို အချစ်ရေးကုထုံးနဲ့ ကုသနိုင်ပေမယ့် အစကတည်းက ရိုးသားတာ အကောင်းဆုံး ချဉ်းကပ်နည်းဖြစ်ပါတယ်။

၃။ မိမိကိုယ်ကိုယ် ယုံကြည်မှု

မိမိကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ယောက်က ဘယ်အမျိုးသားမဆို ဆွဲဆောင်နိုင်ပါတယ်။ မိမိကိုယ်ကိုယ် အမြဲ မေးခွန်းထုတ်ပြီး အာမခံချက်လိုအပ်နေတဲ့ လက်တွဲဖော်နဲ့အတူ အမျိုးသားတွေ မနေလိုကြပါ။ ရေရှည်လက်တွဲမယ့် လက်တွဲဖော်ရှာဖွေတဲ့အခါ မိမိကိုယ်ကိုယ် ယုံကြည်မှုက ရုပ်ပိုင်းဆိုင်ရာ အလှအပကို တစ်ပန်းစေသာကြောင်း အမျိုးသားများ ပြိုင်တူ ပြောဆိုကြပါတယ်။

၎။ လေးစားမှု

ယောက်ျားလေးများက သူတို့ကို လေးစားတဲ့ မိန်းကလေးတစ်ယောက်ကို ထိန်းမနိုင်ဖြစ်ကြပါတယ်။ စွဲမက်စရာအကောင်းဆုံးအမျိုးသမီးတွေဟာ သူတို့လက်တွဲဖော်များအား ဘယ်လောက် ခန့်ညာ၊ ကြော့မော့ပြီး အောင်မြင်နေကြောင်း အဆက်မပြတ် ပြောပေးနေကြသူတွေ ဖြစ်ပါတယ်။ သူနဲ့နေရလို့ ဂုဏ်ယူဝင့်ကြွားမှုကို ဖော်ပြတဲ့ မိန်းကလေးကို ယောက်ျားလေးတွေ ရွေးချယ်ပါလိမ့်မယ်။

၅။ ပျော်ရွှင်မှု

မိမိဘဝကို ကျေနပ်နေတဲ့ အမျိုးသမီးတစ်ယောက်ဟာ အမြဲတမ်း မျက်စိကျခံရပါတယ်။ အလုပ်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး အမြဲတမ်းညည်းညူကာ ဆန့်ကျင်ဘက်သဘောရှိတဲ့ အမျိုးသမီးနဲ့အတူ အမျိုးသားတွေ မနေချင်ကြပါ။

၆။ လေးစားမှု

စွဲမက်စရာကောင်းတဲ့အမျိုးသမီးတစ်ဦးဟာ မိမိကိုယ်ယုံကြည်မှု အပြည့်ရှိသူ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်ပြီး လေးစားမှုခံစားစေတဲ့ လက်တွဲဖော်ကို ယောက်ျားလေးတွေ လိုချင်ကြတယ်။ လေးစားမှုပျက်ပြားသွားပါက အချစ်ရေးဆွေးနွေးအကြံပြုခြင်းက စုံတွဲတွေကို အချင်းချင်း ယုံကြည်မှု ပြန်လည် ရယူစေနိုင်ပါတယ်။

၇။ တစ်ဘဝလုံးပေးအပ်ခြင်း

ယောက်ျားတစ်ယောက်အတွက် အလုပ်များတဲ့ အမျိုးသမီး ရခဲပါတယ်။ သင့်ဘဝကို ပျော်ရွှင်စရာအလုပ်တွေ၊ အဓိပ္ပါယ်ရှိတဲ့ အလုပ်၊ ကောင်းမွန်တဲ့ ချစ်သူစုံတွဲဆက်ဆံမှုများနဲ့ ပြည့်စုံစေပြီး စိတ်ခံစားချက်အတိုင်း လိုက်ပါလုပ်ဆောင်ပါတယ်။ ဒါကို အမျိုးသားတစ်ယောက်က မြင်တဲ့အခါ ဘဝလက်တွဲဖော်အဖြစ် လိုချင်ပါတယ်။

၈။ တစ်ကိုယ်ကောင်းမဆန်ခြင်း

မိမိကိုယ်ကိုယ် ဂရုစိုက်လွန်းတဲ့ လက်တွဲဖော်ကို အမျိုးသားတစ်ယောက် ရွေးချယ်လိမ့်မှာ မဟုတ်ပါဘူး။ အချစ်ရေးမှာ အတူကြိုးပမ်းမှုနဲ့ အနစ်နာခံမှု လိုအပ်ပါတယ်။ စွန့်လွတ်အနစ်နာခံတတ်ပြီး လက်တွဲဖော်ရဲ့ လိုအပ်ချက်တွေ သိတတ်တဲ့ အမျိုးသမီးတစ်ဦးဟာ အမြဲတမ်း စွဲမက်စရာကောင်းပါတယ်။



Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top