iMyanmarHouse.com - Myanmar's No. 1 Property Website
×

ေခါင္းစဥ္ကိုၾကည္႔ျပီးေတာ့ အရမ္းစိတ္၀င္စားသြားျပီဟုတ္?? စိတ္၀င္စားေအာင္ တမင္အဲ့လိုေခါင္းစဥ္ေပးလိုက္တာပါ၊ ဒါမွ ရင္ႏွင္းက သူငယ္ခ်င္းတုိ႔ကို ေသခ်ာ ပညာေပးလို႔ရမွာေလ။ :D ၀ါလကင္းလြတ္ သီတင္းလည္းကၽြတ္ျပီဆိုေတာ့ မဂၤလာပြဲေတြ အလွ်ဳိလွ်ဳိေပၚလာျပီေပါ့။ မဂၤလာမေဆာင္ခင္ ၾကိဳတင္ျပင္ဆင္စရာေလးေတြကို "လူပ်ဳိဘ၀ကို တာ့တာျပေတာ့မယ့္ သတို႕သားေလာင္းမ်ားအတြက္" နဲ႔ "အလွဆံုး သတုိ႔သမီးေလး" ဆိုတဲ့ ပုိစ့္ ၂ ခုတင္ခဲ့ျပီးျပီေနာ္။ အခုအေၾကာင္းက အလွဆံုးသတို႔သမီးေလးမွာ ထည္႔ရမွာပါ။ ဒါေပမယ့္ ဒီအေၾကာင္းကို ေသခ်ာေလးေျပာျပခ်င္လို႕ ပိုစ့္တစ္ခုခြဲလိုက္တာပါ။ ဘာအေၾကာင္းလဲဆိုေတာ့.. ။ :D မဂၤလာေဆာင္ၿပီးရင္ အၾကင္လင္မယားအျဖစ္ ေရာက္ၾကရၿပီေလ။ အဲ့ဒီေတာ့ မဂၤလာဦးညမွာ လင္မယား ျဖစ္သြားေရာေပါ့။ :D အဲ့ေတာ့ ကေလးလည္း ရ ႏိုင္တာေပါ့။ ငယ္ေသးလို႔၊ အလုပ္မအားလို႔ အေၾကာင္းေၾကာင္းေၾကာင့္ ကေလးမလိုခ်င္ေသးတဲ့သူေတြက်ေတာ့ ဘယ္လိုလုပ္မလဲ?? တားေဆးသံုးရမွာေပါ့ေနာ္။ ဒါက လူတိုင္းသိပါတယ္။ မသိတာက တားေဆးကို ဘယ္အခ်ိန္စသံုးရမလဲ ဘာသံုးရမလဲ ဆိုတာပါပဲ။ ရင္ႏွင္းေဆးခန္းမွာ ခဏခဏၾကံဳရပါတယ္။ လက္ထပ္ၿပီး ၃-၄ ရက္ေနမွ ဘာတားေဆးသံုးရမလဲဆိုတဲ့ Case ေတြပါ။ အဲ့ဒီလိုေတြလာရင္ ရင္ႏွင္းတုိ႔ အခက္ၾကံဳရပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီ ၃ - ၄ ရက္အတြင္းမွာပဲ ကိုယ္၀န္ရွိသြားႏိုင္တယ္ေလ။ ကိုယ္၀န္ရွိရင္ တားေဆးသံုးလို႔မွ မရေတာ့တာ။ အဲ့ေတာ့ ေနာက္တစ္ခါ ရာသီလာၿပီးတဲ့အထိေစာင့္၊ မေစာင့္ႏိုင္ရင္ ၂ပတ္ ေစာင့္ၾကည့္တယ္။ ၂ ပတ္အတြင္းမွာ အတူတူေနမယ္ဆိုရင္ေတာ့ ကြန္ဒံုးသံုး၊ ၂ပတ္ျပည့္ရင္ ကိုယ္၀န္ရွိ/မရွိစစ္။ မရွိမွ တားေဆးေပးဆိုေတာ့ ႐ွဳပ္တာေပါ့။ အဲ့ဒီေတာ့ မဂၤလာမေဆာင္ခင္ ၃ - ၄ ရက္ေလာက္ အလိုထဲက တားေဆးသံုးေပးထားရင္ အေကာင္းဆံုးပဲေနာ္။ သေႏၶတားတဲ့ နည္းေတြက အမ်ားႀကီးပဲဆိုေတာ့ ကိုယ္နဲ႕ အဆင္ေျပတာ ေရြးသံုးႏိုင္ေအာင္ ေျပာျပေပးမယ္ေနာ္။

