iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရး တစ္ခုမွာ ဘာေတြ ကို လုပ္ေဆာင္သင့္ၿပီး ဘာေတြကို ေရွာင္ရွားသင့္တယ္ ဆိုတဲ့ ေယဘူယ် အႀကံျပဳခ်က္ေတြကို သင္ ဖတ္ခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ အခ်ိန္ တစ္ခုခ်င္းဆီမွာေရာ ဘာေတြ ကို လုပ္ေဆာင္ ၿပီး ဘာေတြကို ေရွာင္ရွား ရမလဲ။ အခ်စ္ေရးလို႔ ေျပာလိုက္တာနဲ႔ ကိုယ့္ခ်စ္သူကို ေပ်ာ္ေအာင္ ထားႏိုင္ဖို႔ ႀကိဳးစားရမွာ က အဓိက လုပ္ငန္းစဥ္ ျဖစ္ေနသလို ခ်စ္သူ ေပ်ာ္မွသာ အခ်စ္ေရးတစ္ခုက တည္ၿမဲႏိုင္မွာပါ။ ဒါေၾကာင့္ ေန႔စဥ္ ခ်စ္သူနဲ႔ ေတြ႔ႀကံဳဆက္ဆံ ရတဲ့ အခ်ိန္တိုင္းမွာ ေဆာင္ရန္/ေရွာင္ရန္ ရွိတာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

အျပန္အလွန္စာပို႔တဲ့အခ်ိန္

အခ်ိန္တိုင္း ကိုယ့္ခ်စ္သူ ကို အရင္ဆံုးေတြးမိတဲ့အေၾကာင္း ျပသႏိုင္ေစဖို႔ “ေကာင္းေသာမနက္ခင္းပါ” ၊ “ေကာင္းေသာညပါ” အစရွိတဲ့ စာတိုေတြကို ပို႔တာမ်ိဳးကေတာ့ လုပ္ေဆာင္သင့္တဲ့ အရာျဖစ္သလို သူတို႔ပို႔တဲ့ မက္ေဆ့ဂ်္ စာတိုေတြကို လစ္လ်ဴရႈထားၿပီး လူမႈ ကြန္ရက္မွာေတာ့ Active ျဖစ္ေနတာကို ကိုယ့္ခ်စ္သူ ျမင္သြားမယ့္ အျဖစ္ကေတာ့ ေရွာင္ရွားရမွာ ပဲ ျဖစ္ပါတယ္။

စကားေျပာဆိုၾကတဲ့အခ်ိန္

သင့္ ခ်စ္သူနဲ႔ ပတ္သက္တဲ့ သင့္ရဲ ႔ ခံစားခ်က္ေတြကို ရတဲ့နည္းနဲ႔ ထည့္သြင္း ေျပာျပေနတာမ်ိဳးဟာ လုပ္ေဆာင္သင့္တဲ့အရာ ျဖစ္ပါတယ္။ အခ်စ္ေရး တစ္ခုမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ဟာ ဘယ္ေလာက္ထိ အျပန္အလွန္ အေရးပါ မွီခိုေနတယ္ဆိုတဲ့ အသိဟာ အခ်စ္ေရးတစ္ခုကို ေရရွည္တည္ၿမဲေစပါတယ္။ ေရွာင္ရွားရမွာက အဲဒီ စကားေတြ ရပ္တန္႔လိုက္ျခင္းကိုပါ။ သင့္ ခံစားခ်က္ေတြ ေျပာျပေနျခင္းကို လံုး၀ မရပ္လိုက္ပါနဲ႔။ ဒီစကားေတြက ဘယ္ေတာ့ မွ မအိုေဟာင္းသြားပါဘူး။

