iMyanmarHouse.com - Best Property Website for Myanmar
×

၁။ သင့်နှာခေါင်းက အနံ့ပေါင်း ၅၀,၀၀၀ ကို ခံစားမှတ်သားထားနိုင်ပါတယ်။

၂။ အကယ်၍ လူ့မျက်လုံးဟာ ဒစ်ဂျစ်တယ် ကင်မရာတစ်လုံး ဖြစ်ပါက 576 mega pixels အရည်အသွေးရှိ ကင်မရာ ဖြစ်ပါမယ်။

၃။ လူ့နှလုံးဟာ သက်တမ်းတစ်လျှောက် သွေးပမာဏ စည်ပီပါ ၁.၅ သန်းကို ညှစ်ထုတ်ပေးပါတယ်။

၎။ လူ့ခန္ဓာကိုယ်ရဲ့ စံချိန်တင် အမြင့်ဆုံး အပူချိန်ဟာ ၁၁၅.၇ ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပါတယ်။

၅။ သင့်ရဲ့ နားရွက်နဲ့ နှာခေါင်းဟာ ဘယ်တော့မှ ကြီးထွားမှု မရပ်ပါဘူး။

၆။ လက်သန်းမရှိခဲ့ရင် လူတစ်ယောက်ရဲ့ လက်သန်မာမှု ၅၀ ရာခိုင်နှုန်း လျော့နည်းသွားပါတယ်။

၇။ လူတစ်ယောက်ရဲ့ ပျမ်းမျှ သက်တမ်းတစ်လျှောက် ရေကူးကန်နှစ်ကန်စာ တံတွေးပမာဏ ထွက်ရှိပါတယ်။

၈။ သင့်ရဲ့ နှလုံးက ထရပ်ကား တစ်စီး မိုင် ၂၀ အကွာအဝေးကို မောင်းနှင်နိုင်တဲ့ စွမ်းအင်ပမာဏကို နေ့စဉ် ထုတ်လုပ်ပေးနိုင်ပါတယ်။

၉။ အရိုးတွေမှာ ရေပမာဏ ၃၁ ရာခိုင်နှုန်း ပါဝင်ပါတယ်။

၁၀။ အစာအိမ်ထဲမှာရှိတဲ့ အက်စစ်နဲ့ သင့်ရဲ့ အရေပြားထိတွေ့ခဲ့ရင် အရေပြားမှာ အပေါက်ဖြစ်သွားနိုင်ပါတယ်။


Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top