iMyanmarHouse.com - Best Property Website for Myanmar
×

ဆယ်လီနာ ဂိုမက်ဇ် နဲ့ လမ်းခွဲခဲ့ပြီးကတည်းက ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ ဂျက်စတင်ဘီဘာ ရဲ့  အချစ်ရေးဟာ ကောင်မလေး တစ်ယောက်ပြီး တစ်ယောက်နဲ့ ကောလာဟလများစွာကြား ဖောင်းပွနေခဲ့ပါတယ်။  အခုလည်း ဂျက်စတင်ဘီဘာ ဟာ ကောင်မလေး အသစ်တစ်ယောက်နဲ့ ချိန်းတွေ့ ဒိတ်လုပ်နေပြန်ပါတယ်။ ဒီတစ်ခေါက် သူနဲ့ ဒိတ်လုပ်နေတာ ဆယ်လီနာ ဂိုမက်ဇ် လည်း မဟုတ်သလို ၊ Hailey Baldwin လည်း မဟုတ်ပါဘူး။ Kardashian မိသားစု ထဲကလည်း မဟုတ်တော့ပါဘူး။

ဂျက်စတင်ဘီဘာ ရဲ့  ချစ်သူ အသစ်ကတော့ Nicola Peltz ဆိုတဲ့ သရုပ်ဆောင်း မင်းသမီးလေးပဲ ဖြစ်ပါတယ်။ သူမကတော့ နာမည်ကျော် ဇာတ်လမ်းတွေဖြစ်တဲ့ “Bates Motel” နဲ့ “Transformer: Age of Extinction” ဆိုတဲ့ ဇာတ်လမ်းတွေထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

TMZ သတင်းဌာန ကတော့ နေလောင်မှု လွန်ကဲထားတဲ့ မျက်နှာ ဖြစ်နေတဲ့ ဂျက်စတင်ဘီဘာဟာ Nicola Peltz နဲ့အတူ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက Beverly Hills မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုကို ညစာစားရင်း ချိန်းတွေ့ခဲ့ကြတယ်လို့ ဖော်ပြထားတာကြောင့် ဘီဘာ ပရိသတ် တွေလည်း အံ့သြခဲ့ရတယ်လို့ သိရပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

#Unicode Version




Credit: Trend Myanmar
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top