iMyanmarHouse.com - Best Property Website for Myanmar
×

ဂျင်းမျိုးစုထဲ ပါဝင်တဲ့ နနွင်းဟာ အပူပိုင်းဒေသ တောင်အာရုမှာ အများဆုံးတွေ့ရပြီး သူ့ရဲ့အနည်းငယ် ခါးသက်သက်အရသာနဲ့ ငရုတ်ကောင်းကဲ့သို့ အရသာကြောင့် လူသိများပါတယ်။ သူက အစားအစာတွေ ချက်ပြုတ်ပြင်ဆင်ရာမှာ လူသိများထင်ရှားတဲ့ ပါဝင်ပစ္စည်း တစ်ခုဖြစ်ပြီး အရောင်တင်ဆေးအဖြစ်နဲ့လည်း အသုံးပြုပါတယ်။ နနွင်းမှာ ကျန်းမာရေးအကျိုးကျေးဇူး တစ်ပြုံတစ်ခေါင်းကြီး ရှိနေပါတယ်။

ရောင်ရမ်းနာကျင်ကိုက်ခဲမှုပျောက်ကင်းစေသတ္တိတွေပါဝင်တဲ့ နနွင်းဟာ သဘာဝ ပိုးသတ်ဆေးနဲ့ ဘက်တီးရီးယားကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ထိရှရာ၊ မီးလောင်ဒဏ်ရာနဲ့ အနာတွေပေါ် လိမ်းရန် အလွန်ကောင်းမွန်ပါတယ်။ နနွင်းမှုန့်အနည်းငယ်ကို နို့နွေးနွေးလေး (၁) ခွက်ထဲ ရောစပ်ပြီး ညအချိန်မှာ သောက်ပါ။ သဘာဝအသည်းသန့်စင်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးလို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှု ကာကွယ်၊ နှေးကွေးစေတယ်လို့လည်း လေ့လာမှုတချို့က ဖော်ပြခဲ့ပါတယ်။ ဇီဝဖြစ်စဉ် တိုးတက်ကောင်းမွန်စေကြောင်းလည်း သိရပါတယ်။ ကြမ်းထော်တဲ့ အနီပိန့်ထခြင်းစတဲ့ အရေပြားရောဂါတွေကိုလည်း နနွင်းအသုံးပြုကုသနိုင်ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top