Oral Contraceptive Pills (သေႏၶတားေဆးကဒ္)

ဒါကေတာ့ လူသံုးအရမ္းမ်ားတဲ့နည္းေလးပါ။ တရက္တလံုးေသာက္ရတဲ့ ေဆးလုံုးေလးေတြေပါ့။ မွန္မွန္သာေသာက္သြားရင္ ကိုယ္၀န္မရႏိုင္ဘူး။ စိတ္ခ်ရတယ္၊ ေစ်းလဲေတာ္ေတာ္ေပါတယ္။ ကေလးလိုခ်င္လို႕ ေဆးျဖတ္လိုက္တဲ့အခါ သိပ္မၾကာဘူး ကေလးျပန္ရႏိုင္တယ္။ တစ္လတစ္ခါ ရာသီမွန္မွန္လာတယ္။ လာရင္လည္း မမ်ားဘူး။ ၿပီးေတာ့ ရာသီလာတဲ့အခ်ိန္ ဗိုက္နာတာ၊ သားအိမ္အလံုး၊ ေနရာလြဲၿပီး သေႏၶတည္တာ စတာေတြ ျဖစ္ႏိုင္ေခ်လည္း နည္းသြားေစတယ္။ ဒီေဆးမွာ ေကာင္းက်ဳိး ေတာ္ေတာ္မ်ားေပမယ့္ မေသာက္သင့္တဲ့သူေတြလည္း ရွိတယ္ေနာ္။ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေလျဖတ္၊ ေသြးတိုး၊ ေသြးလွည့္အဖြဲ႕အစည္းျပႆနာ၊ အသည္းေရာဂါ၊ ရင္သားကင္ဆာနဲ႕ ေခါင္းတျခမ္းကိုက္တတ္သူေတြ ဒီေဆးကို လံုး၀မေသာက္သင့္ပါဘူး။ ဘယ္လိုအခ်ိန္မွာ ေသာက္ရမလဲဆိုေတာ့ ကိုယ္၀န္မရွိတာေသခ်ာရင္ ဘယ္အခ်ိန္ျဖစ္ျဖစ္ ေသာက္လုိ႔ ရပါတယ္။ ရာသီစလာတဲ့ရက္ကေန ၅ရက္အတြင္း ေသာက္ရင္ အေကာင္းဆံုးပါပဲ။ တကယ္လို႔ ၅ ရက္ ေက်ာ္သြားၿပီဆိုရင္ေတာ့ ေဆးစေသာက္တဲ့ရက္ကေန ၇ ရက္ၾကာတဲ့အထိ အမ်ိဳးသားနဲ႕ အတူမေနနဲ႔ေတာ့ေနာ္။ ေနရင္လည္း ကြန္ဒံုးသံုးပါ။ ေဆးကို တစ္ရက္တစ္လံုးေသာက္ရမွာပါ။ တစ္ကဒ္ကုန္တာနဲ႔ ေနာက္တစ္ကဒ္ ဆက္ေသာက္ပါ။ ေန႔တိုင္းေဆးမျပတ္ပါေစနဲ႔။ တကယ္လို႔ ေဆးေသာက္ဖုိ႔ တစ္ရက္ပ်က္သြားတယ္ဆိုရင္ သတိရရခ်င္း တစ္လံုးေသာက္ပါ။ အဲ့ဒီေန႔ ေသာက္ရမယ့္ေဆးကို ဆက္ေသာက္ပါ။ တကယ္လို႔ ၂ ရက္နဲ႔အထက္ မေသာက္မိဘူး ဆိုရင္ေတာ့ သတိရတဲ့ေန႔မွာ ဆက္ေသာက္ပါ။ ဒါေပမယ့္ ၇ရက္ေလာက္ေတာ့ အမ်ဳိးသားနဲ႕အတူမေနပါနဲ႔ (သို႔ ) ကြန္ဒံုး သံုးပါ။ တကယ္လို႔ ေဆးကဒ္ ေနာက္ဆံုးအတန္းက ေဆးကို ေသာက္ရမွာ ေမ့သြားတာဆိုရင္ေတာ့ အဲ့ကဒ္ကိုဆက္မေသာက္ပဲ ကဒ္အသစ္ကိုစေသာက္ရမွာပါေနာ္။ တကယ္လုိ႔ ေဆးေသာက္ေနရင္း ၀မ္းဗိုက္ပိုင္း၊ ရင္ဘက္၊ ေျခေထာက္ေတြက နာလာတယ္။ နာတာကလည္း မသက္သာဘူး မေပ်ာက္ဘူးဆိုရင္.. ေခါင္းအရမ္းကိုက္၊ အျမင္ကလည္း မၾကည္မလင္ျဖစ္ရင္၊ မ်က္လံုးေတြ အသားေတြ၀ါလာရင္ေတာ့ ဆရာ၀န္ဆီကို သြားကိုသြားရမွာေနာ္။

