iMyanmarHouse.com - Best Property Website for Myanmar
×

ရည္းစားနဲ႔မယူခင္ အတူေနသင့္သလား ၊ မေနသင့္ဘူးလားလို႔ လာေမးခဲ့ဖူးသူရွိတယ္။ အဲဒီေမးခြန္းကိုမေျဖခင္ ကၽြန္မက သူမကိုျပန္ေမးလိုက္တယ္။ ဘာရည္ရြယ္ခ်က္နဲ႔ အတူေနခ်င္တာလဲလို႔။

ရည္းစားရဲ႕ဆႏၵျဖည့္ဖို႔ အတူသြားအိပ္မွာလား။

ရည္းစားနဲ႔ အတူအိပ္႐ံု (လိင္အာသာေျဖ႐ံု) အတူေနမွာလား။

အပ်ိဳမဟုတ္တဲ့အတူတူ မထူးပါဘူးေလဆိုၿပီး တြဲတဲ့သူနဲ႔ၿမဲေအာင္ အတူသြားအိပ္မွာလား။

အေဖာ္စံု႐ံု ၊ ေပ်ာ္႐ံုေလး အေျခအေနဖန္လာရင္ ေတြ႔တဲ့သူနဲ႔ အိပ္လိုက္မွာလား။

အိမ္ေထာင္ဘက္အျဖစ္ရည္ရြယ္ထားလို႔ တေယာက္အေၾကာင္း တေယာက္ပိုသိလာေအာင္ တခါအိပ္႐ံုမဟုတ္ ေရရွည္သေဘာ ေနသြားခ်င္တာလား။

ဒီေမးခြန္းေတြကို ကိုယ့္ဘာသာကိုယ္ အရင္ျပန္ေမးၿပီးမွ လက္မထပ္ရေသးတဲ့ အမ်ိဳးသားနဲ႔ စပ္ယွက္ဖို႔ကိုေတြးပါ။ တကယ္ေတာ့ ျမန္မာလူမႈဝန္းက်င္မွာ မိန္းမပ်ိဳေလးမွန္ရင္ ဘယ္အမ်ိဳးသားနဲ႔မွ လက္မထပ္ေသးဘဲ အတူမေနရဘူး။ လိင္ပိုင္းဆိုင္ရာ မစပ္ယွက္ရဘူးလို႔ တားျမစ္လက္ခံထားၾကတာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ေလ ကေလးေတြမသိတမ်ိဳး ၊ သိတမ်ိဳး ဖ်က္ခ်ေနတာ ၊ စြန္႔ပစ္ကေလးေတြ မ်ားလာတာေတြဟာ လက္မထပ္ခင္ အတူေနၾကျခင္းျဖစ္တယ္လို႔ သက္ေသခံေနပါတယ္။ ဒါေၾကာင့္ပဲ ဘာျဖစ္လို႔အတူေနခ်င္တာလဲလို႔ ကိုယ့္ဘာသာကိုယ္ျပန္ေမးခိုင္းတာပါ။

ႏိုင္ငံရပ္ျခားမွာ လက္မထပ္ေသးဘဲ အတူေနၾကတဲ့စံုတြဲေတြရွိပါတယ္။ ဒါေပမယ့္ သူတို႔က တညအိပ္႐ံုဆက္ဆံေရး ၊ ပိုေလးနက္လာရင္ ခဏ ခဏ ခ်ိန္းတြဲၾကည့္တဲ့ဆက္ဆံေရး ၊ ပိုေလးနက္လာရင္ တမိုးေအာက္မွာ အတူေျပာင္းေနၾကတဲ့ဆက္ဆံေရး ၊ ပိုေလးနက္လာရင္ လက္ထပ္ခြင့္ေတာင္းၿပီး ေစ့စပ္ထားတဲ့ဆက္ဆံေရး ၊ ပိုေလးနက္လာရင္ေတာ့ တဘဝစာ လက္ထပ္ေပါင္းသင္းျခင္းပါပဲ။ ဒီေတာ့ အမ်ိဳးသားနဲ႔အတူေနခ်င္တဲ့ကိုယ္ကေကာ ဘယ္အဆင့္မ်ိဳးမွာလဲ။ အမ်ားအားျဖင့္က ခဏ ခဏ ခ်ိန္းတြဲၾကည့္တဲ့ဆက္ဆံေရးျဖစ္ေနၿပီး တခ်ိဳ႕ေတြက တခါအိပ္႐ံုဆက္ဆံေရးလည္းရွိတယ္လို႔ ၾကားသိရပါတယ္။