၀ါသနာမ်ားနဲ႔ ျဖတ္သန္းခ်ိန္

သင့္ခ်စ္သူ ၀ါသနာပါတဲ့ အရာေတြမွာ သင္ ကိုယ္တိုင္ နစ္ေမ်ာ ပါ၀င္ျခင္းကို လုပ္ေဆာင္ပါ။ ဒါဟာ တစ္ကိုယ္ေကာင္းစိတ္ ကင္းမဲ့ရာကို ျပသၿပီး အခ်စ္ေရးတစ္ခုရဲ ႔ တန္ဖိုးအရွိဆံုး အခ်ိန္ေတြကို ပိုင္ဆိုင္လာေစပါတယ္။ ေရွာင္ရွားရမွာကေတာ့ အရာရာကို သီးျခားစီ လုပ္ေဆာင္ ျဖတ္သန္းျခင္းပဲ ျဖစ္ပါတယ္။

စိတ္ခံစားမႈေတြနဲ႔ ပတ္သက္လာတဲ့ အခ်ိန္

သင္ တစ္ခုခုကို ခံစားေနရတဲ့အခ်ိန္ ဘယ္လိုခံစားရတယ္ဆိုတာသာ ဖြင့္ဟေျပာလိုက္ပါ။ ဒါဟာ အခ်စ္ေရးတစ္ခုမွာ လုပ္ေဆာင္သင့္တဲ့အရာပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ ညိႈႏိႈင္း ႏိုင္မွသာ အခ်စ္ေရး တစ္ခုဟာ တည္ၿမဲမွာ ျဖစ္ပါတယ္။ သင့္ခံစားခ်က္ေတြကိုစိတ္ထဲမွာ ႀကိတ္ၿပီး ၿမိဳသိပ္ထားျခင္းကိုေတာ့ ေရွာင္ရွားပါ။

ဦးစားေပးမႈေတြနဲ႔ သက္ဆိုင္လာတဲ့အခ်ိန္

သင့္ ကိုယ္သင္ သာ ပထမ ဦးစားေပး လူအျဖစ္ေနထိုင္ပါ။ အထက္ အရာရွိကို ဦးစားေပးရတာေတြ ၊ အျခား တစ္ေယာက္ေယာက္ကို ဦးစားေပး ရတာေတြ ေရွာင္ၾကဥ္ပါ။ အဲဒါမွသာ သင့္ခ်စ္သူရဲ ႔ စိတ္ထဲမွာ သင့္ကို အထင္ႀကီးေလးစား လာမွာ ျဖစ္ပါတယ္။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

အချစ်ရေး တစ်ခုမှာ ဘာတွေ ကို လုပ်ဆောင်သင့်ပြီး ဘာတွေကို ရှောင်ရှားသင့်တယ် ဆိုတဲ့ ယေဘူယျ အကြံပြုချက်တွေကို သင် ဖတ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် အချိန် တစ်ခုချင်းဆီမှာရော ဘာတွေ ကို လုပ်ဆောင် ပြီး ဘာတွေကို ရှောင်ရှား ရမလဲ။ အချစ်ရေးလို့ ပြောလိုက်တာနဲ့ ကိုယ့်ချစ်သူကို ပျော်အောင် ထားနိုင်ဖို့ ကြိုးစားရမှာ က အဓိက လုပ်ငန်းစဉ် ဖြစ်နေသလို ချစ်သူ ပျော်မှသာ အချစ်ရေးတစ်ခုက တည်မြဲနိုင်မှာပါ။ ဒါကြောင့် နေ့စဉ် ချစ်သူနဲ့ တွေ့ကြုံဆက်ဆံ ရတဲ့ အချိန်တိုင်းမှာ ဆောင်ရန်/ရှောင်ရန် ရှိတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အပြန်အလှန်စာပို့တဲ့အချိန်

အချိန်တိုင်း ကိုယ့်ချစ်သူ ကို အရင်ဆုံးတွေးမိတဲ့အကြောင်း ပြသနိုင်စေဖို့ “ကောင်းသောမနက်ခင်းပါ” ၊ “ကောင်းသောညပါ” အစရှိတဲ့ စာတိုတွေကို ပို့တာမျိုးကတော့ လုပ်ဆောင်သင့်တဲ့ အရာဖြစ်သလို သူတို့ပို့တဲ့ မက်ဆေ့ဂျ် စာတိုတွေကို လစ်လျူရှုထားပြီး လူမှု ကွန်ရက်မှာတော့ Active ဖြစ်နေတာကို ကိုယ့်ချစ်သူ မြင်သွားမယ့် အဖြစ်ကတော့ ရှောင်ရှားရမှာ ပဲ ဖြစ်ပါတယ်။