Injectable progestogen (၃လခံထိုးေဆး)

 ၃ လခံထိုးေဆးကိုလည္း အသံုးမ်ားပါတယ္။ ေန႔တိုင္း တားေဆးမေသာက္ခ်င္သူေတြ၊ ေမ့တတ္သူေတြအတြက္ အဆင္ေျပတဲ့နည္းေလးပါပဲ။ အရမ္းလည္း စိတ္ခ်ရတယ္ေလ။ မေကာင္းတာကေတာ့ ေဆးထုိးတဲ့ ပထမ တစ္ႏွစ္မွာ ၃ ကီလိုေလာက္ထိကုိ ကိုယ္အေလးခ်ိန္ တက္လာတတ္တယ္ေလ။ ေဆးျဖတ္လိုက္ရင္လည္း ၆ လကေန ၁ႏွစ္ခြဲ ၂ႏွစ္ေလာက္ထိ ကေလးမရတတ္ဘူး။ ရာသီကလည္း လံုး၀ေပ်ာက္ရင္ေပ်ာက္ မဟုတ္ရင္လည္း လာတယ္ဆိုရုံေလးလာတတ္တာေလ။ ဘာမွေတာ့မျဖစ္ေပမယ့္ ရာသီဆိုရင္ လတိုင္းလာမွ စိတ္ေက်နပ္သူေတြအတြက္ေတာ့ ေကာင္းဘူးေပါ့။ ၿပီးေတာ့ ေဆးကိုအရမ္းအၾကာႀကီး စြဲထိုးရင္ အရိုးပြေရာဂါလည္း ျဖစ္ႏိုင္တယ္ေလ။ ဒါေပမယ့္ ေဘးထြက္ဆိုးက်ဳိး ေတြကလည္း အရမ္းထိခိုက္တာမဟုတ္ေတာ့ ေတာ္ေတာ္သံုးၾကတယ္ေနာ္။

 Intrauterine Contraceptive Device (သားအိမ္တြင္းထည္႔ ပစၥည္း)

ဒီနည္းကိုလည္း သံုးၾကတယ္။ သားအိမ္ထဲကို ပစၥည္းေလးတစ္ခုထၫ္႔ၿပီး သေႏၶတားတဲ့နည္းေပါ့။ အဲ့ဒီ ပစၥည္းေလးကို ထၫ္႔ထားရင္ ၅ႏွစ္ေလာက္ခံတယ္။ ေရွ႕ကနည္းေတြလို ေဘးထြက္ဆိုးက်ဳိးေတြလည္း မရွိဘူး။ ထည္႔ထားၿပီး တစ္ခုခုျဖစ္ရင္လည္း ခ်က္ခ်င္း ျပန္ထုတ္ႏိုင္တယ္။ ကေလးျပန္လိုခ်င္ရင္လည္း ထုတ္ၿပီး သိပ္မၾကာဘူး ျပန္ရႏိုင္တယ္။ အဲ့လိုေကာင္းက်ဳိးေလးေတြ ရွိတာေပါ့ေနာ္။ ေကာင္းတာနဲ႕ မေကာင္းတာက အျမဲယွဥ္တြဲေနတာဆိုေတာ့ မေကာင္းတာလည္း ရွိေတာ့ ရွိတာေပါ့။ ဘာေတြလည္းဆိုေတာ့ ၾကာလာရင္ ပိုး၀င္ႏိုင္တယ္။ ရာသီလာရင္လည္း မ်ားတတ္တယ္။ ကိုက္တာ ခဲ့တာေတြျဖစ္တတ္တယ္။ ပစၥည္းေလးက က်ဳိးတာတုိ႔ အျပင္ျပန္ထြက္က်တာတို႕ ျဖစ္တတ္တယ္။ ဒါေပမယ့္ ျဖစ္တတ္တယ္ဆိုေပမယ့္ ျဖစ္တာနဲတယ္ဆိုေတာ့ ဒီနည္းေလးကိုလည္း လူသံုးမ်ားပါတယ္။ သားအိမ္ထဲကိုထည္႔တာဆိုေတာ့ အပ်ဳိေလးေတြထည္႔လို႔ သိပ္အဆင္မေျပဘူးေပါ့ေနာ္။ ရွက္တာတို႔ ထည္႔တဲ့အခ်ိန္ အပ်ဳိအေျမွးပါး ေပါက္ျပဲသြားတာတုိ႔ ျဖစ္တတ္တာကိုး။

