iMyanmarHouse.com - Best Property Website for Myanmar
×

မုဆိုးမ ဖြစ်ရခြင်းတွင် ကျန်းမာရေး ဆိုင်ရာ ကောင်းကျိုးများရှိ နေကြောင်း လေ့လာမှု တစ်ခုအရ သိရှိ ခဲ့ရပြီ ဖြစ်သည်။

 အကြောင်းမှာ ခင်ပွန်း ဖြစ်သူ သေဆုံးခဲ့ ပြီးနောက် အမျိုးသမီးများ စိတ်ဖိစီးမှု ပိုနည်းသွားသောကြောင့် ဖြစ်သည်။

အမျိုးသမီးများသည် အမျိုးသားများထက် ယေဘုယျအားဖြင့် အသက်ပိုရှည်လေ့ ရှိသော်လည်း အိမ်ထောင် ရှိသည့် အမျိုးသမီး တစ်ဦးသည် ခင်ပွန်းသည် ကိုသာ ဂရုစိုက်နေရ သောကြောင့် စိတ်ဖိစီးမှု များကို ပိုမိုခံစားရ တတ်ပြီး  ခင်ပွန်းသည် သေဆုံး ပြီးနောက်တွင်  ခင်ပွန်းကို ပြုစု စောင့်ရှောက်ရခြင်း မရှိသောကြောင့် စိတ်ဖိစီးမှုနည်းကာ ကျန်းမာရေး ကောင်းမွန်လာ တတ်ကြောင်း ပါဒိုဗာ တက္ကသိုလ်မှ  ဒေါက်တာ ကာထရီနာ ထရီဗီဆင်က ပြောဆိုခဲ့သည်။

အမျိုးသား များမှာမူ ဇနီးဖြစ်သူ သေဆုံး ပြီးနောက်တွင် လေလွင့်သွား တတ်ပြီး ကျန်းမာရေးပင် ပိုမို ဆိုးရွားသွား တတ်ကြောင်း လေ့လာမှုတွင် ဖော်ပြ ထားသည်။

ဇနီး ဖြစ်သူက အိမ်ထောင်ကို ထိန်းသိမ်းခြင်း၊ ကျန်းမာရေးကို စောင့်ရှောက်ပေးခြင်းတို့ ရှိနေသောကြောင့်  အိမ်ထောင်ပြုခြင်းသည် အမျိုးသားများ အတွက်  ကောင်းမွန်သော်လည်း အမျိုးသမီးများ မှာမူ  ခင်ပွန်းနှင့် သားသမီးများ၏ ကျန်းမာ ချမ်းသာရေး တာဝန်ကို အလုံးစုံယူ ရသည့် အတွက် အိမ်ထောင်ရှင် ဘ၀သည် စိတ်ဖိစီးစရာများ ဖြင့်သာ ပြည့်နေ တတ်ကြောင်း ဒေါက်တာ ထရီဗီဆင်က ပြောသည်။

အိမ်ထောင် မရှိသော အမျိုးသမီးများသည်လည်း လူပျိုများထက် စိတ်ဖိစီးမှု ပိုနည်းခြင်း၊ အလုပ်နှင့် ပတ်သက်ပြီး ပိုမို စိတ်ကျေနပ်မှု ရရှိခြင်း၊ မိသားစု၊ သူငယ်ချင်းများ နှင့် ပိုမိုခိုင်မာသော ဆက်ဆံရေးကို ထားရှိ နိုင်သောကြောင့်  အထီးကျန်ဆန်မှု နည်းသွားခြင်း အစရှိသည့် ပိုမို ကောင်းမွန်သော ဘ၀ အရည်အသွေးများ ကို ခံစားရတတ်ကြောင်း လေ့လာမှုတွင် ဖော်ပြ ထားသည်။

Credit:Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top