iMyanmarHouse.com - Best Property Website for Myanmar
×

(၁) သေသွားလည်း အေးတာပဲ

ခဏခဏ ဖုန်းတွေဆက်၊ စိတ်တွေကောက်ပြီး ကိုယ်ပိုင်အချိန်တွေကို အတင်းကာရော စွက်ဖက်နေတဲ့ချစ်သူက ကိုယ့်ကို စာမပြန်တော့တဲ့အခါ ဒီလိုလည်း တွေးတတ်ကြပါတယ်။

(၂) မက်ဆေ့မရောက်ဘူးလား

အင်တာနက်လိုင်းတွေမကောင်း၊ ဖုန်းလိုင်းတွေမကောင်းလို့ မက်ဆေ့မရောက်တာလားလို့ တွေးမိပါတယ်။

(၃) အာရုံစားနေတာလား

ဘာကြောင့်စာမပြန်တာလဲ၊ အာရုံနောက်အောင် လုပ်နေတာလား၊ အထာကိုင်တာလားလို့ တွေးမိပေမယ့် အဖြေတော့မရပါဘူး။

(၄) နေပေ့စေတော့

စာမပြန်တော့ရော ဘာဖြစ်လဲ၊ ကိုယ့်ဘာသာကိုယ် လုပ်စရာရှိတာ ဆက်လုပ်မယ်ဆိုပြီး ဒေါသနဲ့ ဖုန်းကို ကုတင်ပေါ်ပစ်တင်ပလိုက်တာ၊ နံရံထောင့်ကို ပစ်လိုက်တာမျိုး လုပ်လိုက်ပြီး တစ်နာရီလောက်ကြာတော့လည်း မေ့သွားတာပါပဲ။

(၅) အမှားလုပ်မိလို့လား

ကိုယ်က အမှားတစ်ခုခုလုပ်လိုက်လို့ စိတ်ဆိုးစိတ်ကောက်သွားသလားဆိုပြီး ခေါင်းခြောက်အောင် စဉ်းစားမိကြပါသေးတယ်။

(၆) ဖုန်းခေါ်ရင်ကောင်းမလား

အရေးကြီးကိစ္စလည်း မဟုတ်ဘဲနဲ့ စာမပြန်တာနဲ့ပဲ ဖုန်းခေါ်ရမလားဆိုပြီး ခဏကြာတော့ ကောင်မလေးဆီ ဖုန်းခေါ်ပါတော့တယ်။

Credit: Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top