iMyanmarHouse.com - Best Property Website for Myanmar
×

၁။ အခြေအနေကိုရှောင်မထွက်ပါနဲ့

ဒီလိုကြုံလာတဲ့အခြေအနေကို ရှောင်နိုင်သမျှရှောင်မယ်လို့ မတွေးပါနဲ့။ ဒီလိုပြဿနာကရှောင်မှ ပိုဆိုးနိုင်ပါတယ်။

၂။ မှားယွင်းနေတဲ့အရာကို သိအောင်လုပ်ပါ

ချစ်သူကိုလည်း ဘာကိုမကြိုက်တာလဲ၊ ဘယ်လိုဖြစ်ချင်တာလဲမေးဖို့လိုသလို သူငယ်ချင်းတွေကိုလည်း အလားတူမေးမြန်းပြောဆိုဖို့လိုပါတယ်။

၃။ ဖြေရှင်း

တကယ်လို့နားလည်မှုလွဲနေတာမျိုးတွေ၊ ဖြေရှင်းဖို့လိုနေတာမျိုးတွေဆို ကြားကနေ အကောင်းဆုံးဖြေရှင်းပေးပါ။

၎။ ဖိအားမပေးနဲ့

ကိုယ်ကအဆင်ပြေစေချင်တာပဲသိပြီး အတင်းကြီးတွေ့ခိုင်း၊ အတင်းကြီးညှိယူတာမျိုးတော့ မလုပ်မိပါစေနဲ့။ အဲ့တာက ပိုဆိုးသွားစေနိုင်ပါတယ်။

၅။ သူငယ်ချင်းတွေကိုမပြောဖို့

အဓိကက ကိုယ့်သူငယ်ချင်းတွေကို ကိုယ့်ချစ်သူက သူတို့ကိုကြည့်မရကြောင်းမပြောမိပါစေနဲ့။ ချစ်သူက ဘာသိသိပြဿနာမရှိပေမယ့် သူငယ်ချင်းတွေဆိုတာ ကိုယ်ချစ်သူရနေကတည်းက သ၀န်တိုကောင်းတိုနေမှာပါ။

၆။ ချစ်သူကောင်လေးကိုပြောပြ

ဒီလိုအခြေအနေအပေါ်မှာ သင်ဘယ်လိုခံစားရလဲဆိုတာကိုတော့ သင့်ချစ်သူကို သေသေချာချာပြောပြဖို့လိုပါတယ်။ ဒါမှ သူလည်းကိုယ့်ကို ကိုယ်ချင်းစာပြီး နားလည်ပေးလာနိုင်မှာလေ။

၇။ သူငယ်ချင်းတွေကိုပစ်ပြီး သူ့ကိုရွေးတာမျိုး

အဲ့လိုမျိုးတော့ လုံးဝမဖြစ်ပါစေနဲ့။ သူငယ်ချင်းတွေ အဲ့လိုခံစားရအောင်လည်း မလုပ်မိပါစေနဲ့။ ချစ်သူက အရေးဘယ်လောက်ကြီးကြီး သူငယ်ချင်းတွေမရှိရင် ရပ်တည်လို့ရတဲ့သူဆိုတာ ခပ်ရှားရှားပါ။

၈။ လွှတ်ပေးလိုက်ပါ

တကယ်လို့ ဘယ်လိုမှညှိလို့မရတော့ရင်တော့ ကိုယ့်အတွက် ဘယ်သူက ပိုအရေးပါနေပြီလဲ၊ ပိုအရေးပါနိုင်လဲဆိုတာကို သေသေချာချာစဉ်းစားပြီး ကျန်တဲ့သူကိုတော့ ခပ်ခွာခွာနေပြီး လွှတ်ထားပေးလိုက်ပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top