iMyanmarHouse.com - Best Property Website for Myanmar
×

နာမည်ကျော် Sistar ကေပေါ့ပ်အဖွဲ့ ပါဝင်ဖျော်ဖြေမည့် ဖျော်ဖြေပွဲကို   ရန်ကုန်မြို့တွင် ဇွန်လအတွင်း    ပြုလုပ်မည်ဖြစ် ပြီး လက်မှတ်ရောင်းချရန် အစီ အစဉ်မရှိကြောင်း ယင်းဖျော်ဖြေပွဲ ကို စီစဉ်သည့် Tiger Fate အဖွဲ့ CEO မစ္စတာ Tiger Jeoung က ပြောကြားသည်။

အဆိုပါဖျော်ဖြေပွဲတွင် Sistar အဖွဲ့နှင့်အတူ Monsta X အဖွဲ့၊ So Chan Whee ၊ Badkiz အဖွဲ့နှင့် Apera အဖွဲ့တို့ပါဝင် ဖျော်ဖြေမည်ဖြစ်ပြီး INNO CITY Love Sharing Concert အမည် ဖြင့် ဇွန်လ ၁၁ ရက်တွင် Myan-mar Event Park ၌ ပြုလုပ်မည် ဖြစ်သည်။

ယင်းဖျော်ဖြေပွဲကို INNI GROUP က ၎င်းတို့၏ ကုမ္ပဏီ (၁၀)နှစ်ပြည့် နှစ်ပတ်လည်အနေ ဖြင့် ကျင်းပခြင်းဖြစ်ပြီး ယင်း ကုမ္ပဏီ၏ မိတ်ဖက်ကုမ္ပဏီများ အား ဖိတ်စာများဖိတ်ကြား၍ အလှူငွေကောက်ခံရန် အစီအ စဉ်ရှိသည်ဟု ၎င်းက ပြောသည်။

ယင်းဖျော်ဖြေပွဲမှ ရရှိလာ သည့် အလှူငွေအားလုံးကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ လှူ ဒါန်းမည်ဖြစ်ပြီး လာရောက်ကြည့် ရှုလိုသည့် ကေပေါ့ပ်ပရိသတ်များ အတွက်လည်း ရန်ပုံငွေသတ်မှတ် ၍ ဖိတ်စာများပေးပို့နိုင်ရန် ဆွေး နွေးမှုများ ပြုလုပ်နေသည်ဟု မစ္စတာ Tiger Jeoung က ပြော သည်။အလှူပွဲဖြစ်သောကြောင့် လက်မှတ်ရောင်းချရန် အစီအစဉ် မရှိဘဲ တစ်နိုင်ငံလုံးမှ ပရိသတ် များအတွက် Channel 7 ရုပ်သံ လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသ ရန် အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top