iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့်ရဲ့ ချစ်သူအသစ်၊ အချစ်သစ်လေးကို မွေးခါစကလေးလေး တစ်ယောက်လို့ တွေးရမယ့် အခြေအနေများ ဖြစ်နေပြီလား။ ဟုတ်ပါတယ်။ တွေးကိုတွေးရမှာပါပဲ။ ရက် ၁၆၀တောင်မှ ဖေ့စ်ဘွတ်ခ်ပေါ် ဓာတ်ပုံတွေ ပို့စ်တွေ ဘာမှမတင်ပဲ ငြိမ်ငြိမ်လေးနေရမယ်ဆိုတော့ သက်ပြင်းချစရာပေါ့။ ဘယ်သူမဆို ကိုယ့်ချစ်သူ ဘယ်သူဆိုပြီး နည်းနည်းတော့ ပြောချင်ကြတာပဲလေ။

ခုလို ဘာ့ကြောင့် ခြောက်လထိ တွဲပြီးမှ လူသိခံရမလဲဆိုတဲ့ အပိုင်းမှာ ပထမဆုံးအချက်ကတော့ ဒီခြောက်လအတွင်းမှာတင် ပြတ်သွားတတ်တဲ့ အတွဲတွေ အများကြီးမို့လို့ပါ။ တစ်ချို့လူတွေက အပျော်သဘောမျိုးနဲ့ ကိုယ့်ကို ချဉ်းကပ်လာတာမျိုး ရှိတတ်သလို၊ ကြောရုံကြံဖို့လည်း ရှိပါတယ်။ တစ်ချို့ကျတော့လည်း ကိုယ်ထင်ထားတာက တစ်မျိုး၊ တွဲကြည့်တော့မှ ဘယ်လိုမှ ဆက်တွဲဖို့ အဆင်မပြေတော့တာမျိုးတွေ ရှိတတ်ပြန်ပါတယ်။ ဒီတော့ ခြောက်လပြည့်တဲ့အထိ သူနဲ့ကိုယ် အဆင်ပြေပြေလေး ရှိနေသေးတယ်ဆိုရင် သင်ဟာ သူနဲ့ဆက်တွဲသွားဖို့ ကျိန်းသေပြီမို့ အဲ့ဒီအချိန် သင့်သူငယ်ချင်းတွေအားလုံးကို ပေးသိလိုက်ပါ။

ခြောက်လမပြည့်ခင် အတောအတွင်းမှာတော့ သူ့ရဲ့အခြေအနေ၊ သူ့ပတ်ဝန်းကျင်အနေအထားနဲ့ အကျင့်စရိုက်စတာတွေကိုသာ သေချာလေ့လာနေလိုက်တာ ကောင်းပါတယ်။ မဟုတ်ရင် ရည်းစားရရချင်း အားလုံးသိသွားအောင် facebook ပေါ် တင်ပြီးကာစရှိသေး၊ နှစ်ဦးသား ခွာပြဲသွားတယ်ဆိုရင်တော့ သင့်ရဲ့သိက္ခာနဲ့ ခံစားချက်တွေကို နာကျင်စေပါလိ့မ်မယ်။

ဒါ့အပြင် စတွဲခါစ နှစ်ဦးသား သံယောဇဉ်မခိုင်သေးခင် ပုံတွေတင်မယ်၊ ပို့စ်တွေတင်မယ်ဆို သင်တို့နှစ်ဦးကို သဘောကျကြ၊ ချစ်ခင်ကြသူတွေက ၀ိုင်းပြီး သဘောတူနေကြပေမယ့်  မနာလိုသူတွေ၊ သူ့အရင်ရည်းစားတွေ၊ သင်တွဲဖူးခဲ့တဲ့သူတွေကတော့ ဒါကို ဖျက်လိုဖျက်စီး ပြောကြဆိုကြပါလိမ့်မယ်။ ဒီတော့ သင်တို့နှစ်ဦးတွဲတဲ့အချိန် နည်းနေသေးရင် တစ်ယောက်အကြောင်း တစ်ယောက်သိပ်မသိသေးတဲ့အတွက် သူတို့ ပြောတာတွေက ဟုတ်များဟုတ်သလားဆိုတဲ့ သံသယတွေ ၀င်သွားနိုင်ပါတယ်။

ဒီတော့ နှစ်ဦးသား သံယောဇဉ်ကြိုးမြဲပြီး တစ်ယောက်အကြောင်း တစ်ယောက်သေချာသိပြီ၊ ယုံနိုင်ပြီဆိုမှသာ သင်တို့နှစ်ဦးရဲ့ အချစ်ရေးကို သူတစ်ပါးကို ပေးသိလိုက်ပါ။



Credit:Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top