iMyanmarHouse.com - Best Property Website for Myanmar
×

ကြောင်ချစ်တဲ့သူတွေမှာ ဒီလို စိတ်ခံစားချက်တွေ ရှိတတ်ပါတယ်။

၁။ ယုယတွယ်တာမှု

ကြောင်ဆိုတာက ပွတ်သီးပွတ်သပ်နဲ့ သခင်နဲ့နီးနီးကပ်ကပ်အနေဆုံး အိမ်မွေးတိရစ္ဆာန်တွေထဲက တစ်မျိုးပါ။ ကြောင်ချစ်တတ်သူတွေကလည်း နီးနီးကပ်ကပ်နဲ့ ယုယုယယကြင်ကြင်နာနာ နေပေးချင်သလို သူတို့ကိုယ်တိုင်လည်း ဒီလို ယုယတွယ်တာမှုကို ခံစားချင်ကြတာပါ။
၂။ အပျင်းပြေ

ပျင်းတဲ့အချိန်မှာ ဆော့ပေးတာ၊ ကစားပေးတာ၊ စကားပြောတာ၊ လျှောက်ပြင်ပေးဆင်ပေးတာတွေက ကြောင်ချစ်သူတွေ သဘောအကျဆုံး အလုပ်တွေပါ။
၃။ ပြီးပြည့်စုံမှု

အထီးကျန်တဲ့သူတွေက အိမ်မွေးတိရစ္ဆာန်တွေကို ပိုခင်တွယ်တတ်ပါတယ်။ ကိုယ့်ဘဝက အထီးကျန်သလို လိုအပ်မှုတွေရှိနေသလို ခံစားရတဲ့အခါမှာ ကိုယ့်အနားမှာနီးနီးကပ်ကပ်နဲ့ အမြဲလိုလိုအတူရှိမယ့် ကြောင်မွေးထားမိချိန်မှာတော့ ပြီးပြည့်စုံသလို ခံစားလာရပါတယ်။
၎။ ချစ်ဖို့ကောင်းအောင်နေ

အခုခေတ်ကတော့ ဆယ်ဖီတွေ၊ ဖိုတိုတွေနဲ့ အပြိုင်လန်းကြတဲ့ခေတ်ပါ။ ချစ်စရာကောင်းတဲ့ ကြောင်လေးတစ်ကောင်ရှိထားရင် သူနဲ့အတူ ဓါတ်ပုံမျိုးစုံရိုက်ရတာနဲ့တင် အပျင်းပြေရပါတယ်။ များသောအားဖြင့် ချစ်ဖို့ကောင်းတဲ့ပုံစံလေးတွေဖမ်းပြီး ပုံတွေရိုက်၊ ပုံတွေတင်ရာကနေ အများအမြင်မှာတော့ ဆယ်လီနီးပါး ဖြစ်နေရတာမျိုးတွေလည်း ရှိတတ်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top