iMyanmarHouse.com - Best Property Website for Myanmar
×

 လေ့လာချက်အသစ်အရ အစပ်စားရတာ နှစ်သက်သူတွေက အစွန်းတစ်ခုမှာ ရပ်နေရသလိုမျိုး ၊ ဆံ့တငံ့ငံ့နဲ့ရင်ခုန်ရတဲ့ ဇာတ်ကားတွေကြည့်နေရသလိုမျိုး ခံစားချက်ကို ရတယ်လို့ဆိုပါတယ်။  ဒါဟာ အဒရီနယ်ဂလင်း လို့ခေါ်တဲ့ စွမ်းအင်နဲ့တုံ့ပြန်မှုကို ပိုမိုထက်မြက်စေတဲ့ အရည်တွေ ထွက်လာတဲ့အတွက် ကြောင့်ပါပဲ။ သက်စွန့်ဆံဖျား အပြုအမူ တွေကိုနှစ်သက်လို့လဲဖြစ်ပါတယ်။

          ယခင်ကတည်းက ယူဆလာခဲ့တဲ့ အယူအဆအရ စွန့်စားမှုနှစ်သက်သူတွေဟာ အဒရီလင်းလိုအပ်သူတွေဖြစ်ပြီး စွန့်စားမှုတစ်ခုလုပ်ဆောင်ခြင်းဖြင့် အဒရီလင်းကို ရယူလိုက်ရတဲ့အခါ ပိုပြီး နေသာထိုင်သာရှိသွားပါတယ်။ ဒါကြောင့် လက်ပစ်ဗုန်း အစရှိတဲ့ အန်္တရာယ်ရှိတဲ့အရာတွေနဲ့ လုပ်ကိုင်လိုက်ရရင် သာမန်ပြန်ဖြစ်သွားပါတယ်။ အလားတူပဲ အပူအစပ်စားလိုက်ခြင်းအားဖြင့် အနည်းငယ်နာကျင်မှုရသွားခြင်းက သင့်ရဲ့ အဒရီလင်း နှုန်းကို ပြန်လည်ထိန်းသိမ်းပေးပါတယ်။

Smell and Taste Treatment and Research Foundation မှ Dr.Alan Hirsch ရဲ့ ပြောကြားချက်အရ “စွန့်စားလိုသူတွေနဲ့ စပ်တဲ့အစားအစာတွေဟာ အပြန်အလှန် ဆက်စပ်နေကြောင်း သိစေခဲ့ပါတယ်”တဲ့။

Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top