iMyanmarHouse.com - Best Property Website for Myanmar
×

ကင်ဆာရောဂါကြောင့် သေဆုံးမှု ၆၀ ရာခိုင်နှုန်းကို ကျန်းမာရေးနဲ့ ပိုမိုညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲ ကျင့်သုံးခြင်းဖြင့် ကာကွယ်တားဆီးနိုင်ကြောင်း သုတေသနပညာရှင်များ ယုံကြည်ထားပါတယ်။ မိမိနေ့စဉ် လှုပ်ရှားမှုကို ဒီကင်ဆာရောဂါ ခုခံတိုက်ဖျက်ပေးတဲ့ အစားအစာများနဲ့ လည်ပတ်စေဖို့ လိုပါတယ်။

ကိုက်လံ

ကိုက်လံမှာ lutein နဲ့ beta-carotene (ဗီတာမင်-အေ လို့လည်းခေါ်တယ်) တွေပါဝင်ပြီး ရင်သားကင်ဆာကို ကာကွယ်ပေးပါတယ်။

လက်ဖက်ခြောက်

လက်ဖက်ခြောက်မှာတွေ့ရတဲ့ အစွမ်းထက် antioxidant တွေက ရင်သား၊ ပရော့စတိတ်၊ အူမကြီး၊ အစာအိမ်နဲ့ အရေပြားကင်ဆာတွေ ကာကွယ်ပေးကြောင်း သိပ္ပံနည်းကျ အထောက်အထားမှာ ဖော်ပြထားပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ရင်သား၊ အဆုတ်နဲ့ အစာအိမ်ကင်ဆာရောဂါ ကာကွယ်ပေးတဲ့ lycopene အန်တီအောက်စီဒင် ပါဝင်ပါတယ်။ ချက်ပြုတ်ပြင်ဆင်ပြီးတဲ့ ခရမ်းချဉ်သီးနဲ့ စားမြိန်ရည်၊ စည်သွပ်ခရမ်းချဉ်သီးဗူး၊ ခရမ်းချဉ်သီးစွပ်ပြုတ်စတဲ့ ခရမ်းချဉ်သီးထုတ်ကုန်ပစ္စည်းတွေမှာ သာမန်ခရမ်းချဉ်သီးထက် lycopene ပိုများပါတယ်။

ဂေါ်ဖီထုပ်မျိုးဝင် ဟင်းသီးဟင်းရွက်များ

ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်းစတဲ့ ဂေါ်ဖီထုပ်မျိုးဝင် ဟင်းသီးဟင်းရွက်တွေမှာ ကင်ဆာရောဂါအန္တရာယ် လျော့နည်းစေတဲ့ အန်တီအောင်စီဒင်းတွေ ပါဝင်တယ်။

ဝိုင်နီ

Resveratrol လို့ခေါ်တဲ့ အန်တီအောက်စီဒင်းတွေဟာ ကပ္ပါယ်အိတ်၊ အရေပြားနဲ့ ရင်သားကင်ဆာ ကာကွယ်ပေးကြောင်း တွေ့ရပါတယ်။ အမျိုးသမီးများအတွက် တစ်နေ့ ၅ အောင်စဖန်ခွက် (၁) ခွက်နဲ့ အမျိုးသားများအတွက် (၂) ခွက်သောက်ပေးဖို့ အကြံပြုထားပါတယ်။

အခွံမာသီးများ

မက်မွန်သီး၊ သစ်ကြားသီး၊ သစ်အယ်သီးစတဲ့ အခွံမာအသီးတွေမှာ ကင်ဆာရောဂါ အမျိုးအစားတချို့ကာကွယ်ပေးတဲ့ ဗီတာမင်-အီး ပါဝင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ တွေ့ရတဲ့ ပါဝင်ပစ္စည်းတချို့က အစာအိမ်၊ အူမကြီး၊ အစာပြွန်၊ သရက်ရွက်၊ အရေပြား၊ အဆုတ်နဲ့ ရင်သားကင်ဆာတွေ ကာကွယ်ပေးတယ်။ ကြက်သွန်ဖြူအမြွှာလေးတွေ ထုခြေလိုက်တဲ့အခါ ယင်းဒြပ်ပေါင်းမှု ဖြစ်ပေါ်ပါတယ်။

သံပုရာမျိုးဝင် အသီးများ

လိမ္မော်သီး၊ သံပုယိုသီး၊ သံပုရာသီးနဲ့ ရှောက်ခါးသီးကြီးတွေမှာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်ပျက်စီးမှု ဟန့်တားပေးတဲ့ ဗီတာမင်-စီ များစွာ ပါဝင်ပါတယ်။



Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top