iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်အလေးချိန်ပိုများလာခြင်းနှင့် သွေးထဲ၌ သကြားပါဝင်မှု ပိုများလာခြင်းတို့ကြောင့် မီးမဖွားမီ ကလေးငယ်အဝလွန်ဖြစ်လာနိုင်၍ မွေးဖွားပြီးချိန်တွင်လည်း အဝလွန်ဖြစ်နိုင် ကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် မူလကထက် ကိုယ်အလေးချိန် ပေါင် ၄၀ ကျော် ပိုများလာသော ကိုယ်ဝန်ဆောင်အမျိုသမီးများ သွေးထဲ သကြားပါဝင်မှု မြင့်မားပါက မွေးဖွားလာသည့် ကလေးငယ်များ အဝလွန်ဖြစ်မှု ပိုများကြောင်း သုတေသီများက လေ့လာတွေ့ရှိခဲ့သည်။ ယခင်လေ့လာမှုများအရ ကိုယ်အလေးချိန်တက်လာခြင်းနှင့် သွေးထဲ သကြားပါဝင်ခြင်းတို့က ကလေးငယ်၏ကျန်းမာရေးကို ထိခိုက်စေပြီး ကိုယ်အလေးချိန်များသော ကလေးမွေးနိုင်သည့် အန္တရာယ်များကြောင်း သိရသည်။

၎င်းတို့၏လေ့လာမှုအရ အဝလွန်ဖြစ်မှုသည် မိခင်မှ ကလေး ငယ်သို့ ကူးစက်ရောက်ရှိနိုင်ပြီး မျိုးဗီဇအရ (သို့မဟုတ်) မိခင်၏ကျန်းမာရေးအခြေအနေမှတစ်ဆင့် ရင်သွေးဆီသို့ ရောက်ရှိနိုင်ကြောင်း သုတေသီများက ပြောသည်။

ယင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်၌ တတ်နိုင်သဖြင့် အမြန်ဆုံး ယင်းပြဿနာကို ဖြေရှင်းခြင်းဖြင့် ကလေးများ အဝလွန်ဖြစ်မလာ အောင် ကူညီနိုင်သည်ဟု သုတေသီများက ပြောသည်။

များမကြာမီက လေ့လာမှုတစ်ခုတွင် အမျိုးသားများ၏သုက် သွေးမှတစ်ဆင့် ရင်သွေးဆီသို့ အဝလွန်မှု ကူးစက်ရောက်ရှိနိုင် ကြောင်း ဖော်ပြထားသည်။

အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC)၏သတ် မှတ်ညွှန်ကြားချက်အရ ကိုယ်ဝန်ဆောင်ချိန်တွင် အမျိုးသမီးများ မူလကထက် ပေါင် ၄၀ ထက် ကိုယ်အလေးချိန်ပိုမလာသင့်ကြောင်း ဖော်ပြထားပြီး ကိုယ်အလေးချိန် ပိုများသူများ အဝလွန်သူများဖြစ်ပါ က ပေါင် ၂၀ ထက် ပိုများမလာသင့်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်အလေးချိန် အလွန်များနေပါက ဆီးချိုရောဂါဖြစ်နိုင်သည့် အန္တရာယ် မြင့်မားကြောင်း သုတေသီများ က ပြောကြားသည်။


Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top