Condon (ကြန္ဒံုး)

ဒီနည္းက အတူေနတဲ့အခ်ိန္ပဲ သံုးရတာဆိုေတာ့ ဆိုးက်ဳိးေတြမရွိဘူး။ လိင္ကတဆင့္ ကူစက္တတ္တဲ့ေရာဂါေတြလည္း ကာကြယ္ေပးတယ္။ ေစ်းလည္းေပါတယ္၊ သံုးရတာလည္း လြယ္တယ္။ ဒါေပမယ့္ေပါ့ေနာ္.. မေကာင္းတဲ့အခ်က္ေတြလည္းရွိတာေပါ့။ ကြန္ဒံုးကၽြတ္သြားတာ၊ စုတ္ျပဲသြားတာေတြျဖစ္ႏိုင္တယ္ေလ။ ဆက္ဆံတဲ့အခ်ိန္မွာ စိတ္မေက်နပ္တာ ျဖစ္တတ္တယ္။ အဲ့ဒီေတာ့ တစ္ခါတစ္ေလ သံုးတာေလာက္ပဲ အဆင္ေျပမွာေပါ့။ ကြန္ဒံုးကို မသံုးခင္ အထုပ္ကေပါက္ေနလား၊ အသစ္လား ေသခ်ာၾကည္႔ ၊ သက္တမ္းကုန္ဆံုးရက္ကို ၾကၫ္႔၊ အိတ္ကိုေဖာက္တဲ့အခါ အရာေလးအတိုင္းေဖာက္၊ ကပ္ေၾကးကို မသံုးနဲ႔ မေတာ္တဆ ကြန္ဒံုးကိုထိမိၿပီး ေပါက္ျပဲသြားႏိုင္တယ္ေလ။ ဒီလိုေလးေတြေတာ့ နဲနဲသတိထားရမယ္ေနာ္။ မဂၤလာေဆာင္ၿပီးရင္ေတာ့ ကြန္ဒံုးကိုသံုးတာထက္ အေပၚကနည္းေတြကိုသံုးတာ ပိုအဆင္ေျပမွာပါ။ ဒါေပမယ့္ ကေလးလည္း မယူခ်င္ေသးဘူး အေပၚကတားေဆးေတြကိုလည္း မသံုးျဖစ္ေသးဘူးဆိုရင္ေတာ့ ကြန္ဒံုးသံုးဖုိ႔ မေမ့နဲ႕ေနာ္။ အေပၚမွာ ရင္ႏွင္းေျပာျပခဲ့တဲ့နည္းေတြက အဆင္လည္းေျပ၊ စိတ္လည္းခ်ရၿပီး လူသံုးမ်ားတဲ့ နည္းေလးေတြေပါ့။ တျခားနည္းေလးေတြလည္း ရွိပါေသးတယ္။ ၁) သားဥေႁကြတဲ့အခ်ိန္ကို ေရွာင္တဲ့နည္း ၂) သုတ္ရည္ ေရွာင္တဲ့နည္း စတာေတြပါ။ ဒါေပမယ့္ ဒီနည္းေတြက စိတ္မခ်ရဘူး။ အခန္႔မသင့္ရင္ ကေလးရသြားႏိုင္တယ္ေနာ္။ ခုေနာက္ပိုင္းမွာ လက္ေမာင္းအသားထဲ ပစၥည္းထည္႔တဲ့နည္းလည္း ေပၚေနပါၿပီ။ ျမန္မာႏိုင္ငံမွာေတာ့ သိပ္မတြင္က်ယ္ေသးပါဘူး။
ခုဆိုရင္ သူငယ္ခ်င္းတို႔လည္း ေတာ္ေတာ္ဗဟုသုတ ရသြားေလာက္ၿပီေနာ္။ သေႏၶတားတဲ့နည္းေတြက အမ်ားႀကီးပဲ။ ထိုးေဆး၊ ေသာက္ေဆး၊ သားအိမ္ထဲထၫ္႔၊ လက္ေမာင္း အသားထဲထၫ္႔... စံုလို႔ပါပဲ။ ဒါေပမယ့္ မိန္းကေလးေတြပဲ အနာခံရ အလုပ္႐ွဳပ္ခံရတာဆိုေတာ့ မေက်နပ္စရာပဲေနာ္။ သတင္းေကာင္း တစ္ခုေတာ့ရွိတယ္။ အမ်ဳိးသားေတြ ေသာက္ရမယ့္ သေႏၶတားေဆးေတြ ေပၚလာေတာ့မယ္တဲ့။ ၀မ္းသာစရာပဲ။ :D ေနာက္တာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ရင္ႏွင္းေျပာခ်င္တာက ကေလးမလိုခ်င္ရင္ေတာ့ သေႏၶတားပါ။ သာယာခ်မ္းေျမ့ၿပီး ေပ်ာ္စရာအိမ္ေထာင္သည္ဘ၀ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစရွင္...။

