iMyanmarHouse.com - Best Property Website for Myanmar
×

နှစ်ပေါင်းများစွာကြာအောင် သက်သက်လွတ်စားသူတွေဟာ ပုံမှန်သက်တမ်းထက် ပိုအသက်ရှည်တယ်လို့ သုတေသနတစ်ခုက တွေ့ရှိပါတယ်။ အနည်းဆုံး ၁၇ နှစ်ကြာအောင် သက်သက်လွတ်စားသူတွေရဲ့ ဘဝသက်တမ်းဟာ ၃နှစ် ၆ လလောက် ပိုရှည်တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှ ကျန်းမာရေး စောင့်ရှောက်မှု ကုမ္ပဏီ Mayo Clinic က သုတေသနဆရာဝန်တွေဟာ လေ့လာမှုခြောက်ခုကို ထပ်မံသုတေသနလုပ်ခဲ့တာ ဖြစ်ပါတယ်။ အသားနဲ့ဟင်းသီးဟင်းရွက်စားခြင်းကြောင့် သေဆုံးမှုပေါ် သက်ရောက်ပုံတွေကို အဆိုပါသုတေသန ခြောက်ခုက လေ့လာထားတာ ဖြစ်ပါတယ်။ လေ့လာမှုမှာ လူပေါင်း ၁.၅ သန်းပါဝင်ခဲ့ပြီး အသားစားလျှော့ချခြင်းဟာ သေဆုံးနိုင်မှုကို ၂၅ ရာခိုင်နှုန်းလောက် လျော့ချနိုင်တာ ဖြစ်ပါတယ်။

 ကျန်းမာရေးမှာ နေ့စဉ်စားသောက်မှုပုံစံဟာ အလွန်ကို အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေကြောင်း ဆရာဝန်တွေက လူနာတွေကို တိုင်ပင်ဆွေးနွေးရာမှာအခုတွေ့ရှိချက်ကကူညီနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top