iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ခါတစ်ရံမှာ ကိုယ့်ရဲ့အချစ်ရေးက  ဘယ်အခြေအနေမျိုးကို ရောက်နေမှန်းမသိ ဖြစ်နေတတ်ပါတယ်။ ရှေ့ဆက်သင့်လား၊ အဆုံးသတ်သင့်လားဆိုတဲ့ အတွေးမျိုးတွေ၊ အခြေအနေ မျိုးတွေဟာ ဝင်လာတတ်ကြပါတယ်။

အထူးသဖြင့် အချစ်ရေးမှာ ကိုယ်ထင်သလို ဖြစ်မလာတဲ့အခါ၊ မပျော်ရွှင်ရတော့တဲ့အခါ ဘာလုပ်ရမှန်းမသိတဲ့ အတွေးမျိုး ဝင်လာတတ်တော့တာပါပဲ။ သင့်ရဲ့ အချစ်ရေးမှာ ဒီ (၇) ချက်ဖြစ်နေပြီဆိုရင်တော့ အမြန်ဆုံးလမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။

၁။ သင့်ကို အားပေးစကား မပြောဘူး

သင့်ရဲ့လုပ်ရပ်တွေ အမှားတွေအပေါ် သူ အားပေးစကားမပြောတော့ဘူးဆိုရင် စဉ်းစားသင့်ပါပြီ။ သင်ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ် သူကသင့်ကို နံပတ် (၁) အားပေးသူ ဖြစ်နေရမှာပါ။

၂။ လွတ်လပ်ခွင့်မပေးဘူး

ဒါဟာ အချစ်ရေးအတွက်လုံးဝမကောင်းပါဘူး။ တစ်ခါတစ်ရံမှာ တစ်ဖက်လူကို တစ်ယောက်တည်းနေခွင့် ပေးရမယ်ဆိုတာ ရင့်ကျက်တဲ့ စုံတွဲတွေ သိကြပါတယ်။

၃။ ချစ်သူအပြင် ဘာမှမပိုဘူး

လက်တွဲဖော်ဆိုတာ ချစ်သူရည်းစား အဓိပ္ပါယ်ထက်ပိုပါတယ်။ သင့်ကို သူငယ်ချင်းတစ်ယောက်လို မောင်နှမလို တစ်ခါမှ မဆက်ဆံဖူးဘူးဆိုရင် အဆုံးသတ်ဖို့ စဉ်းစားသင့်ပါပြီ။

၎။ သင့်မိသားစုနဲ့ အဆင်မပြေဘူး

ဒါလည်း အရေးကြီးပါတယ်။ သင့်မိသားစုနဲ့ သူအရမ်းအဆင်ပြေစရာတော့ မလိုလှပါဘူး။ ဒါပေမယ့် ဘယ်အချိန်တွေ့တွေ့ အဆင်မပြေဘူးဆိုရင်တော့ မကောင်းပါဘူး။

၅။ သင့်ကို ထိန်းချုပ်မယ်

သင့်ရဲ့ အနာဂတ်ကို သူက ထိန်းချုပ်ထားတယ်။ ဘယ်အချိန်မှာ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုတာ သူက ထိန်းချုပ်ထားမယ်ဆိုရင် သင်လက်မခံသင့်ပါဘူး။

၆။ သဘောထားချင်းဆန့်ကျင်မယ်

သဘောထားခြင်း ကွဲလွဲတာဟာ လူနှစ်ဦးကြားမှာ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် သူက သင့်သဘောထားဆိုရင် အမြဲ ဆန့်ကျင်နေမယ်။ သင်လုပ်ချင်တာ မှန်သမျှ သဘောမတူဘူး ဆိုရင်တော့ သေသေချာချာ စဉ်းစားသင့်ပါပြီ။

၇။ သူ့အတွက် သင့်ကို  ချစ်တာ

တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုတာဟာ သူ့အတွက် သူချစ်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဆိုချင်တာက သင်ဖြစ်နေလို့ သင့်ကိုချစ်တာမဟုတ်ပဲ သူ့ကိုသူ ချစ်လွန်းလို့ သင့်အနားမှာ ရှိနေတတ်တာမျိုးပါ။ ဒါကို ကွဲကွဲပြားပြား သင်မြင်ဖို့ လိုမှာပါ။



Credit : Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top