စကားပြောဆိုကြတဲ့အချိန်

သင့် ချစ်သူနဲ့ ပတ်သက်တဲ့ သင့်ရဲ့ ခံစားချက်တွေကို ရတဲ့နည်းနဲ့ ထည့်သွင်း ပြောပြနေတာမျိုးဟာ လုပ်ဆောင်သင့်တဲ့အရာ ဖြစ်ပါတယ်။ အချစ်ရေး တစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက် ဟာ ဘယ်လောက်ထိ အပြန်အလှန် အရေးပါ မှီခိုနေတယ်ဆိုတဲ့ အသိဟာ အချစ်ရေးတစ်ခုကို ရေရှည်တည်မြဲစေပါတယ်။ ရှောင်ရှားရမှာက အဲဒီ စကားတွေ ရပ်တန့်လိုက်ခြင်းကိုပါ။ သင့် ခံစားချက်တွေ ပြောပြနေခြင်းကို လုံး၀ မရပ်လိုက်ပါနဲ့။ ဒီစကားတွေက ဘယ်တော့ မှ မအိုဟောင်းသွားပါဘူး။

ဝါသနာများနဲ့ ဖြတ်သန်းချိန်

သင့်ချစ်သူ ဝါသနာပါတဲ့ အရာတွေမှာ သင် ကိုယ်တိုင် နစ်မျော ပါဝင်ခြင်းကို လုပ်ဆောင်ပါ။ ဒါဟာ တစ်ကိုယ်ကောင်းစိတ် ကင်းမဲ့ရာကို ပြသပြီး အချစ်ရေးတစ်ခုရဲ့ တန်ဖိုးအရှိဆုံး အချိန်တွေကို ပိုင်ဆိုင်လာစေပါတယ်။ ရှောင်ရှားရမှာကတော့ အရာရာကို သီးခြားစီ လုပ်ဆောင် ဖြတ်သန်းခြင်းပဲ ဖြစ်ပါတယ်။

စိတ်ခံစားမှုတွေနဲ့ ပတ်သက်လာတဲ့ အချိန်

သင် တစ်ခုခုကို ခံစားနေရတဲ့အချိန် ဘယ်လိုခံစားရတယ်ဆိုတာသာ ဖွင့်ဟပြောလိုက်ပါ။ ဒါဟာ အချစ်ရေးတစ်ခုမှာ လုပ်ဆောင်သင့်တဲ့အရာပါ။ တစ်ယောက်နဲ့ တစ်ယောက် ညှိုနှိုင်း နိုင်မှသာ အချစ်ရေး တစ်ခုဟာ တည်မြဲမှာ ဖြစ်ပါတယ်။ သင့်ခံစားချက်တွေကိုစိတ်ထဲမှာ ကြိတ်ပြီး မြိုသိပ်ထားခြင်းကိုတော့ ရှောင်ရှားပါ။

ဦးစားပေးမှုတွေနဲ့ သက်ဆိုင်လာတဲ့အချိန်

သင့် ကိုယ်သင် သာ ပထမ ဦးစားပေး လူအဖြစ်နေထိုင်ပါ။ အထက် အရာရှိကို ဦးစားပေးရတာတွေ ၊ အခြား တစ်ယောက်ယောက်ကို ဦးစားပေး ရတာတွေ ရှောင်ကြဉ်ပါ။ အဲဒါမှသာ သင့်ချစ်သူရဲ့ စိတ်ထဲမှာ သင့်ကို အထင်ကြီးလေးစား လာမှာ ဖြစ်ပါတယ်။

Credit:Trend Myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top