iMyanmarHouse.com - Best Property Website for Myanmar
×

ဒီလိုအတွေးမျိုး၊ သံသယမျိုးက သမီးရည်းစားတိုင်းမှာရှိတတ်ကြပါတယ်။ များသောအားဖြင့် ကိုယ့်ကိုတစ်ခါသစ္စာဖောက်သွားပြီးမှ ပြန်အဆင်ပြေသွားတဲ့အတွဲမျိုး၊ တခြားတစ်ယောက်နဲ့တွဲနေတုန်း အဲ့တစ်ယောက်ကိုသစ္စာဖောက်ပြီး ကိုယ်နဲ့လာတွဲရာကနေ မြဲနေတဲ့အတွဲမျိုးတွေမှာ အဖြစ်အများဆုံးပါ။ သူနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် ဒီအချက်တွေကို စဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်။

 ၁။ အဓိကက တခါသစ္စာဖောက်ဖူးတဲ့သူတွေကို သံသယ၀င်မယ်ဆိုရင် သူ ဒီလိုသစ္စာဖောက်ရတဲ့အကြောင်းရင်းကို သိဖို့ကြိုးစားရမှာပါ။ သဘောထားမတိုက်ဆိုင်ဘဲ ကျဉ်းထဲကြပ်ထဲရောက်လွန်းလို့ သစ္စာဖောက်မိသွားတာလား၊ အပျော်ရှာတတ်တဲ့လူမျိုးလား၊ မထင်မှတ်ဘဲသစ္စာဖောက်မိတာလား စသဖြင့် အကြောင်းရင်းပေါ်မှာမူတည်ပြီးမှ စဉ်းစားဆုံးဖြတ်ရမှာပါ။

၂။ များသောအားဖြင့်တော့ သစ္စာဖောက်ခြင်းကို သစ္စာဖောက်တယ်လို့မခံယူတတ်သူတွေကတော့ ဒီလိုလုပ်ရပ်ကို ထပ်ခါတလဲလဲလုပ်ဖို့ ထမင်းစားရေသောက်ဖြစ်နေတာ မဆန်းပါဘူး။ ရာခိုင်နှုန်းအားဖြင် တစ်ခါသစ္စာဖောက်ဖူးတဲ့သူတွေရဲ့ ၁၀၀ မှာ ၆၅ရာခိုင်နှုန်းလောက်ဟာ နောက်တစ်ခါသစ္စာဖောက်လေ့ရှိနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

၃။ နောက်တစ်ခုကတော့ သစ္စာတရားပေါ်မှာထားတဲ့ ခံယူချက်ပါ။ လူ့စိတ်နဲ့ ကိုယ်မှာ ကိုယ်ပါမှ သစ္စာဖောက်တယ်လို့သတ်မှတ်တာလား၊ စိတ်ထဲကသစ္စာဖောက်နေမလားဆိုတာကို ကိုယ်ကဘယ်လိုသတ်မှတ်ချင်တာလဲ ကိုယ့်ကိုယ်ကိုဆန်းစစ်ရမှာပါ။

၎။ အဆိုးဝါးဆုံးဖြစ်နိုင်တာကတော့ ကိုယ်နဲ့တွဲနေရင်း သစ္စာဖောက်သွားဖူးတဲ့ချစ်သူမျိုးကို ပြန်လက်ခံနားလည်ပေးပြီး တွဲနေရာကနေ ထပ်သစ္စာဖောက်မလားလို့တွေးပူနေရတာပါပဲ။ အဲ့လိုလူမျိုးကတော့ ကိုယ့်အပေါ်သစ္စာထပ်ဖောက်ဖို့ ဖြစ်နိုင်ချေအများဆုံးပါ။ သူ့ကိုခွင့်လွှတ်နိုင်မယ်မှန်းသိထားလို့လေ။ နောက်ပြီး တခြားလူတွေပေါ်သစ္စာဖောက်ဖူးတဲ့သူကို ကိုယ်နဲ့သစ္စာမဖောက်လောက်တော့ပါဘူးဆိုတဲ့ မျှော်လင့်ချက်မျိုးထားမိတာကလည်း တကယ်တမ်းသိပ်ယုတ္တိမရှိလှပါဘူး။ အဓိကကတော့ ကိုယ်က သစ္စာဖောက်ဖူးတဲ့သူကို သစ္စာရှိတဲ့သူဖြစ်လာအောင် စွမ်းဆောင်နိုင်တဲ့သူမျိုးမဟုတ်ရင် အမြဲရင်ပူနေရမှာ သေချာပါတယ်။



Credit : Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top