iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသားတွေရဲ့ ဖက်ရှင်၊ စတိုင်တွေနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ မကြိုက်တဲ့ပုံစံတွေ သပ်သပ်ရှိနေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းမတူကြဘူးဆိုပေမယ့် မိန်းကလေးအများစု မနှစ်သက်တဲ့ အမျိုးသားပုံစံတစ်ချို့ကတော့ တူညီနေတတ်ပါတယ်။ အဲ့ဒါတွေကတော့

၁)ဆံပင်အလှဆင် အသုံးအဆောင်တွေကို ချစ်သူကောင်မလေးထက် ပိုသုံးခြင်းက ကောင်မလေးကို စိတ်ပျက်စေနိုင်ပါတယ်။

မိန်းကလေးအများစုက သူတို့ ရဲ့ ချစ်သူဆံပင်ကို ပွတ်သပ်ပေးရာမှာ လက်ကိုမထိခိုက် မညစ်ပတ်စေလိုပါဘူး။ ဒီတော့ ဆံပင်လိမ်းအဆီ၊ ဝက်စ်၊ Hair Spray တွေကိုလိုတာထက်လျှော့သုံးပါ။

၂)မုတ်ဆိတ်မွေးတွေ အရှည်ကြီးထားတာမျိုး မကြိုက်ကြပါဘူး။

မုတ်ဆိတ်မွှေး ထားတာလည်း ထားပါ။ ဒါပေမယ့် မုတ်ဆိတ်မွေးကို ဆံပင်ထက်ရှည် အောင်ထားဖို့ တော့ မလိုပါဘူး။ အဲ့ဒီလောက် အရှည်ကြီးထားထားပြီဆိုရင်တော့ ဘယ်မိန်းကလေးမှ ကိုယ်နဲ့အတူ လမ်းပေါ်ထွက်ချင်ကြမှာ မဟုတ်ဘူးလေနော်။

၃)ခေါင်းကို နှစ်ပတ်တစ်ခါတောင် လျှော်ချင်မှ လျှော်တဲ့ကောင်လေးမျိုး ဘယ်သူစိတ်ဝင်စားမှာလဲ။

 ဆံပင် ပုံစံဖိုသီဖတ်သီနဲ့  ခေါင်းမလျှော်ရသေးတဲ့ ပုံစံမျိုးက ကောင်မလေးတွေ တော်တော်များများကို ဆွဲဆောင်စေနိုင်ပါတယ်။ ဒါပေမယ့် တကယ်ခေါင်းမလျှော်ထားရင်တော့ ဘယ်ကောင်မလေးကမှ အနားကပ်ချင်မှာမဟုတ်ပါဘူး။

၎)ကောင်မလေးတွေထက် ပိုမိုပြင်ဆင်ထားတဲ့ ဆံပင်၊ highlight ၊ ကာလာဆိုးထားတဲ့ဆံပင်မျိုးနဲ့ ယောင်္ကျားမျိုးကိုလည်း ရှောင်ကြပါလိမ့်မယ်။

ကြောင်ကြောင်ကျားကျားနဲ့  ဆံပင် ပြောင်ဆင်းနေတဲ့ ပုံစံမျိုး၊ ဆံပင်ကို ခရမ်းတွေ၊ အပြာ၊ အစိမ်းတွေ တောက်နေအောင် ဆိုးထားပြီဆိုရင်တော့ သင့်ကို စိတ်ဝင်စားနေတဲ့ ကောင်မလေးတောင် သင့်အနားမကပ်ချင်လောက်တော့ပါဘူး။ အဲ့လောက်ကြီးတော့ မလုပ်ပြပါနဲ့။

၅)ပြောင်နေတဲ့ ထိပ်ကို အရွဲ့တိုက်ပြီး အပိုတွေလုပ်တတ်တဲ့လူမျိုး သူတို့ဘယ်ကြိုက်လမ့်မလဲ။

ထိပ်ပြောင်နေလို့ အရွဲ့ တိုက်ပြီး ဆံပင်အရှည်ထားတာမျိုးဟာ မိန်းကလေးတွေ အမြင်မှာ ရွံဖို့ ကောင်းပါတယ်။ ဒီတော့ ဆံပင် အတိုနဲ့ ပဲနေလိုက်ပါ။ ဒါမှ မဟုတ် ကတုံးအပြောင် ရိတ်လိုက်ပါ။ ပိုခန့် ညားစေပါတယ်။


Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top