တခါက တူအရြယ္လူငယ္ေလးက အုပ္စုလိုက္ေလၽွာက္လည္ရင္း သူ႔သူငယ္ခ်င္းရည္းစားနဲ႔ အတူေနျဖစ္သြားတာ ဘာလုပ္ရမလဲလို႔ လာတိုင္ပင္ဖူးတယ္။ ျမန္မာျပည္မွာ အုပ္စုလိုက္အလည္ထြက္ရင္းက ကိုယ့္သူငယ္ခ်င္းရည္းစားနဲ႔ အတူအိပ္လို႔ရတဲ့ေခတ္ျဖစ္သြားၿပီလားလို႔ ကၽြန္မအေတာ္အံ့ၾသသြားခဲ့တယ္။ မေတာ္လို႔ကိုယ္ဝန္ရွိလာရင္ မင္းဘယ္လိုတာဝန္ယူမလဲဆိုေတာ့ ကၽြန္ေတာ္က တခါပဲစားတာတဲ့ ၊ သူ႔သူငယ္ခ်င္းက အခါခါစားေနတာမို႔ ယူမယ့္ယူ သူတာဝန္ယူရမွာေပါ့တဲ့ ၊ ကၽြန္ေတာ္နဲ႔အေဝးႀကီးလို႔လည္း ေပါ့တန္တန္ေျပာတာၾကားဖူးခဲ့တယ္။ ျမန္မာျပည္မွာ ဒီလိုအကန္႔ေတြလည္းရွိတယ္တဲ့။ ေၾသာ္ ေခတ္ေတြ ကေမာက္ကမ ေျပာင္းသြားခဲ့ၿပီပဲလို႔ ကၽြန္မလက္ခံလိုက္ရတယ္။

သူ႔သူငယ္ခ်င္းနဲ႔အိပ္ခဲ့တဲ့မိန္းကေလးလို႔ တြဲေနတဲ့ကာင္ေလးသိသြားရင္ ၊ မွားယြင္းလို႔ ကေလးရသြားၿပီး အေဖလို႔ေခၚေနသူနဲ႔ မ်ိဳး႐ိုးဗီဇအပါအဝင္ ႐ုပ္ရည္ခ်င္းမတူရင္ ယူျဖစ္ေစဦးေတာ့ ဒီအိမ္ေထာင္ေရး ဘယ္လိုသာသာယာယာၿမဲၿမံေတာ့မလဲ။ ဒီမိန္းကေလး ဘယ္လိုခံယူခ်က္မ်ိဳးနဲ႔ ရည္စားသူငယ္ခ်င္းနဲ႔ စပ္ယွက္ဖို႔ သေဘာတူလက္ခံခဲ့သလဲ ေတြးႏိုင္ဖို႔ ကၽြန္မဦးေႏွာက္က ဥာဏ္မမီႏိုင္ပါဘူး။ မေတာ္မတက္ ကေလးမ်ားရခဲ့ရင္ ကေလးခမ်ာ သနားစရာ။

တခ်ိဳ႕ေတြက အသက္ငယ္ငယ္ေလးနဲ႔ သူ႔ရည္းစားနဲ႔အဆင္မေျပလို႔ မေတာ္တဆရခဲ့တဲ့ကေလး ဖ်က္ခ်တဲ့အေၾကာင္းကို ႐ုပ္ရွင္အေၾကာင္းေျပာသလို ေအးေအးေဆးေဆး ေျပာေနႏိုင္တာမ်ိဳးလည္း ၾကားခဲ့ဖူးတယ္။ ျမန္မာျပည္မွာေနာ္ ျမန္မာျပည္မွာ ၾကားတာ။ သူမ်ားစကားေျပာတာ သြားၿပီးေခ်ာင္းနားမေထာင္ပါဘူး။ ဘတ္စ္ကားေပၚမွာ တီးတိုးတီးတိုး သူတို႔အခ်င္းခ်င္းေျပာေနတာကို ၾကားခဲ့ၿပီး တအံ့တၾသျဖစ္ခဲ့ရတာ။

