iMyanmarHouse.com - Best Property Website for Myanmar
×

အလွအပေရးရာသာမက၊ အျခားေသာ လူေနမႈပံုစံ၊ သင့္တစ္ေန႕တာ လုပ္ေဆာင္မႈေတြမွာပါ မွားယြင္းလုပ္ေဆာင္ ေနၾကတာမ်ိဳးေတြ အမ်ားၾကီး ရွိပါတယ္။ အဲ့ဒီအထဲက သင့္အေနနဲ႕ ဒီအရာေတြကိုေရာ မွန္ကန္ေအာင္ လုပ္ေဆာင္ႏိုင္ျပီလား ။

ဆံပင္ေျဖာင့္တဲ့အခါ

ဆံပင္ကို ေျဖာင့္စက္ဆြဲေတာ့မယ္ဆုိရင္ လံုး၀ေျခာက္သြားတဲ့အခါ ေစာင့္ျပီးမွ ဆြဲသင့္ပါတယ္။ မေျခာက္တေျခာက္မွာ ေျဖာင့္စက္ဆြဲမိတာနဲ႕ သင့္ဆံပင္က အေငြ႕ေတြေရာ၊ အသံေတြ တဖ်စ္ဖ်စ္ပါ ထြက္လာပါလိမ့္မယ္။ အဲ့ဒီလို ထြက္လာျပီဆုိရင္ ဒါသင့္ဆံပင္အတြက္ အႏၱရာယ္ၾကီးမားလြန္းပါတယ္။ ဒါဟာ ဆံပင္ေတြ ပ်က္စီးေစဖုိ႕အတြက္ အားေပးအားေျမွာက္အျဖစ္ဆံုးအရာဆုိတာ မေမ့ပါနဲ႕။

အြန္လိုင္းေပၚက ပစၥည္း၀ယ္ထားျပီး ျပန္လဲရမယ့္ အေျခအေန ျဖစ္လာတဲ့အခါ

အြန္လိုင္းကေန ကိုယ္မွာလိုက္တဲ့ ပစၥည္း brand တစ္ခုခုက မွာတဲ့အတုိင္း ေရာက္မလာပဲ အေရာင္ေတြက လြဲေနမယ္၊ ဆုိဒ္ေတြလည္း မွားေနမယ္ဆုိရင္ေတာ့ အဲ့ဒီ brand ဆိုင္ကို တိုက္ရိုက္သြားလဲမယ့္အစား သင္မွာလိုက္တဲ့ အြန္လိုင္းေရွာ့ပင္ကိုသာ ျပန္လဲခုိင္းတာ အေကာင္းဆံုးပါ။ လဲျဖစ္ေအာင္ေတာ့ လဲခုိင္းလိုက္ပါ။ Brand ဆုိင္ကို ျပသနာ သြားရွာတာမ်ိဳးေတာ့ မလုပ္ပါနဲ႕။

မိတ္ကပ္ေဖာင္ေဒးရွင္း ၀ယ္တဲ့အခါ

သင္တုိ႕ မိတ္ကပ္ေဖာင္ေဒးရွင္း ၀ယ္ေတာ့မယ္ဆို လက္ေပၚမွာ အဲ့ဒီေဖာင္ေဒးရွင္းေလးကို တင္ျပီး စမ္းသပ္ေလ့ရွိပါတယ္။ ဒါေကာင္းပါတယ္။ ဒါေပမယ့္ မေကာင္းတာက ေဖာင္ေဒးရွင္းတစ္ခုတည္းကို စမ္းမိတာပါ။ ျဖစ္ႏိုင္ရင္ ေဖာင္ေဒးရွင္းႏွစ္ခုေလာက္ကို တစ္ခါတည္း လက္ေပၚတင္ျပီး ယွဥ္စမ္းၾကည့္ဖုိ႕ လိုပါတယ္။ ဒီေတာ့မွ သင့္အတြက္ အေတာ္အသင့္ အဆင္ေျပတဲ့ ေဖာင္ေဒးရွင္းက သင့္မ်က္ႏွာလင္းလင္းေလး ျဖစ္ေစဖုိ႕အတြက္ အကူအညီျဖစ္မလား၊ နည္းနည္းညိဳတဲ့ဘက္ကို သြားတဲ့ဟာက်ေတာ့ ဘယ္ဟာပိုေကာင္းမလဲဆုိတာ တန္းေရြးခ်ယ္ႏိုင္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

