iMyanmarHouse.com - Best Property Website for Myanmar
×

အချစ်ရေးတစ်ခုမှာ မိန်းကလေးဘက်မှ ခြေလှမ်းစလှမ်းတဲ့အခါ အမျိုးသားတွေ ဒါကို သဘောကျနှစ်သက်ကြကြောင်း dating app စစ်တမ်းတစ်ခုအရ သိရပါတယ်။ ဒါဟာ အသက် ၁၈ ကနေ ၃၀ ကြားရှိ အမျိုးသား ၄,၅၅၀ နဲ့ အမျိုးသမီး ၂,၄၅၀ အပေါ် စစ်တမ်းကောက်ယူ လေ့လာခဲ့ခြင်းဖြစ်ပါတယ်။ စစ်တမ်းကောက်ခံရသူ အမျိုးသမီး ၆၂% လောက်က လူချင်းချိန်းတွေ့ရန် အရင်ကမ်းလှမ်းခဲ့ကြောင်း ဝန်ခံကြတယ်။ အမျိုးသား ၈၈% က အမျိုးသမီးများ အဲဒီလို လုပ်လာတဲ့အခါ တကယ်သဘောကျကြောင်း ပြောဆိုကြပါတယ်။

ပထမချိန်းတွေ့မှုအတွက် ကုန်ကျစရိတ်တွေ အနည်းဆုံးတော့ အမျိုးသားတွေ ပေးဆောင်သင့်ကြောင်း ၄၅ ရာခိုင်နှုန်းသော အမျိုးသမီးတွေ ယူဆနေချိန်မှာ ကိုယ့်ပိုက်ဆံကိုယ်ထုတ်ရှင်းတာဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုလို့ အမျိုးသမီး ၅၂% ယူဆကြပါတယ်။

အမျိုးသမီး ၉၁% ရဲ့ပြောဆိုချက်အရ တီရှပ်အဖြူနဲ့ ဂျင်းဘောင်းဘီအပြာက အမျိုးသားတစ်ယောက် ဝတ်ဆင်နိုင်တဲ့ ဆွဲဆောင်မှုအရှိဆုံးအဝတ်အစားလို့ သိရပါတယ်။ ဒါလည်း အမျိုးသားတွေကြား အရမ်းလူသိများတဲ့ ရွေးချယ်မှုတစ်ခုလည်း ဖြစ်ပုံရပါတယ်။

တက်တူးထိုးတာနဲ့ ပတ်သက်ပြီး အမျိုးသား ၈၉% က တက်တူးထိုးထားတဲ့ မိန်းကလေးတွေ  hot ဖြစ်တယ်လို့ ယူဆနေချိန်မှာ အမျိုးသမီး ၈၃% ကလည်း တက်တူးထိုးထားတဲ့ အမျိုးသားတွေ ဆွဲဆောင်မှုရှိတယ်လို့ မြင်ကြပါတယ်။

အပြင်မှာ လူချင်းမတွေ့မီ သို့မဟုတ် စကားလက်ဆုံမပြောမီ လူမှုမီဒီယာပေါ် ပရိုဖိုင်ဓာတ်ပုံနဲ့ ဆဲလ်ဖီပုံတွေကို အများစုစစ်ဆေးကြည့်ရှုကြသလိုပဲ အမျိုးသမီး ၅၈% ကလည်း သူတို့ အမျိုးသားတွေနဲ့အတူ အပြင်မထွက်ခင် လူမှုမီဒီယာပေါ်က သူတို့ပို့စ်တွေ အရင်စစ်ဆေးခဲ့ကြောင်း ဝန်ခံကြပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top