Credit: thadinatin

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...




#Unicode Version

ခေါင်းစဉ်ကိုကြည့်ပြီးတော့ အရမ်းစိတ်ဝင်စားသွားပြီဟုတ်?? စိတ်ဝင်စားအောင် တမင်အဲ့လိုခေါင်းစဉ်ပေးလိုက်တာပါ၊ ဒါမှ ရင်နှင်းက သူငယ်ချင်းတို့ကို သေချာ ပညာပေးလို့ရမှာလေ။ :D ဝါလကင်းလွတ် သီတင်းလည်းကျွတ်ပြီဆိုတော့ မင်္ဂလာပွဲတွေ အလျှိုလျှိုပေါ်လာပြီပေါ့။ မင်္ဂလာမဆောင်ခင် ကြိုတင်ပြင်ဆင်စရာလေးတွေကို "လူပျိုဘဝကို တာ့တာပြတော့မယ့် သတို့သားလောင်းများအတွက်" နဲ့ "အလှဆုံး သတို့သမီးလေး" ဆိုတဲ့ ပိုစ့် ၂ ခုတင်ခဲ့ပြီးပြီနော်။ အခုအကြောင်းက အလှဆုံးသတို့သမီးလေးမှာ ထည့်ရမှာပါ။ ဒါပေမယ့် ဒီအကြောင်းကို သေချာလေးပြောပြချင်လို့ ပိုစ့်တစ်ခုခွဲလိုက်တာပါ။ ဘာအကြောင်းလဲဆိုတော့.. ။ :D မင်္ဂလာဆောင်ပြီးရင် အကြင်လင်မယားအဖြစ် ရောက်ကြရပြီလေ။ အဲ့ဒီတော့ မင်္ဂလာဦးညမှာ လင်မယား ဖြစ်သွားရောပေါ့။ :D အဲ့တော့ ကလေးလည်း ရ နိုင်တာပေါ့။ ငယ်သေးလို့၊ အလုပ်မအားလို့ အကြောင်းကြောင်းကြောင့် ကလေးမလိုချင်သေးတဲ့သူတွေကျတော့ ဘယ်လိုလုပ်မလဲ?? တားဆေးသုံးရမှာပေါ့နော်။ ဒါက လူတိုင်းသိပါတယ်။ မသိတာက တားဆေးကို ဘယ်အချိန်စသုံးရမလဲ ဘာသုံးရမလဲ ဆိုတာပါပဲ။ ရင်နှင်းဆေးခန်းမှာ ခဏခဏကြုံရပါတယ်။ လက်ထပ်ပြီး ၃-၄ ရက်နေမှ ဘာတားဆေးသုံးရမလဲဆိုတဲ့ Case တွေပါ။ အဲ့ဒီလိုတွေလာရင် ရင်နှင်းတို့ အခက်ကြုံရပါတယ်။ ဘာလို့လဲဆိုတော့ ဒီ ၃ - ၄ ရက်အတွင်းမှာပဲ ကိုယ်ဝန်ရှိသွားနိုင်တယ်လေ။ ကိုယ်ဝန်ရှိရင် တားဆေးသုံးလို့မှ မရတော့တာ။ အဲ့တော့ နောက်တစ်ခါ ရာသီလာပြီးတဲ့အထိစောင့်၊ မစောင့်နိုင်ရင် ၂ပတ် စောင့်ကြည့်တယ်။ ၂ ပတ်အတွင်းမှာ အတူတူနေမယ်ဆိုရင်တော့ ကွန်ဒုံးသုံး၊ ၂ပတ်ပြည့်ရင် ကိုယ်ဝန်ရှိ/မရှိစစ်။ မရှိမှ တားဆေးပေးဆိုတော့ ရှုပ်တာပေါ့။ အဲ့ဒီတော့ မင်္ဂလာမဆောင်ခင် ၃ - ၄ ရက်လောက် အလိုထဲက တားဆေးသုံးပေးထားရင် အကောင်းဆုံးပဲနော်။ သန္ဓေတားတဲ့ နည်းတွေက အများကြီးပဲဆိုတော့ ကိုယ်နဲ့ အဆင်ပြေတာ ရွေးသုံးနိုင်အောင် ပြောပြပေးမယ်နော်။