ကိုယ္ၾကားသလို သူတို႔အနီးအနားက တျခားသူေတြလည္းၾကားႏိုင္တာပဲ။ မိန္းကေလးေတြကေတာ့ ႐ုပ္ကေလး ငယ္ငယ္ႏုႏု ျပင္ျပင္ဆင္ဆင္ေလးေတြနဲ႔ မထင္ရက္စရာေလးေတြပါ။ ႐ံုးဝတ္စံုဆင္တူေလးဝတ္ထားတာေတြ႔ရခဲ့လို႔ စာရိတၱမေကာင္းတဲ့ မိန္းကေလးေတြမို႔ ဒီလိုေပါ့ေပါ့တန္တန္ သေဘာထားတယ္လို႔လည္း ေျပာမရဘူးေလ။

အပ်ိဳလို႔သာဆိုရတာ ေယာက်ာ္းေလးနဲ႔လည္း စပ္ယွက္ဖူးတယ္ ၊ ကေလးလည္းဖ်က္ဖူးတယ္။ ဘယ္မွာလဲအရွက္ဆိုတာ ….. ကေလးဖ်က္တယ္ဆိုတာ ကေလးေမြးသလိုပဲ အရွက္ကုန္တာပါ။ ကေလးအေကာင္လိုက္ အသက္ရွင္လ်က္ေကၽြးေမြးျပဳစုရတာနဲ႔ အေကာင္မေရာက္တေရာက္ အသက္မရွိေသးတာ (တခါတေလအသက္ရွိေနတာ)ကို သားအိမ္ထဲက ဖ်က္ထုတ္လိုက္တာပဲကြာတယ္။ အခါခါဖ်က္ဖူးရင္ အခါခါအရွက္ကုန္သြားၿပီမို႔ အတူေနတယ္ဆိုတာလည္း မထူးဆန္းေတာ့ဘူး ၊ ဖ်က္တယ္ဆိုတာလည္း မထူးဆန္းေတာ့ဘူးျဖစ္လာတယ္။

မထူးေတာ့ဘူးဆိုတဲ့ မိန္းကေလးေတြက တြဲသမၽွေယာက်ာ္းတိုင္းနဲ႔အိပ္ဖို႔ အညႇာလြယ္တယ္။ တခါတေလ ေယာက်ာ္ေလးကမစရင္ေတာင္ သူတို႔ေတြက စၿပီးျမႇဴဆြယ္တတ္ၾကတယ္။ သူတို႔အတြက္က ဘာမွမထူးေတာ့ဘူးလို႔ ခံယူထားတဲ့အတြက္ ခပ္သာသာအမ်ိဳးေကာင္းသားေလးေတြ႔ရင္ အမိဖမ္းမယ္ဆိုတဲ့စိတ္က ႀကီးစိုးသြားခဲ့ၿပီမို႔ သူမ်ားခင္ပြန္း ၊ သူမ်ားရည္းစားဆိုတာကိုလည္း စည္းထားၿပီးမေရွာင္ႏိုင္ေတာ့ဘူးေလ။

ေယာက်္ားေတြနဲ႔ အခါခါေန ၊ ကေလးအခါခါဖ်က္ဖူးၿပီဆိုေတာ့ မထူးဇတ္ခင္းရင္းနဲ႔ ေယာက်ာ္းအထာလည္း နပ္လာတယ္။ မိန္းမက်မ္းေၾကတဲ့ အမ်ိဳးသားဆိုတာ အမ်ိဳးသမီးမ်ားစြာနဲ႔ ပတ္သက္ဆက္ယွက္ဖူးလို႔ မိန္းကေလးအထာသိၿပီး ဘယ္လိုကိုင္တြယ္ရမယ္လို႔ ပါးနပ္ေနတာပါ။ ဒီအတိုင္းပါပဲ။ ေယာက်ာ္းက်မ္းေၾကတဲ့ အမ်ိဳးသမီးဆိုတာ အမ်ိဳးသားမ်ားစြာနဲ႔ ပတ္သက္ဆက္ယွက္ဖူးလို႔ ေယာက်ာ္းေလးအထာသိၿပီး ဘယ္လိုကိုင္တြယ္ရမယ္လို႔ ပါးနပ္ေနတာပါ။

