iMyanmarHouse.com - Best Property Website for Myanmar
×

ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက် တွဲတယ်ဆိုတာ ပျော်ဖို့ ကောင်းသလို စိတ်ဝင်စားဖို့ ကောင်းတာလည်း မှန်ပါတယ်။ ဒါပေမယ့်လည်း အဓိပ္ပာယ်ရှိတဲ့ အချစ်ရေး တစ်ခုကတော့ ယောကျာင်္းလေးကိုရော ၊ မိန်းကလေးကိုပါ ရင့်ကျက်ခြင်း ၊ ကိုယ်တိုင် သတိရှိခြင်း စတဲ့ ကောင်းကျိုးတွေကို ပေးစွမ်းရင်း တည်ဆောက်ဖြစ်တည်လာတာပါ။ အဓိပ္ပာယ်ရှိတဲ့ အချစ်ရေးတစ်ခုဟာ သင့်ဘ၀ကိုလည်း နည်းလမ်းပေါင်းစုံနဲ့ ပိုမိုကောင်းမွန်လာစေပါလိမ့်မယ်။ ဘာကြောင့်ဆိုတာကို ပြောပြပါမယ်။

၁။ ကိုယ့်ကိုကိုယ် လေးလေးနက်နက်တွေးတတ်လာတယ်

အချစ်ရေးတစ်ခုကို ရှေရှည်တည်တံ့ဖို့ တည်ဆောက်မယ်ဆိုရင် ဝေမျှခြင်း ၊ နားလည်ခြင်း ၊ အားပေး ထောက်ခံခြင်း ၊ သံယောဇဉ် ၊ ချစ်ခြင်းမေတ္တာ စသဖြင့် လိုအပ်တဲ့အရာတွေ ရှိလာပါတယ်။ ဒီအရာတွေကို ကိုယ့်ချစ်သူကို ပေးနိုင်ဖို့အတွက်တော့ ကိုယ့်ကိုကိုယ် အရင်ဆုံး ပြန်လည် ဆန်းစစ်ရပါတယ်။ သင့်ကို အကောင်းမြင်စိတ်တွေ ရှိလာစေပါတယ်။ အရာရာကို လေးလေးနက်နက် တွေးတတ်လာစေပါတယ်။

၂။ မိမိကိုယ်ကို တန်ဖိုးထားတတ်လာမယ်

အဓိပ္ပာယ်ရှိတဲ့ အချစ်ရေး တစ်ခုဟာ သင့်ကို ပိုမိုသန်မာလာစေပါတယ်။ သင်ပြောသမျှ နားထောင်ပေးမယ့်သူ ၊ နားလည်ပေးမယ်သူ ၊ ယုံကြည်ပေးမယ့်သူ ၊ အားပေးမယ့်သူ တစ်ယောက်ရှိနေတယ်ဆိုတဲ့ အသိက သင့်ကို ပိုပြီး အောင်မြင်လာစေပါတယ်။ သင်ဟာလည်း သူ့အတွက် အလားတူ ဆက်ဆံတဲ့အခါမှာ သူ့ဘက်က လည်း သင့်တန်ဖိုးကို သိလာမယ်။ အဲဒီအခါမှာ သင်ဟာလည်း ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်လာမှာ သေချာပါတယ်။

၃။ သင့်ရဲ့  စိတ်ဖိစီးမှုတွေ ကို လျော့ကျစေပါတယ်

အချစ်ရေး တစ်ခုကို စတင်တည်ဆောက်တဲ့အခါမှာ စိတ်ဖိစီးမှုတွေ ကတော့ ရှိကိုရှိပါတယ်။ ဒါပေမယ့် အဓိပ္ပာယ်ရှိတဲ့ အချစ်ရေး တစ်ခုအသွင် ပြောင်းလဲလာပြီးတဲ့နောက်ပိုင်းမှာတော့ သင့်ခေါင်းထဲရောက်နေတဲ့ အလုပ်က စိတ်ဖိစီးမှုတွေ ၊ အခြားလူမှုရေး စိတ်ဖိစီးမှုတွေ သည်ပင် သင့်အချစ်ရေးကြောင့် အလိုလို လျော့ကျသွားပါတယ်။

၎။ အကောင်းမြင်စိတ် အပြည့်ရှိလာစေပါတယ်

ကိုယ့်လက်တွဲဖော်နဲ့အတူ အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေး တစ်ခု ရှိနေခြင်းဟာ သင့်ကို ယေဘူယျအားဖြင့် အကောင်းမြင်စိတ်ရှိလာစေပါတယ်။ ချစ်သူရည်းစားနဲ့ အဆင်ပြေနေရင် ကိုယ့်စိတ်လည်း အဆင်ပြေနေပါတယ်။ အကောင်းမြင်နေပါတယ်။ ဒီသဘောပါပဲ။

၅။ ကျန်းမာရေးလည်း ပိုမိုကောင်းမွန်လာပါတယ်

စိတ်ဖိစီးမှုတွေ လျော့ကျလာတဲ့နောက် ၊ အကောင်းမြင်စိတ်တွေ များလာတဲ့နောက် သင့်ရဲ့  ကျန်းမာရေးဟာလည်း အလွန်ကောင်းမွန်လာမှာပါ။ သင်တို့ နှစ်ယောက်အတူရှိနေချိန်မှာ ဘာစားစား အရသာ ရှိနေမှာပါ။ ဘာလုပ်လုပ် ပျော်ရွှင်နေမိမှာပါ။

အဓိပ္ပာယ် ပြည့်ဝတဲ့ အချစ်ရေး တစ်ခုဟာ သင့်ဘ၀ကို တစ်ကယ်တမ်း ပြောင်းလဲပေးနိုင်သလို သင့်ကို ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်လည်းဖြစ်လာစေပါတယ်။ အဲဒါတွေအားလုံးဟာလည်း သင်နဲ့ သင့်ချစ်သူရဲ့  ကြားက ဆက်ဆံရေး အပေါ်မူတည်နေပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top