Oral Contraceptive Pills (သန္ဓေတားဆေးကဒ်)

ဒါကတော့ လူသုံးအရမ်းများတဲ့နည်းလေးပါ။ တရက်တလုံးသောက်ရတဲ့ ဆေးလုံးလေးတွေပေါ့။ မှန်မှန်သာသောက်သွားရင် ကိုယ်ဝန်မရနိုင်ဘူး။ စိတ်ချရတယ်၊ ဈေးလဲတော်တော်ပေါတယ်။ ကလေးလိုချင်လို့ ဆေးဖြတ်လိုက်တဲ့အခါ သိပ်မကြာဘူး ကလေးပြန်ရနိုင်တယ်။ တစ်လတစ်ခါ ရာသီမှန်မှန်လာတယ်။ လာရင်လည်း မများဘူး။ ပြီးတော့ ရာသီလာတဲ့အချိန် ဗိုက်နာတာ၊ သားအိမ်အလုံး၊ နေရာလွဲပြီး သန္ဓေတည်တာ စတာတွေ ဖြစ်နိုင်ချေလည်း နည်းသွားစေတယ်။ ဒီဆေးမှာ ကောင်းကျိုး တော်တော်များပေမယ့် မသောက်သင့်တဲ့သူတွေလည်း ရှိတယ်နော်။ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်၊ သွေးတိုး၊ သွေးလှည့်အဖွဲ့အစည်းပြဿနာ၊ အသည်းရောဂါ၊ ရင်သားကင်ဆာနဲ့ ခေါင်းတခြမ်းကိုက်တတ်သူတွေ ဒီဆေးကို လုံးဝမသောက်သင့်ပါဘူး။ ဘယ်လိုအချိန်မှာ သောက်ရမလဲဆိုတော့ ကိုယ်ဝန်မရှိတာသေချာရင် ဘယ်အချိန်ဖြစ်ဖြစ် သောက်လို့ ရပါတယ်။ ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း သောက်ရင် အကောင်းဆုံးပါပဲ။ တကယ်လို့ ၅ ရက် ကျော်သွားပြီဆိုရင်တော့ ဆေးစသောက်တဲ့ရက်ကနေ ၇ ရက်ကြာတဲ့အထိ အမျိုးသားနဲ့ အတူမနေနဲ့တော့နော်။ နေရင်လည်း ကွန်ဒုံးသုံးပါ။ ဆေးကို တစ်ရက်တစ်လုံးသောက်ရမှာပါ။ တစ်ကဒ်ကုန်တာနဲ့ နောက်တစ်ကဒ် ဆက်သောက်ပါ။ နေ့တိုင်းဆေးမပြတ်ပါစေနဲ့။ တကယ်လို့ ဆေးသောက်ဖို့ တစ်ရက်ပျက်သွားတယ်ဆိုရင် သတိရရချင်း တစ်လုံးသောက်ပါ။ အဲ့ဒီနေ့ သောက်ရမယ့်ဆေးကို ဆက်သောက်ပါ။ တကယ်လို့ ၂ ရက်နဲ့အထက် မသောက်မိဘူး ဆိုရင်တော့ သတိရတဲ့နေ့မှာ ဆက်သောက်ပါ။ ဒါပေမယ့် ၇ရက်လောက်တော့ အမျိုးသားနဲ့အတူမနေပါနဲ့ (သို့ ) ကွန်ဒုံး သုံးပါ။ တကယ်လို့ ဆေးကဒ် နောက်ဆုံးအတန်းက ဆေးကို သောက်ရမှာ မေ့သွားတာဆိုရင်တော့ အဲ့ကဒ်ကိုဆက်မသောက်ပဲ ကဒ်အသစ်ကိုစသောက်ရမှာပါနော်။ တကယ်လို့ ဆေးသောက်နေရင်း ဝမ်းဗိုက်ပိုင်း၊ ရင်ဘက်၊ ခြေထောက်တွေက နာလာတယ်။ နာတာကလည်း မသက်သာဘူး မပျောက်ဘူးဆိုရင်.. ခေါင်းအရမ်းကိုက်၊ အမြင်ကလည်း မကြည်မလင်ဖြစ်ရင်၊ မျက်လုံးတွေ အသားတွေဝါလာရင်တော့ ဆရာဝန်ဆီကို သွားကိုသွားရမှာနော်။