အပ်ိဳစင္စစ္စစ္ေတြထက္ ဒီလိုအမ်ိဳးသမီးေတြက အမ်ိဳးသားေတြကို ပိုၿပီး ညဳတတ္ ၊ ယုယတတ္ ၊ ဆြဲေဆာင္တတ္ၾကတယ္။ မိန္းမက်မ္းေၾကတဲ့ အမ်ိဳးသားေတြကလည္း လူပ်ိဳစစ္စစ္ေတြထက္ မိန္းကေလးေတြကို အညႇာကိုင္ႏိုင္ၾကတယ္။ ကိုယ့္ရည္းစားဟာ ဒီဘက္မွာ ဆရာႀကီးတပိုင္းျဖစ္ေနၿပီဆိုရင္ေတာ့ ခပ္ျမန္ျမန္ေရွာင္ေပေတာ့ေပါ့။ ၾကာၾကာဝါးေလ ခါးေလဆိုတာ သူတို႔လိုလူမ်ိဳးေတြပါ။

တခ်ိဳ႕က်ေတာ့ လိင္အာသာဆႏၵျဖည့္ဖို႔ထက္ တဦးအေၾကာင္းတဦး ပိုသိလိုၿပီး တကယ္လည္းခ်စ္ ၊ တကယ္လက္ထပ္ဖို႔လည္းရည္ရြယ္ၿပီး ႏွစ္ဦးသေဘာတူ အတူေနၿပီး လက္ထပ္သြားၾကတာေတြလည္း ေတြ႔ရပါတယ္။ လက္မထပ္ခင္ အတူေနၾကပါလို႔ ကၽြန္မကတိုက္တြန္းမွာမဟုတ္သလို လက္မထပ္ခင္ အတူမေနၾကနဲ႔လို႔ ကၽြန္မက ပိတ္ပင္တားဆီးမွာမဟုတ္ပါဘူး။

ကိုယ့္စိတ္ ၊ ကိုယ့္ကိုယ္မို႔ ကိုယ္ျဖစ္ ကိုယ္ခံေပါ့။ သူမ်ားတိုက္တြန္းလို႔လည္း အတူမေနၾကပါနဲ႔။ တကယ္ဗိုက္ထြက္လာရင္ ကိုယ့္ဗိုက္ပဲထြက္လာမွာ။ ၾကာၾကာဝါးမယ့္သြား အ႐ိုးႀကည့္ေရွာင္ဆိုသလို ေနခ်င္သပဆိုလည္း ေနၾကေပါ့။ ဒါေပမယ့္ အနည္းဆံုး ရာဘာေလးေတာ့သံုးေပါ့။ ေရရွည္က်န္းမာေရးအရ ဒီလိုပဲတိုက္တြန္းရမွာပဲ။

ေဆးထိုးရင္လည္း အမ်ိဳးသမီး ၊ ေဆးေသာက္ေတာ့လည္း အမ်ိဳးသမီး ၊ လက္ေမာင္းပိုက္ထည့္လည္းအမ်ိဳးသမီး ၊ Loop ထည့္လည္းအမ်ိဳးသမီး ၊ သားအိမ္ေကာင္းေကာင္းအလုပ္လုပ္ရင္ ကေလးရႏိုင္တာမို႔ ကေလးမရခ်င္ရင္ ကေလးမရေအာင္တားရမွာက မိန္းမသားေတြရဲ႕ဘဝေပးတာဝန္ပါ။ ေနာင္မွ ကိုယ့္လူကတာဝန္မယူလို႔ အျပစ္မတင္နဲ႔ေလ။ သူတာဝန္ယူယူ ၊ မယူယူ ကိုယ့္တာဝန္ေတာ့ ကိုယ္ယူပါ။