အလှအပရေးရာသာမက၊ အခြားသော လူနေမှုပုံစံ၊ သင့်တစ်နေ့တာ လုပ်ဆောင်မှုတွေမှာပါ မှားယွင်းလုပ်ဆောင် နေကြတာမျိုးတွေ အများကြီး ရှိပါတယ်။ အဲ့ဒီအထဲက သင့်အနေနဲ့ ဒီအရာတွေကိုရော မှန်ကန်အောင် လုပ်ဆောင်နိုင်ပြီလား ။

ဆံပင်ဖြောင့်တဲ့အခါ

ဆံပင်ကို ဖြောင့်စက်ဆွဲတော့မယ်ဆိုရင် လုံးဝခြောက်သွားတဲ့အခါ စောင့်ပြီးမှ ဆွဲသင့်ပါတယ်။ မခြောက်တခြောက်မှာ ဖြောင့်စက်ဆွဲမိတာနဲ့ သင့်ဆံပင်က အငွေ့တွေရော၊ အသံတွေ တဖျစ်ဖျစ်ပါ ထွက်လာပါလိမ့်မယ်။ အဲ့ဒီလို ထွက်လာပြီဆိုရင် ဒါသင့်ဆံပင်အတွက် အန္တရာယ်ကြီးမားလွန်းပါတယ်။ ဒါဟာ ဆံပင်တွေ ပျက်စီးစေဖို့အတွက် အားပေးအားမြှောက်အဖြစ်ဆုံးအရာဆိုတာ မမေ့ပါနဲ့။

အွန်လိုင်းပေါ်က ပစ္စည်းဝယ်ထားပြီး ပြန်လဲရမယ့် အခြေအနေ ဖြစ်လာတဲ့အခါ

အွန်လိုင်းကနေ ကိုယ်မှာလိုက်တဲ့ ပစ္စည်း brand တစ်ခုခုက မှာတဲ့အတိုင်း ရောက်မလာပဲ အရောင်တွေက လွဲနေမယ်၊ ဆိုဒ်တွေလည်း မှားနေမယ်ဆိုရင်တော့ အဲ့ဒီ brand ဆိုင်ကို တိုက်ရိုက်သွားလဲမယ့်အစား သင်မှာလိုက်တဲ့ အွန်လိုင်းရှော့ပင်ကိုသာ ပြန်လဲခိုင်းတာ အကောင်းဆုံးပါ။ လဲဖြစ်အောင်တော့ လဲခိုင်းလိုက်ပါ။ Brand ဆိုင်ကို ပြသနာ သွားရှာတာမျိုးတော့ မလုပ်ပါနဲ့။

မိတ်ကပ်ဖောင်ဒေးရှင်း ဝယ်တဲ့အခါ

သင်တို့ မိတ်ကပ်ဖောင်ဒေးရှင်း ဝယ်တော့မယ်ဆို လက်ပေါ်မှာ အဲ့ဒီဖောင်ဒေးရှင်းလေးကို တင်ပြီး စမ်းသပ်လေ့ရှိပါတယ်။ ဒါကောင်းပါတယ်။ ဒါပေမယ့် မကောင်းတာက ဖောင်ဒေးရှင်းတစ်ခုတည်းကို စမ်းမိတာပါ။ ဖြစ်နိုင်ရင် ဖောင်ဒေးရှင်းနှစ်ခုလောက်ကို တစ်ခါတည်း လက်ပေါ်တင်ပြီး ယှဉ်စမ်းကြည့်ဖို့ လိုပါတယ်။ ဒီတော့မှ သင့်အတွက် အတော်အသင့် အဆင်ပြေတဲ့ ဖောင်ဒေးရှင်းက သင့်မျက်နှာလင်းလင်းလေး ဖြစ်စေဖို့အတွက် အကူအညီဖြစ်မလား၊ နည်းနည်းညိုတဲ့ဘက်ကို သွားတဲ့ဟာကျတော့ ဘယ်ဟာပိုကောင်းမလဲဆိုတာ တန်းရွေးချယ်နိုင်ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top