iMyanmarHouse.com - Best Property Website for Myanmar
×

သင် ဝမ်းချုပ်နေပါသလား။ ၀မ်းချုပ်တာကိုတော့ လူတိုင်းဖြစ်ဖူးကြုံဖူးကြသလို ခံရစားရတာ မလွယ်ကူမှန်း ကျွန်ုပ်တို့အားလုံး အသိဖြစ်ပါတယ်။ အထူးသဖြင့် အလေးသွားချင်ပြီး မထွက်တဲ့အခါ အတော်အဆင်မပြေ ဖြစ်တတ်ပါတယ်။ ဒါဟာ စိုးရိမ်ဖွယ် ကျန်းမာရေးပြသနာဖြစ်တတ်တာမို့ အထူးသတိထားသင့်ပါတယ်။

အိမ်သာကို ဆောင့်ကြောင့်ထိုင်တက်ခြင်း၊ softener၊ ဖိုင်ဘာ၊ အိမ်သာတက်တဲ့ အနေအထား နဲ့ ခန္ဓာကိုယ် အဆိပ်အတောက်တွေ ဖယ်ရှားခြင်းစသဖြင့် လူသိများတဲ့ သက်သာရာရစေတဲ့ နည်းလမ်းအမျိုးမျိုး စမ်းသပ်ဖူးကြပါလိမ့်မယ်။ ဒါပေမယ့် အဲဒါတွေ တစ်ခုမှ အလုပ်ဖြစ်ပုံမူရှိတဲ့အပြင် လိုချင်တဲ့ ရလဒ်တွေ မပေးပါဘူး။ ခုပြောပြပေးမယ့် နည်းလမ်းကတော့ လုံခြုံစိတ်ချရပြီး ဘေးဥပါဒ်လည်းလုံးဝ မရှိပါဘူး။

ပထမဆုံး တစ်ခုမေးပါမယ်။ သင့်စအိုနဲ့ အင်္ဂါကြား အရေပြားအကန့်လေးတစ်ခုရှိတယ် မဟုတ်လား။ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများက အဲဒီနေရာကို စအိုနဲ့ အင်္ဂါ ကြားနေရာ perineum လို့ ခေါ်ပါတယ်။ Perineum နေရာမှာ ဝမ်းချုပ်မှု ရပ်တန့်စေနိုင်တဲ့ နှိပ်နယ်ပေးရတဲ့ သတ်မှတ်နေရာ ရှိပါတယ်။ တစ်ကမ္ဘာလုံး ဝမ်းချုပ်ဝေဒနာ ခံစားရသူ များစွာရှိပါတယ်။ နောက်ဆုံးအချက်အလက်အရ လူ ၅ ယောက်မှာ ၁ ယောက်က ဝမ်းချုပ်ဝေဒနာ ခံစားကြပြီး အမျိုးသားများထက် အမျိုးသမီးများ ပိုဖြစ်ကြတယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်ရှိ အမျိုးသမီးများလည်း ဒီနည်းကို အသုံးပြုနိုင်ပြီး လုံးဝ ဘေးကင်းလုံခြုံစိတ်ချရပါတယ်။ ဒီလိုနှိပ်ပေးခြင်းက ဝမ်းသွားရတာ အဆင်ပြေစေတယ်။ ဆက်တိုက်နှိပ်နယ်ပေးခြင်းဖြင့် မစင်တွေလည့် ကျိုးပျက်သွားတာကြောင့် ၀မ်းသွားရတဲ့အခါ အဆင်ပြေပြေလေး သွားပါတယ်။ ဒီနည်းက ဝမ်းနုတ်ဆေးထက် များစွာပိုထိရောက်တယ်လို့ ကျွမ်းကျင်ပညာရှင်များက အခိုင်အမာပြောဆိုထားပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top