ကၽြန္မသာအႀကံေပးခြင့္ရမယ္ဆို ခ်စ္႐ံုနဲ႔အတူမေနပါနဲ႔။ ေယာက်္ားေကာင္းမဟုတ္တဲ့သူနဲ႔ဆံုခဲ့ရင္ ကိုယ့္မိန္းမတန္ဖိုးပဲက်တာ။ သိကၡာခ်တတ္တဲ့သူနဲ႔ေတြ႔ရင္ ကိုယ့္မိန္းမသိကၡာနဲ႔ အိေျႏၵေတြပဲက်တာ။ လူ႔အတြင္းစိတ္ဆိုတာ အျပင္ပန္းၾကည့္႐ံုနဲ႔ မသိႏိုင္တာမို႔ အနည္းဆံုး ေျခာက္လ ၊ တႏွစ္ေလာက္ေတာ့ သူ႔အေၾကာင္းကို ထဲထဲဝင္ဝင္ေလ့လာၿပီး သူနဲ႔ႏွစ္ဦးသေဘာတူ ေရွ႕ဆက္အတူလက္တြဲလိုတယ္ဆို ႏွစ္ဦးသား လက္ထပ္ဖို႔ ေငြစု ၊ ဆႏၵႀကီးေတာ့လည္း အတူေနၾကေပါ့။ (သူ႔စိတ္သူ႔သေဘာမို႔ ကိုယ္တားလည္း ရတာမွမဟုတ္တာ။)

အတူေနၿပီးသူနဲ႔ အခန္႔မသင့္လို႔ ကြဲသြားသည့္တိုင္ မထူးဇတ္ခင္းၿပီး တြဲတဲ့သူတိုင္းနဲ႔အိပ္တာမ်ိဳး မလုပ္ပါနဲ႔။ စိတ္ဓါတ္က်ၿပီးေတာ့လည္း ေတြ႔ရာသူနဲ႔တြဲေနတာ ၊ ျဖစ္ပ်က္ခ်င္သလို ျဖစ္ပ်က္ေနတာမ်ိဳး မလုပ္ပါနဲ႔။

သံုးလိုက္တဲ့ေဆးေတြရဲ႕အာနိသင္ဆိုတာ ကိုယ္ထဲမွာက်န္ခဲ့တာ။ အတည္မယူဘဲတြဲတုန္း အတူေနျဖစ္ခဲ့လို႔ သံုးခဲ့တဲ့ေဆးေတြေၾကာင့္ တကယ္အိမ္ေထာင္ရက္သားက်လို႔ ကေလးအတည္ယူခ်င္ပါတယ္ဆိုလို႔ မရႏိုင္တဲ့စံုတြဲေတြအမ်ားႀကီး။ ကိုယ္လုပ္တာ ကိုယ္ပဲသိတယ္ေလ။ ဒီကိုယ္ႀကီးက သက္ေသျပေနတာေပါ့။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ အတည္မယူေသးဘဲ အတူမေနပါနဲ႔။ ဆူးေပၚဖက္က်က် ဖက္ေပၚဆူးက်က် ဖက္ပဲေပါက္တဲ့မိန္းကေလးသဘာဝမို႔ မိန္းမသားဆိုတာ နာဖက္ကပါပဲ။

Credit: Burmesehearts

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode

ရည်းစားနဲ့မယူခင် အတူနေသင့်သလား ၊ မနေသင့်ဘူးလားလို့ လာမေးခဲ့ဖူးသူရှိတယ်။ အဲဒီမေးခွန်းကိုမဖြေခင် ကျွန်မက သူမကိုပြန်မေးလိုက်တယ်။ ဘာရည်ရွယ်ချက်နဲ့ အတူနေချင်တာလဲလို့။

ရည်းစားရဲ့ဆန္ဒဖြည့်ဖို့ အတူသွားအိပ်မှာလား။

ရည်းစားနဲ့ အတူအိပ်ရုံ (လိင်အာသာဖြေရုံ) အတူနေမှာလား။

အပျိုမဟုတ်တဲ့အတူတူ မထူးပါဘူးလေဆိုပြီး တွဲတဲ့သူနဲ့မြဲအောင် အတူသွားအိပ်မှာလား။

အဖော်စုံရုံ ၊ ပျော်ရုံလေး အခြေအနေဖန်လာရင် တွေ့တဲ့သူနဲ့ အိပ်လိုက်မှာလား။

အိမ်ထောင်ဘက်အဖြစ်ရည်ရွယ်ထားလို့ တယောက်အကြောင်း တယောက်ပိုသိလာအောင် တခါအိပ်ရုံမဟုတ် ရေရှည်သဘော နေသွားချင်တာလား။

