iMyanmarHouse.com - Best Property Website for Myanmar
×

ကညွတ်စားသင့်တဲ့ အကြောင်းရင်းပေါင်း များစွာရှိပါတယ်။ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးဖို့ လိုအပ်သလို ကျန်းမာရေးအတွက်လည်း အထူးကောင်းတဲ့ အစားအစာပါ။ အမျိုးသားတွေအနေနဲ့လည်း ကညွတ်ကို ပိုစားပေးရင် အခြားဆေးဝါးတွေ မှီဝဲဖို့တောင် မလိုတော့ပါဘူး။

၁။ ပရိုတိန်း

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်တွေ ရရှိဖို့ ကညွတ်ကို ပိုစားသင့်ပါတယ်။ မနက်စာမှာ ကြက်ဥစားသလိုပဲ ကညွတ်ကို ထည့်စားပေးရင် အားပိုရှိကာ ခန္ဓကိုယ်လည်း ပိုဖွံ့ထားစေပါတယ်။

၂။ ကျန်းမာစေ

ကညွတ်မှာ ဗီတာမင် A ၊ ဖောလစ်အက်ဆစ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်လို့ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်တဲ့ ကညွတ်ကို မမေ့လျော့သင့်ပါဘူး။

၃။ ချစ်ရေးချစ်ရာ

အမျိုးသားတွေအနေနဲ့ ချစ်ရေးချစ်ရာကိစ္စတွေမှာ အကောင်းမွန်ဆုံးဖြစ်အောင်လည်း ကညွတ်က စွမ်းဆောင်နိုင်ပါသေးတယ်။ ကညွတ်များများစားတဲ့ အမျိုးသားတွေဟာ ချစ်တင်းနှောတဲ့နေရာမှာ ယင်းတို့ရဲ့ချစ်သူကို စိတ်ကျေနပ်အောင်လည်း စွမ်းနိုင်ကြတာကြောင့် အခြားဆေးဝါးတွေ မှီဝဲမယ့်အစား ကညွတ်ကို များများစားပေးသင့်ပါတယ်။



Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top