iMyanmarHouse.com - Best Property Website for Myanmar
×

သွားတိုက်တဲ့အခါနဲ့ တစ်ခါတစ်လေ အစာစားနေတဲ့ အချိန်တွေမှာ သွားဖုံးသွေးယိုဖြစ်တတ်တာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရလေ့ရှိပါတယ်။ ဒီလိုသွားဖုံးသွေးယိုတတ်တဲ့ အကျင့်ကတော့ အောက်က အချက်တွေနဲ့ ညှိစွန်းနေလို့ပဲ ဖြစ်နိုင်ပါတယ်။

ခံတွင်းသန့်ရှင်းရေး လုပ် ဆောင်မှုနည်းခြင်းကြောင့်လည်း အစာအ ကြွင်းအကျန်တွေက သွားဖုံးမှာ စုပုံ ပြီး ယင်းကတစ်ဆင့် သွားဖုံတွေနီရဲ၊ ရောင်ရမ်း၊ နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။

 သွားအနေအထား မမှန်ရင် သွားသန့်ရှင်းရေး လုပ်ရခက်ခဲပြီး ယင်းသွားကြားမှာ အစားအကြွင်း အကျန်တွေ ကပ်ကျန်ကာ ယင်းမှ တစ်ဆင့် သွားဖုံးသွေးယိုနိုင်ပါတယ်။ သွားတိုက်လျှင် အလွန်အကျွံဖိတိုက် ခြင်းနဲ့ သွားပွတ်တံအမာတွေ ကြောင့် သွားဖုံးမှာ ဒဏ်ရာရပြီး သွားဖုံး သွေးယိုနိုင်ပါတယ်။

သွားဖုံးသွေးယိုရတာကတော့ ဗီတာမင်စီနဲ့ဗီတာမင်ကေချိုတဲ့လို့ ဖြစ်ပါတယ်။  ခန္ဓာကိုယ်က ဗီတာမင်ကေအဓိကရနိုင်တဲ့ အရင်းအမြစ်တွေကတော့ အူတွင်းက သဘာဝအဏုဇီဝပိုးမွှားတွေဖြစ်ပြီး ကာလကြာရှည် ပဋိ ဇီဝ ပိုးသတ်ဆေးသောက်နေရသူတွေမှာတော့ အဲ့ဒီပိုးမွှားတွေမရှိတော့တာကြောင့် သွားဖုံးသွေးယိုနိုင်တယ်လို့ သိရပါတယ်။

 အမျိုးသမီးတွေမှာ ဟော်မုန်း အပြောင်းအလဲတွေကြောင့် သွားဖုံး သွေးယိုနိုင်ပါတယ်။ ဥပမာ အရွယ် စတင်ရောက်ချိန် ကိုယ်ဝန်ဆောင် ချိန်၊ သွေးဆုံးချိန်၊ ရာသီလာချိန်နှင့် ကိုယ်ဝန်တားဆေးသုံးတဲ့အခါတွေ မှာ သွားဖုံးသွေးယိုနိုင်ပါတယ်။

သွေးနဲ့ပတ်သက်တဲ့ရောဂါဖြစ် ပွား တဲ့မျိုးရိုးရှိသူတွေမှာ သွားဖုံးတွေ သွေးယိုမှုဖြစ်ပွားနိုင်ပါတယ်။ သွေးနဲ့ ပတ်သက်တဲ့ ဆေးတွေသောက်သုံးနေရတဲ့သူတွေမှာ သွားဖုံးသွေးယိုနိုင်ပါတယ်။ ဆေးဝါးတွေ ဥပမာအားဖြင့် Aspirin, Clopidogrel စတဲ့နှလုံး နဲ့လေဖြတ်ရာမှာ သုံးတဲ့သွေးခဲဖျော် ပေးတဲ့ဆေးတွေ၊ တက်တဲ့သူတွေမှာ သုံးတဲ့ဆေးတွေ ကင်ဆာဓာတုကု ထုံးမှာသုံးတဲ့ ဆေးတွေက သွားဖုံး သွေးယိုမှုကို ဖြစ်စေနိုင်ပါတယ်။

အသည်းရောဂါသည်တွေကတော့ သွားဖုံးသွေးယိုနိုင်ချေမြင့်မားပါတယ်။ အသည်းက သွေးခဲရာမှာ လိုအပ်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ပေးတဲ့အဓိက အင်္ဂါဖြစ်ပြီး အသည်းရောဂါရှိနေရင်တော့ သွေးမခဲတော့ဘဲ သွားဖုံးသွေးယိုခြင်း ဖြစ်ပွားနိုင်ပါတယ်။သွေးကင်ဆာရောဂါများနဲ့ အရိုးကင်ဆာစတဲ့ ကင်ဆာတွေမှာ လည်း သွားဖုံးသွေးယိုနိုင်တယ်လို့ သိရပါတယ်။

Credit : သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top