ဒီမေးခွန်းတွေကို ကိုယ့်ဘာသာကိုယ် အရင်ပြန်မေးပြီးမှ လက်မထပ်ရသေးတဲ့ အမျိုးသားနဲ့ စပ်ယှက်ဖို့ကိုတွေးပါ။ တကယ်တော့ မြန်မာလူမှုဝန်းကျင်မှာ မိန်းမပျိုလေးမှန်ရင် ဘယ်အမျိုးသားနဲ့မှ လက်မထပ်သေးဘဲ အတူမနေရဘူး။ လိင်ပိုင်းဆိုင်ရာ မစပ်ယှက်ရဘူးလို့ တားမြစ်လက်ခံထားကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်လေ ကလေးတွေမသိတမျိုး ၊ သိတမျိုး ဖျက်ချနေတာ ၊ စွန့်ပစ်ကလေးတွေ များလာတာတွေဟာ လက်မထပ်ခင် အတူနေကြခြင်းဖြစ်တယ်လို့ သက်သေခံနေပါတယ်။ ဒါကြောင့်ပဲ ဘာဖြစ်လို့အတူနေချင်တာလဲလို့ ကိုယ့်ဘာသာကိုယ်ပြန်မေးခိုင်းတာပါ။

နိုင်ငံရပ်ခြားမှာ လက်မထပ်သေးဘဲ အတူနေကြတဲ့စုံတွဲတွေရှိပါတယ်။ ဒါပေမယ့် သူတို့က တညအိပ်ရုံဆက်ဆံရေး ၊ ပိုလေးနက်လာရင် ခဏ ခဏ ချိန်းတွဲကြည့်တဲ့ဆက်ဆံရေး ၊ ပိုလေးနက်လာရင် တမိုးအောက်မှာ အတူပြောင်းနေကြတဲ့ဆက်ဆံရေး ၊ ပိုလေးနက်လာရင် လက်ထပ်ခွင့်တောင်းပြီး စေ့စပ်ထားတဲ့ဆက်ဆံရေး ၊ ပိုလေးနက်လာရင်တော့ တဘဝစာ လက်ထပ်ပေါင်းသင်းခြင်းပါပဲ။ ဒီတော့ အမျိုးသားနဲ့အတူနေချင်တဲ့ကိုယ်ကကော ဘယ်အဆင့်မျိုးမှာလဲ။ အများအားဖြင့်က ခဏ ခဏ ချိန်းတွဲကြည့်တဲ့ဆက်ဆံရေးဖြစ်နေပြီး တချို့တွေက တခါအိပ်ရုံဆက်ဆံရေးလည်းရှိတယ်လို့ ကြားသိရပါတယ်။

တခါက တူအရွယ်လူငယ်လေးက အုပ်စုလိုက်လျှောက်လည်ရင်း သူ့သူငယ်ချင်းရည်းစားနဲ့ အတူနေဖြစ်သွားတာ ဘာလုပ်ရမလဲလို့ လာတိုင်ပင်ဖူးတယ်။ မြန်မာပြည်မှာ အုပ်စုလိုက်အလည်ထွက်ရင်းက ကိုယ့်သူငယ်ချင်းရည်းစားနဲ့ အတူအိပ်လို့ရတဲ့ခေတ်ဖြစ်သွားပြီလားလို့ ကျွန်မအတော်အံ့သြသွားခဲ့တယ်။ မတော်လို့ကိုယ်ဝန်ရှိလာရင် မင်းဘယ်လိုတာဝန်ယူမလဲဆိုတော့ ကျွန်တော်က တခါပဲစားတာတဲ့ ၊ သူ့သူငယ်ချင်းက အခါခါစားနေတာမို့ ယူမယ့်ယူ သူတာဝန်ယူရမှာပေါ့တဲ့ ၊ ကျွန်တော်နဲ့အဝေးကြီးလို့လည်း ပေါ့တန်တန်ပြောတာကြားဖူးခဲ့တယ်။ မြန်မာပြည်မှာ ဒီလိုအကန့်တွေလည်းရှိတယ်တဲ့။ သြော် ခေတ်တွေ ကမောက်ကမ ပြောင်းသွားခဲ့ပြီပဲလို့ ကျွန်မလက်ခံလိုက်ရတယ်။

