iMyanmarHouse.com - Best Property Website for Myanmar
×

မေးစေ့ဆားဝက်ခြံတွေက တင်းတိပ်နဲ့ ဝက်ခြံတွေကဲ့သို့ အဖြစ်များပါတယ်။ ဆားဝက်ခြံဆိုတာ နှာခေါင်းနဲ့ မေးစေ့လို နေရာတွေမှာ ဖြစ်ပေါ်တဲ့ အဖုသေးသေးလေးတွေ ဖြစ်ပါတယ်။ မေးစေ့နေရာမှာ ဒီအဖုလေးတွေ ပေါ်လွင်ထင်ရှားပြီး ပိုကြီးပါတယ်။ ဒီမေးစေ့ဆားဝက်ခြံတွေဟာ စိတ်အနှောင့်အယှက် တကယ် ဖြစ်စေပြီး အသားအရေရဲ့ အလှအပကို ပျက်စီးစေနိုင်ပါတယ်။ ဒါကို မိတ်ကပ်သုံးပြီး ဖုံးဖိလို့ မရပါဘူး။ ဖုံးဖိဖို့ ကြိုးစားပါက ပြသနာ ပိုဖြစ်စေနိုင်ပါတယ်။ ချွေးပေါက်ပိတ်စေတဲ့ အရာတွေ ပြုမိပါက ဆားဝက်ခြံတွေ ပိုထွက်လာပါလိမ့်မယ်။

မေးစေ့ပေါ်က ဆားဝက်ခြံဖယ်ရှားနည်းတွေက. . .

·         ညင်သာစွာ သန့်ရှင်းပေးခြင်းနဲ့ အရေပြားဆဲလ်သေများ နေ့တိုင်း ဖယ်ရှားပေးခြင်းက ချွေးပေါက်အတွင်း အညစ်အကြေး မရှိအောင် တားဆီးပေးပါတယ်။

·         ချွေးပေါက်ပွင့်စေဖို့အတွက် အနည်းဆုံး ၁၀ မိနစ်ကြာ ရေနွေးထည့်ထားတဲ့ ဇလုံပေါ် ခေါင်းငုံ့ မျက်နှာရေနွေးငွေ့ ရိုက်ပေးပါ။

·         ဆားဝက်ခြံ အတင်းအဓ္ဓမ ဖယ်ရှားခြင်း (သို့) တိုက်ချွတ်ခြင်းစတာတွေ ဘယ်တော့မှ အလွန်အကျွံမလုပ်ပါနဲ့။

·         ပင်လယ်ဆားက မေးစေ့ဆားဝက်ခြံကို ဖယ်ရှားပေးနိုင်ပါတယ်။

·         အသားအရေ ပိုမို ကြည်လင်သန့်ရှင်းစေဖို့ ဗီတာမင် - စီ အလုံအလောက် အမြဲစားသုံးပါ။

·         ဖြစ်တဲ့နေရာမှာ လိမ္မော်သီးခွံ သို့မဟုတ် ကြိတ်ထားတဲ့ အနှစ်အခဲပျော့ လိမ်းပြီး အနည်းဆုံး ၁၅ မိနစ်ထားပေးပါ။

·         အရေပြားမှာ ရှားစောင်းလက်ပတ်လိမ်းပေးခြင်းကလည်း မေးစေ့ဆားဝက်ခြံပျောက်ကင်းအောင် ကုသရာမှာ အင်မတန်ထိရောက်ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top