iMyanmarHouse.com - Best Property Website for Myanmar
×

လီမင်ဟို၏ တရုတ်နိုင်ငံအတွက်ပွဲဦးထွက် ရုပ်ရှင် ဇာတ်ကားဖြစ်သော Bounty Hunters ကို ဇူလိုင် ၁ ရက်တွင် စတင် ရုံတင်ပြသမည်ဖြစ်သည်။

တောင်ကိုရီးယားနှင့် တရုတ်ပူးပေါင်းထုတ်လုပ်သော BountyHunters ဇာတ်ကားကို မူလက ဇွန်လလယ်တွင် ထုတ်လွှင့်ပြသ ရန် စီစဉ်ထားသော်လည်း ဇာတ်ကားအရည်အသွေး ပိုမိုကောင်း မွန်စေရန်နှင့် ဇူလိုင်၌ စတင်သော ပရိသတ်အားပေးမှုများ သည့် ရုပ်ရှင်ရာသီကာလကို ပစ်မှတ်ထားရန် ရုံတင်ပြသမှု နောက်ဆုတ်လိုက်ခြင်းဖြစ် သည်။

Bounty Hunters ဇာတ် ကားသည် အက်ရှင်ဟာသဇာတ် ကားဖြစ်၍ ပရိသတ်အားပေးမှု ကောင်းစွာရရှိလိမ့်မည်ဟု မျှော်လင့်ထားကြောင်း ယင်း ဇာတ် ကားထုတ်လုပ်ရေးကုမ္ပဏီ Starhaus Entertainment မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဇာတ်ကားအတွက် ရင်းနှီးမြှုပ်နှံမှု ကိုရီးယား ဝမ်ဘီလီယံ ၃၀ ရှိပြီး ယင်းဇာတ်ကား ကို တောင်ကိုရီးယား၊ တရုတ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့၌ သွားရောက်ရိုက်ကူးခဲ့သည်။ ဇာတ်ကားတွင် လီမင်ဟိုက ကိုယ်ခံပညာထူးချွန်ပြီး ရုပ်ရည် ချောမောသော လီဆန်းအဖြစ် သရုပ်ဆောင်ထားသည်။ အဆိုပါ ဇာတ်ကား၌ ဟောင်ကောင် သရုပ်ဆောင်မင်းသား ဝေါလေ့စ် ချောင်းနှင့် တရုတ်သရုပ်ဆောင် မင်းသမီး ထန်းယန်တို့လည်း ပါဝင်သည်။

ဒါရိုက်တာ ရှင်ထယ်ရာ ရိုက်ကူးသည့် Bounty Hunters ဇာတ်ကားကို မေလ ၁၆ ရက်တွင် (၆၉)ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲ တော်၌ ပြသမည်ဖြစ်သည်။


Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top