သူ့သူငယ်ချင်းနဲ့အိပ်ခဲ့တဲ့မိန်းကလေးလို့ တွဲနေတဲ့ကာင်လေးသိသွားရင် ၊ မှားယွင်းလို့ ကလေးရသွားပြီး အဖေလို့ခေါ်နေသူနဲ့ မျိုးရိုးဗီဇအပါအဝင် ရုပ်ရည်ချင်းမတူရင် ယူဖြစ်စေဦးတော့ ဒီအိမ်ထောင်ရေး ဘယ်လိုသာသာယာယာမြဲမြံတော့မလဲ။ ဒီမိန်းကလေး ဘယ်လိုခံယူချက်မျိုးနဲ့ ရည်စားသူငယ်ချင်းနဲ့ စပ်ယှက်ဖို့ သဘောတူလက်ခံခဲ့သလဲ တွေးနိုင်ဖို့ ကျွန်မဦးနှောက်က ဉာဏ်မမီနိုင်ပါဘူး။ မတော်မတက် ကလေးများရခဲ့ရင် ကလေးခမျာ သနားစရာ။

တချို့တွေက အသက်ငယ်ငယ်လေးနဲ့ သူ့ရည်းစားနဲ့အဆင်မပြေလို့ မတော်တဆရခဲ့တဲ့ကလေး ဖျက်ချတဲ့အကြောင်းကို ရုပ်ရှင်အကြောင်းပြောသလို အေးအေးဆေးဆေး ပြောနေနိုင်တာမျိုးလည်း ကြားခဲ့ဖူးတယ်။ မြန်မာပြည်မှာနော် မြန်မာပြည်မှာ ကြားတာ။ သူများစကားပြောတာ သွားပြီးချောင်းနားမထောင်ပါဘူး။ ဘတ်စ်ကားပေါ်မှာ တီးတိုးတီးတိုး သူတို့အချင်းချင်းပြောနေတာကို ကြားခဲ့ပြီး တအံ့တသြဖြစ်ခဲ့ရတာ။

ကိုယ်ကြားသလို သူတို့အနီးအနားက တခြားသူတွေလည်းကြားနိုင်တာပဲ။ မိန်းကလေးတွေကတော့ ရုပ်ကလေး ငယ်ငယ်နုနု ပြင်ပြင်ဆင်ဆင်လေးတွေနဲ့ မထင်ရက်စရာလေးတွေပါ။ ရုံးဝတ်စုံဆင်တူလေးဝတ်ထားတာတွေ့ရခဲ့လို့ စာရိတ္တမကောင်းတဲ့ မိန်းကလေးတွေမို့ ဒီလိုပေါ့ပေါ့တန်တန် သဘောထားတယ်လို့လည်း ပြောမရဘူးလေ။

အပျိုလို့သာဆိုရတာ ယောကျာ်းလေးနဲ့လည်း စပ်ယှက်ဖူးတယ် ၊ ကလေးလည်းဖျက်ဖူးတယ်။ ဘယ်မှာလဲအရှက်ဆိုတာ ….. ကလေးဖျက်တယ်ဆိုတာ ကလေးမွေးသလိုပဲ အရှက်ကုန်တာပါ။ ကလေးအကောင်လိုက် အသက်ရှင်လျက်ကျွေးမွေးပြုစုရတာနဲ့ အကောင်မရောက်တရောက် အသက်မရှိသေးတာ (တခါတလေအသက်ရှိနေတာ)ကို သားအိမ်ထဲက ဖျက်ထုတ်လိုက်တာပဲကွာတယ်။ အခါခါဖျက်ဖူးရင် အခါခါအရှက်ကုန်သွားပြီမို့ အတူနေတယ်ဆိုတာလည်း မထူးဆန်းတော့ဘူး ၊ ဖျက်တယ်ဆိုတာလည်း မထူးဆန်းတော့ဘူးဖြစ်လာတယ်။

