iMyanmarHouse.com - Best Property Website for Myanmar
×

၁။ ဦးနှောက်က ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အောက်စီဂျင် အများဆုံးသုံးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှူရှိုက်ရခြင်းက ဦးနှောက်ကို အောက်စီဂျင်ထောက်ပံ့မှု လျော့ကျစေပြီး ဦးနှောက်စွမ်းရည် ကျဆင်းနိုင်ပါတယ်။

၂။ နေမကောင်းဖြစ်နေစဉ်မှာ ဦးနှောက်သုံးပြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်ခြင်းနဲ့ လေ့လာသင်ယူခြင်းတွေကြောင့် ဦးနှောက်ထိခိုက်နိုင်ပါတယ်။

၃။ စဉ်ဆက်မပြတ် စဉ်းစားတွေးတောမှု မရှိခြင်းကလည်း ဦးနှောက်စွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။

၎။ နံနက်စာ မစားဘဲနေခြင်းက ဦးနှောက်ကို ထိခိုက်စေပါတယ်။ နံနက်စာ မစားခြင်းကြောင့် ခန္ဓာကိုယ်တွင်း သကြားဓာတ်ပမာဏ လျော့ကျစေပါတယ်။  ဒီအကျိုးဆက်က ဦးနှောက်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ထောက်ပံ့မှု မလုံလောက်ဘဲ ဦးနှောက်စွမ်းရည် ကျဆင်းစေပါတယ်။

၅။ အချိုအစားများခြင်းကြောင့် ဦးနှောက်ထိခိုက်စေပါတယ်။ အချိုဓာတ်လွန်ကဲခြင်းက ပရိုတိန်းနဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းအပေါ် အဟန့်အတား ဖြစ်ပါတယ်။ ဒီအကျိုးဆက်ကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။

၆။ အပူလွန်ကဲခြင်းက ဦးနှောက်စွမ်းဆောင်ရည်ကို ယုတ်လျော့စေပါတယ်။

၇။ စောင်ခေါင်းမြီးခြုံ အိပ်ခြင်းက ကာဗွန်ဒိုင်အောက်ဆိုက် စုစည်းများပြားလာပြီး အောက်စီဂျင်ပမာဏ လျော့ကျလာစေပါတယ်။ အောက်စီဂျင် ကောင်းစွာမရနိုင်တဲ့ ဒီ အခြေအနေက ဦးနှောက်ကို ထိခိုက်စေပါတယ်။

၈။ အိပ်ရေးမဝခြင်းကြောင့်လည်း ဦးနှောက်ထိခိုက်နိုင်ပါတယ်။ အိပ်စက်ခြင်းက ဦးနှောက်ကို ထိုက်သင့်တဲ့ အနားပေးမှု ရစေပါတယ်။ ကာလကြာရှည် အိပ်ရေးပျက်ခြင်းကြောင့် ဦးနှောက်ဆဲလ်တွေ သေဆုံးမှုနှုန်း မြင့်တက်နိုင်ပါတယ်။


Credit: Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top