iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ်က ဖက်ရှင်အမြင်ရှိသလောက် ကိုယ့်ချစ်သူကို ပုံတုံးကြီးလို့ ပြောတာကို ဘယ်သူမှ မကြုံချင်ကြပါဘူး။

ကိုယ့်ချစ်သူကို ချောစေလှစေချင်တာ ရည်းစားရှိသူတိုင်းရဲ့သဘာဝပါ။ ကိုယ်က ဖက်ရှင်အမြင်ရှိသလောက် ကိုယ့်ချစ်သူကို ပုံတုံးကြီးလို့ ပြောတာကို ဘယ်သူမှ မကြုံချင်ကြပါဘူး။ ပိုဆိုးတာက ဖက်ရှင်ကျပြီးလန်းအောင် ပြင်ပြင်ဆင်ဆင်နေဖို့ ပြောပေမယ့် သိပ်နားမထောင်ချင်ဘူး ဖြစ်နေတဲ့အခါမှာ အကောင်းဆုံး ဖျောင်းဖျနိုင်ဖို့ လိုပါတယ်။

၁။ ကိုယ်ဘယ်လောက်ချစ်ကြောင်း
ကိုယ်သူ့ကို အလန်းလေးဖြစ်စေချင်တာ ပေါ်ပြူလာဖြစ်ချင်လို့၊ အလှအပ မက်လွန်းလို့ဆိုတာထက် သူ့ကိုချစ်လို့ လူတွေက သူ့ကိုချောတယ်လို့ မြင်စေချင်လို့ ဆိုတာမျိုး ပြောပြပေးပါ။

၂။ ခေတ်ရေစီးကြောင်း
အရမ်းကြီး ခေတ်မမီရင်တောင် ပုံတုံးလွန်းတာက အခုခေတ်မှာ ဘယ်လူငယ်အတွက်မှ အဆင်မပြေပါဘူး။ ရှက်စရာလည်းကောင်းသလို အပေါင်းအသင်း ဝင်ဆန့်ဖို့ပါ ခက်ခဲပါတယ်။

၃။ နှိုင်းယှဉ်ပြ
ဘယ်လောက် ဖက်ရှင်မကျ၊ ဒီဇိုင်းမမိုက်တဲ့သူပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင် မလန်းရင်တောင် ချောတာလှတာတော့ ကြည့်ချင်ကြတာချည်းပါပဲ။ အကောင်းဆုံးကတော့ အဲဒီလို သူသဘောကျနေတဲ့ စိတ်ကို သူကိုယ်တိုင် ပြောင်းလဲချင်လာအောင် ဖျောင်းဖျနိုင်ဖို့က အဓိကကျပါတယ်။

၎။ ပြင်ဆင်ပြ
ကိုယ်က ပြင်ဆင်ပြမှ သူ့သူငယ်ချင်းတွေကလည်း သူ့ကို ကိုယ်နဲ့မတန်သလို၊ သူက နောက်ကျကျန်ခဲ့သလို စရင်းနောက်ရင်းနဲ့သူ့မခံချင်စိတ်ကို နှိုးဆွပြီးသား ဖြစ်သွားပါလိမ့်မယ်။

၅။ အင်တာနက်များများသုံးခိုင်း
ဒါကတော့ အလွယ်ဆုံးနဲ့ အမြန်ဆုံး ဖျောင်းဖျနည်းပါပဲ။ ကိုယ်တောင် ဘာမှသိပ်ကြိုးစားစရာမလိုဘဲ သူ့ဘာသာ ပြောင်းလဲလာနိုင်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top