iMyanmarHouse.com - Best Property Website for Myanmar
×

သင့်အချစ်ရေးမှာ အဆင်မပြေတာတွေ သိပ်များနေတယ်လို့ ခံစားနေရပါသလား။ သင့်စိတ်ထဲမှာ တစ်ခုခုကို ဆုံးဖြတ်ချက် ချသင့်နေပြီလို့ ထင်ပေမယ့် ဒါဟာ တကယ်လုပ်သင့်မလုပ်သင့် ပြန်ချင့်ချိန်စဉ်းစားနေရပါသလား။ ခု အောက်မှာ ဖော်ပြပေးမယ့် အချက်တွေအတိုင်း သင့်အချစ်ရေးမှာ ကြုံနေရပြီဆိုရင်တော့ သင်ဟာ လက်ရှိ သင့်လက်တွဲဖော်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ အနာဂတ်မျိုး ပိုင်ဆိုင်ဖို့ မသေချာတော့တာမို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချဖို့ အချိန်လို့ ပြောပါရစေ။

၁။ တစ်ယောက်နဲ့တစ်ယောက် အရင်လို ကိုယ့်အကြောင်း သူ့အကြောင်းတွေ မပြောဖြစ်တော့ဘူး။ တစ်နေ့စာတစ်နေ့တောင် သူဘာတွေလုပ်တယ်။ ကိုယ်ဘာတွေလုပ်တယ်ဆိုတာ အချင်းချင်း မပြောဖြစ်တော့ဘူး။

၂။ နှစ်ယောက်တည်း အတူရှိဖို့ဆိုတာ အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု မဟုတ်တော့တာကြာပြီ။

၃။သင်တို့ နှစ်ယောက်ထဲက တစ်ယောက်၊ ဒါမှမဟုတ် နှစ်ယောက်စလုံးမှာ ကိုယ့်ချစ်သူ ရည်းစားထက် ပိုရင်ဖွင့်ဖြစ်တဲ့ အလုပ်က လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ကျောင်းက သူငယ်ချင်း ရှိနေပြီ။ ကိုယ့်ချစ်သူကို မပြောဖြစ်တာတွေ သူ့ကို အကုန်ပြောဖြစ်တဲ့အထိကို ဖြစ်နေပြီ။

၎။ပြသနာတစ်ခုတည်းကိုပဲ ထပ်ခါ ထပ်ခါ ဖြေရှင်းနေကြရတယ်။

၅။ကိုယ့်အချစ်ရေးကို မိသားစု၊ သူငယ်ချင်းတွေကို ပြောပြတဲ့အခါ သူတို့တွေက ဖြစ်နေတဲ့ အခြေအနေတွေကို သဘောမကျကြဘူး။ တစ်ခုခုစဉ်းစားဖို့ ပြောလာကြပြီ။

၆။ ကိုယ့်ချစ်သူကို အမြဲတမ်းပဲ သံသယ၀င်နေမိတယ်။

၇။နှစ်ယောက်စလုံး ခံစားနေရတာက အရင်တုန်းကလိုလည်း မဟုတ်ကြတော့ဘူး ဆိုတာပဲ။ ဘာတွေပြောင်းလဲကုန်ပြီလဲလို့ အဖြေရှာမရနိုင်ဖြစ်နေတယ်။

၈။ ကိုယ့်ဘက်ကရော၊ သူ့ဘက်ကပါ ဂရုတစိုက်ဆိုတာမျိုး မရှိတော့ဘူး။

၉။ ဒီအချစ်ရေးအတွက် ကိုယ်လုပ်နိုင်သမျှ တတ်နိုင်သမျှ အားလုံးလုပ်ခဲ့ပြီးပြီလို့ ခံစားနေရတယ်။

၁၀။ သူမရှိရင် ငါဘယ်လိုနေမလဲ ဆိုတာမျိုး မကြာခဏတွေးတတ်နေပြီ။

၁၁။ တစ်ယောက်နဲ့တစ်ယောက် အနာဂတ်မှာ ဘယ်လိုဆိုတာမျိုး မပြောဖြစ်တော့ဘူး။ မစဉ်းစားဖြစ်ကြတော့ဘူး။

၁၂။သူနဲ့အရင်က နေ့တိုင်း အနည်းဆုံး နှစ်ရက်တစ်ခါလောက် တွေ့ဖြစ်ပေမယ့် ခုတော့ တစ်ပတ်တစ်ခါတွေ့ရလည်း ဘာမှမဖြစ်၊ ဆယ်ရက်တစ်ခါဆိုလည်း သင့်ဘက်က ဘာမှ မခံစားရတော့သလို ဖြစ်လာခဲ့ပြီ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top