Injectable progestogen (၃လခံထိုးဆေး)

 ၃ လခံထိုးဆေးကိုလည်း အသုံးများပါတယ်။ နေ့တိုင်း တားဆေးမသောက်ချင်သူတွေ၊ မေ့တတ်သူတွေအတွက် အဆင်ပြေတဲ့နည်းလေးပါပဲ။ အရမ်းလည်း စိတ်ချရတယ်လေ။ မကောင်းတာကတော့ ဆေးထိုးတဲ့ ပထမ တစ်နှစ်မှာ ၃ ကီလိုလောက်ထိကို ကိုယ်အလေးချိန် တက်လာတတ်တယ်လေ။ ဆေးဖြတ်လိုက်ရင်လည်း ၆ လကနေ ၁နှစ်ခွဲ ၂နှစ်လောက်ထိ ကလေးမရတတ်ဘူး။ ရာသီကလည်း လုံးဝပျောက်ရင်ပျောက် မဟုတ်ရင်လည်း လာတယ်ဆိုရုံလေးလာတတ်တာလေ။ ဘာမှတော့မဖြစ်ပေမယ့် ရာသီဆိုရင် လတိုင်းလာမှ စိတ်ကျေနပ်သူတွေအတွက်တော့ ကောင်းဘူးပေါ့။ ပြီးတော့ ဆေးကိုအရမ်းအကြာကြီး စွဲထိုးရင် အရိုးပွရောဂါလည်း ဖြစ်နိုင်တယ်လေ။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုး တွေကလည်း အရမ်းထိခိုက်တာမဟုတ်တော့ တော်တော်သုံးကြတယ်နော်။

 Intrauterine Contraceptive Device (သားအိမ်တွင်းထည့် ပစ္စည်း)

ဒီနည်းကိုလည်း သုံးကြတယ်။ သားအိမ်ထဲကို ပစ္စည်းလေးတစ်ခုထည့်ပြီး သန္ဓေတားတဲ့နည်းပေါ့။ အဲ့ဒီ ပစ္စည်းလေးကို ထည့်ထားရင် ၅နှစ်လောက်ခံတယ်။ ရှေ့ကနည်းတွေလို ဘေးထွက်ဆိုးကျိုးတွေလည်း မရှိဘူး။ ထည့်ထားပြီး တစ်ခုခုဖြစ်ရင်လည်း ချက်ချင်း ပြန်ထုတ်နိုင်တယ်။ ကလေးပြန်လိုချင်ရင်လည်း ထုတ်ပြီး သိပ်မကြာဘူး ပြန်ရနိုင်တယ်။ အဲ့လိုကောင်းကျိုးလေးတွေ ရှိတာပေါ့နော်။ ကောင်းတာနဲ့ မကောင်းတာက အမြဲယှဉ်တွဲနေတာဆိုတော့ မကောင်းတာလည်း ရှိတော့ ရှိတာပေါ့။ ဘာတွေလည်းဆိုတော့ ကြာလာရင် ပိုးဝင်နိုင်တယ်။ ရာသီလာရင်လည်း များတတ်တယ်။ ကိုက်တာ ခဲ့တာတွေဖြစ်တတ်တယ်။ ပစ္စည်းလေးက ကျိုးတာတို့ အပြင်ပြန်ထွက်ကျတာတို့ ဖြစ်တတ်တယ်။ ဒါပေမယ့် ဖြစ်တတ်တယ်ဆိုပေမယ့် ဖြစ်တာနဲတယ်ဆိုတော့ ဒီနည်းလေးကိုလည်း လူသုံးများပါတယ်။ သားအိမ်ထဲကိုထည့်တာဆိုတော့ အပျိုလေးတွေထည့်လို့ သိပ်အဆင်မပြေဘူးပေါ့နော်။ ရှက်တာတို့ ထည့်တဲ့အချိန် အပျိုအမြှေးပါး ပေါက်ပြဲသွားတာတို့ ဖြစ်တတ်တာကိုး။

