iMyanmarHouse.com - Best Property Website for Myanmar
×

အခုအချိန်မှာ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေရော ကျန်းမာရေးကောင်းဖို့ ဆိုတာနဲ့ ခန္ဓာကိုယ်
အလှအပတွေအတွက် Gym သွားကစားကြတာတွေ ခေတ်စားလာပါတယ်။ Gym မှာ လေ့ကျင့်ခန်းလုပ်
တဲ့အခါ အခက်အခဲတွေ မဖြစ်ရအောင်၊ ကိုယ်ကစားသလောက် အကျိုးဖြစ်အောင် Gym မသွားခင်မှာ
ဘယ်လိုအပြုအမူတွေကို ရှောင်ကျဉ်သင့်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။


အကြာကြီးအိပ်ပြီး Gymမသွားပါနဲ့။

ခဏတဖြုတ် တမှေးလောက် အိပ်ထားတာက လေ့ကျင့်ခန်းလုပ်တဲ့အခါ Energy ပိုကောင်းလာစေတယ်
ဆိုပေမယ့် မိနစ် ၃၀ ထက်ကျော်ပြီး အိပ်တာမျိုးက မကောင်းပါဘူး။

ကြွက်သားတွေကို ဆန့်ထုတ်တာမျိုး မလုပ်ပါနဲ့။

အရင်ကတော့ ကြွက်သားတွေကို အကြောလျော့တာမျိုး ဆွဲဆန့်တာက အလေးတွေမတဲ့အခါ ကောင်းတယ်လို့ ထင်ခဲ့ကြပေမယ့် အခုကတော့ ဒီလိုလုပ်တာက ကြွက်သားတွေကို ဒဏ်ရာရစေနိုင်တဲ့အပြင်၊ လေ့ကျင့်ခန်း
လုပ်ရာမှာ ကြွက်သားတွေ အားနည်းသွားစေတယ်လို့ တွေ့ရှိချက်တွေ ရှိလာပါတယ်။


စိတ်ဖိစီးမှုများနေတာမျိုး မဖြစ်အောင်နေပါ။

စိတ်ဖိစီးမှုဟာ ကြွက်သားတွေကို အကြီးအကျယ်ဒုက္ခပေးပါတယ်။ စိတ်ဖိစီးမှုဟာ ကော်တီစောတွေ ထွက်လာစေပြီး၊ ကြွက်သားကို ထိခိုက်စေပါတယ်။

ကဖိန်းဓာတ်တွေ မများပါစေနဲ့။

ကဖိန်းဟာ အနည်းငယ်ဆိုရင်တော့ energy တက်လာဖို့နဲ့၊ အာရုံစူးစိုက်မှုကောင်းလာဖို့တွေအတွက် အသုံးဝင်ပေမယ့်၊ အရမ်းများရင်တော့ နှလုံးခုန်မြန်လာတာ၊ စိတ်လှုပ်ရှားတာ၊ မူးဝေတာတွေ ဖြစ်နိုင်ပါတယ်။

အစားအစာအများကြီး မစားထားပါနဲ့။

အနည်းငယ်လောက်ဆိုရင် ပြဿနာမဟုတ်ပေမယ့်၊ ခပ်များများလေးစားမိရင် ဗိုက်အောင့်တာ၊ ဗိုက်နာတာ၊
မူးဝေတာတွေ ဖြစ်လာနိုင်ပါတယ်။အစာတွေဗိုက်ထဲများနေရင် သွေးတွေက ကြွက်သားထဲရောက်မယ့်အစား၊ ဗိုက်ထဲကိုရောက်တာပိုများပြီး၊ လေ့ကျင့်ခန်းက အလုပ်မဖြစ်တော့ပဲ နေပါလိမ့်မယ်။

Credit : Shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top