iMyanmarHouse.com - Best Property Website for Myanmar
×

ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၀၀ နီးပါးခန့်ဟာ နှစ်စဉ်နှစ်တိုင်း မေလရဲ့ ဒုတိယတနင်္ဂနွေနေ့ကို အမေနေ့အထိမ်းအမှတ်နဲ့ ဆင်နွှဲကြပါတယ်။ ၂၀၁၆ ခုနှစ်အတွက် အမေနေ့ကတော့ မေလ ၈ ရက်နေ့ဖြစ်ပြီး နိုင်ငံအသီးသီးက သားသမီးတွေဟာ အမေနေ့ကို ဆင်နွှဲကြမှာပါ။

အမေနေ့ကို စတင်ဆင်နွှဲခဲ့တဲ့ ပွဲတော်ကတော့ ၁၉၀၈ ခုနှစ်၊ ဗာဂျီးနီးယားပြည်နယ်မှာ ဖြစ်ပါတယ်။ ထိုစဉ်က အမေနေ့သတ်မှတ်ရေးအတွက် အမေရိကန်လွှတ်တော်မှာ တင်သွင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၁၉၁၄ ခုနှစ်မှာတော့ အမေတွေရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့တဲ့အနေနဲ့ မေလရဲ့ဒုတိယတနင်္ဂနွေနေ့ကို အမေနေ့အဖြစ် သတ်မှတ်ကျင်းပဖို့ အမေရိကန်မှာ စတင်အတည်ပြုခဲ့တာပါ။ အဲ့ဒီနေ့မှာတော့ ကိုယ့်ရဲ့မိခင်ကို အမှတ်တရလက်ဆောင်တွေ ပေးကြသလို၊ မိခင်အတွက် ကျေးဇူးဆပ်တဲ့အရာတွေကိုလည်း ပြုလုပ်ကြပါတယ်။

အမေနေ့ကို ကျင်းပဆင်နွှဲတဲ့ နေ့ရက်တွေကတော့ နိုင်ငံတစ်ခုနဲ့တစ်ခု မတူညီကြပါဘူး။ မြန်မာနိုင်ငံမှာ ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်ဆင်နွှဲဖို့ စာရေးဆရာ၊ ဒါရိုက်တာကြီး ကွယ်လွန်သူ ဦးသုခက စတင်လှုံ့ဆော်ခဲ့ပါတယ်။ အထိမ်းအမှတ်နေ့တွေတိုင်းမှာ ပါဝင်ဆင်နွှဲတဲ့ ဖေ့စ်ဘွတ်က ဒီနှစ်အမေနေ့ကိုလည်း နှုတ်ခွန်းဆက်ဂုဏ်ပြုစကား ဆိုထားပါသေးတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top