Condon (ကွန်ဒုံး)

ဒီနည်းက အတူနေတဲ့အချိန်ပဲ သုံးရတာဆိုတော့ ဆိုးကျိုးတွေမရှိဘူး။ လိင်ကတဆင့် ကူစက်တတ်တဲ့ရောဂါတွေလည်း ကာကွယ်ပေးတယ်။ ဈေးလည်းပေါတယ်၊ သုံးရတာလည်း လွယ်တယ်။ ဒါပေမယ့်ပေါ့နော်.. မကောင်းတဲ့အချက်တွေလည်းရှိတာပေါ့။ ကွန်ဒုံးကျွတ်သွားတာ၊ စုတ်ပြဲသွားတာတွေဖြစ်နိုင်တယ်လေ။ ဆက်ဆံတဲ့အချိန်မှာ စိတ်မကျေနပ်တာ ဖြစ်တတ်တယ်။ အဲ့ဒီတော့ တစ်ခါတစ်လေ သုံးတာလောက်ပဲ အဆင်ပြေမှာပေါ့။ ကွန်ဒုံးကို မသုံးခင် အထုပ်ကပေါက်နေလား၊ အသစ်လား သေချာကြည့် ၊ သက်တမ်းကုန်ဆုံးရက်ကို ကြည့်၊ အိတ်ကိုဖောက်တဲ့အခါ အရာလေးအတိုင်းဖောက်၊ ကပ်ကြေးကို မသုံးနဲ့ မတော်တဆ ကွန်ဒုံးကိုထိမိပြီး ပေါက်ပြဲသွားနိုင်တယ်လေ။ ဒီလိုလေးတွေတော့ နဲနဲသတိထားရမယ်နော်။ မင်္ဂလာဆောင်ပြီးရင်တော့ ကွန်ဒုံးကိုသုံးတာထက် အပေါ်ကနည်းတွေကိုသုံးတာ ပိုအဆင်ပြေမှာပါ။ ဒါပေမယ့် ကလေးလည်း မယူချင်သေးဘူး အပေါ်ကတားဆေးတွေကိုလည်း မသုံးဖြစ်သေးဘူးဆိုရင်တော့ ကွန်ဒုံးသုံးဖို့ မမေ့နဲ့နော်။ အပေါ်မှာ ရင်နှင်းပြောပြခဲ့တဲ့နည်းတွေက အဆင်လည်းပြေ၊ စိတ်လည်းချရပြီး လူသုံးများတဲ့ နည်းလေးတွေပေါ့။ တခြားနည်းလေးတွေလည်း ရှိပါသေးတယ်။ ၁) သားဥကြွေတဲ့အချိန်ကို ရှောင်တဲ့နည်း ၂) သုတ်ရည် ရှောင်တဲ့နည်း စတာတွေပါ။ ဒါပေမယ့် ဒီနည်းတွေက စိတ်မချရဘူး။ အခန့်မသင့်ရင် ကလေးရသွားနိုင်တယ်နော်။ ခုနောက်ပိုင်းမှာ လက်မောင်းအသားထဲ ပစ္စည်းထည့်တဲ့နည်းလည်း ပေါ်နေပါပြီ။ မြန်မာနိုင်ငံမှာတော့ သိပ်မတွင်ကျယ်သေးပါဘူး။
ခုဆိုရင် သူငယ်ချင်းတို့လည်း တော်တော်ဗဟုသုတ ရသွားလောက်ပြီနော်။ သန္ဓေတားတဲ့နည်းတွေက အများကြီးပဲ။ ထိုးဆေး၊ သောက်ဆေး၊ သားအိမ်ထဲထည့်၊ လက်မောင်း အသားထဲထည့်... စုံလို့ပါပဲ။ ဒါပေမယ့် မိန်းကလေးတွေပဲ အနာခံရ အလုပ်ရှုပ်ခံရတာဆိုတော့ မကျေနပ်စရာပဲနော်။ သတင်းကောင်း တစ်ခုတော့ရှိတယ်။ အမျိုးသားတွေ သောက်ရမယ့် သန္ဓေတားဆေးတွေ ပေါ်လာတော့မယ်တဲ့။ ဝမ်းသာစရာပဲ။ :D နောက်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရင်နှင်းပြောချင်တာက ကလေးမလိုချင်ရင်တော့ သန္ဓေတားပါ။ သာယာချမ်းမြေ့ပြီး ပျော်စရာအိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်...။

Credit: thadinatin


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top