iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဦးစွာ ပြောချင်တာက

ကျနော် လူပျို တစ်ယောက်ပါ

အိမ်ထောင်မရှိသေးတဲ့ လူပျို

အတွေ့အကြုံနည်းနည်းကော များများပါရှိတဲ့ လူပျို

ယောင်္ကျားကောင်းရင် မောင်းမတစ်ထောင်ဆိုတာ

စွတ်ယုံတဲ့ လူပျို

သံသယလုံးဝမရှိလိုက်နဲ့ အားလုံးသတ်မှတ်ထားတဲ့ လူပျို

ကျနော့် လူပျို ဘ၀စကတည်းက

အတွေ့အကြုံတွေ သင်ခဲ့တယ်

ရည်းစားတွေထား

ချစ်တင်းလည်း နှီးနှောပေါ့

ကျနော် တွဲခဲ့သမျှတွေက

တကယ့် အလန်းဇယားတွေ

အိပ်လို့ အဆင်ပြေတယ်

စားလို့ အဆင်ပြေတယ်

သွားလို့ အဆင်ပြေတယ်

အဆင်သိပ်မပြေလာရင် ဖြတ်လိုက်တယ်

အေးဆေးပေါ့

ကျနော်က လူပျိုလေ

လူပျိုဆိုတော့ ထိုက်တန်ရာကိုပဲ လိုချင်တယ်

ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားတယ်

ကျနော် လူပျိုပဲ

အိပ်ရာခင်းတွေ တစ်ခုပြီးတစ်ခု လျှော်လိုက်တယ်

ကျနော် လူပျိုပဲ

ကျနော် နဲ့ အိပ်ဖူးတာလေးတွေသာ အပျိုမဖြစ်တော့တာ

ကျနော် လူပျိုပဲ

ကျနော့် အပေါင်းအသင်းတွေနဲ့

ကျနော့ ပါတ်ဝန်းကျင်ကလည်းပြောတယ်

ကျနော် လူပျိုတဲ့

ကျနော့ ရည်းစားတွေ အပျိုမဖြစ်တော့မှန်း သူတို့သိလည်း

ကျနော် လူပျိုတဲ့

ကျနော်နဲ့ အကြာကြီးတွဲခဲ့တဲ့ မိန်းကလေးတွေဆိုရင်

တွဲတဲ့သူ မရှိတော့ဘူး

အပျို မဟုတ်တော့လို့တဲ့လေ

ကျနော့တော့ တွဲမယ့်သူတွေ အဆင်သင့်

လူပျိုလေ လူပျိုကိုးးး

အပျိုမဖြစ်တာနဲ့ လူပျိုဖြစ်တာနဲ့ ဘာကွာသလဲ

ဘယ်သူမှလည်း မသိချင်ကြဘူး

ကျနော်လည်း ပွင့်လွင်းစွာဝန်ခံရရင် မသိချင်ဘူး

နည်းနည်းလွဲလည်း ကောင်းတယ်

များများလွဲလည်း ကောင်းတယ်ဆိုတာ

ပတ်ဝန်းကျင်လေ

လွဲလွဲပေးရတယ်

အနှိပ်ခန်းတွေ ဖာခန်းတွေသွားတာလည်း လူတွေသိတာပဲ

လူပျိုဆိုတော့ သွားမပေါ့တဲ့

ခွင့်လွှတ်ပေးတတ်ကြတယ်

ဟုတ်တယ် ဒါက လူပျိုတွေအတွက် လူ့အဖွဲ့အစည်းလေ

ကျနော် စော်ကိစ္စတွေတင်မက

မူးရူးပီး လမ်းပေါ် အန်တာ ရန်ဖြစ်တာတွေလည်း ရှိတယ်

လူပျိုလေးဆိုတော့ တခါတလေ သောက်စားတတ်မပေါ့တဲ့

လူပျိုလေ လူပျိုကိုးးး

ကျနော်က လူပျိုလေ

အိမ်ထောင်ပြုဖို့တော့ စိတ်ကူးရှိတယ်

အပျိုစင်စစ်စစ်ကိုလည်း ရှာနေတယ်

ခဏဖြစ်ဖြစ် ပျိုမှ ဖြစ်မှာ

ကျနော်က လူပျိုကိုး။



Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top