မထူးတော့ဘူးဆိုတဲ့ မိန်းကလေးတွေက တွဲသမျှယောကျာ်းတိုင်းနဲ့အိပ်ဖို့ အညှာလွယ်တယ်။ တခါတလေ ယောကျာ်လေးကမစရင်တောင် သူတို့တွေက စပြီးမြှူဆွယ်တတ်ကြတယ်။ သူတို့အတွက်က ဘာမှမထူးတော့ဘူးလို့ ခံယူထားတဲ့အတွက် ခပ်သာသာအမျိုးကောင်းသားလေးတွေ့ရင် အမိဖမ်းမယ်ဆိုတဲ့စိတ်က ကြီးစိုးသွားခဲ့ပြီမို့ သူများခင်ပွန်း ၊ သူများရည်းစားဆိုတာကိုလည်း စည်းထားပြီးမရှောင်နိုင်တော့ဘူးလေ။

ယောကျ်ားတွေနဲ့ အခါခါနေ ၊ ကလေးအခါခါဖျက်ဖူးပြီဆိုတော့ မထူးဇတ်ခင်းရင်းနဲ့ ယောကျာ်းအထာလည်း နပ်လာတယ်။ မိန်းမကျမ်းကြေတဲ့ အမျိုးသားဆိုတာ အမျိုးသမီးများစွာနဲ့ ပတ်သက်ဆက်ယှက်ဖူးလို့ မိန်းကလေးအထာသိပြီး ဘယ်လိုကိုင်တွယ်ရမယ်လို့ ပါးနပ်နေတာပါ။ ဒီအတိုင်းပါပဲ။ ယောကျာ်းကျမ်းကြေတဲ့ အမျိုးသမီးဆိုတာ အမျိုးသားများစွာနဲ့ ပတ်သက်ဆက်ယှက်ဖူးလို့ ယောကျာ်းလေးအထာသိပြီး ဘယ်လိုကိုင်တွယ်ရမယ်လို့ ပါးနပ်နေတာပါ။

အပျိုစင်စစ်စစ်တွေထက် ဒီလိုအမျိုးသမီးတွေက အမျိုးသားတွေကို ပိုပြီး ညုတတ် ၊ ယုယတတ် ၊ ဆွဲဆောင်တတ်ကြတယ်။ မိန်းမကျမ်းကြေတဲ့ အမျိုးသားတွေကလည်း လူပျိုစစ်စစ်တွေထက် မိန်းကလေးတွေကို အညှာကိုင်နိုင်ကြတယ်။ ကိုယ့်ရည်းစားဟာ ဒီဘက်မှာ ဆရာကြီးတပိုင်းဖြစ်နေပြီဆိုရင်တော့ ခပ်မြန်မြန်ရှောင်ပေတော့ပေါ့။ ကြာကြာဝါးလေ ခါးလေဆိုတာ သူတို့လိုလူမျိုးတွေပါ။

တချို့ကျတော့ လိင်အာသာဆန္ဒဖြည့်ဖို့ထက် တဦးအကြောင်းတဦး ပိုသိလိုပြီး တကယ်လည်းချစ် ၊ တကယ်လက်ထပ်ဖို့လည်းရည်ရွယ်ပြီး နှစ်ဦးသဘောတူ အတူနေပြီး လက်ထပ်သွားကြတာတွေလည်း တွေ့ရပါတယ်။ လက်မထပ်ခင် အတူနေကြပါလို့ ကျွန်မကတိုက်တွန်းမှာမဟုတ်သလို လက်မထပ်ခင် အတူမနေကြနဲ့လို့ ကျွန်မက ပိတ်ပင်တားဆီးမှာမဟုတ်ပါဘူး။

ကိုယ့်စိတ် ၊ ကိုယ့်ကိုယ်မို့ ကိုယ်ဖြစ် ကိုယ်ခံပေါ့။ သူများတိုက်တွန်းလို့လည်း အတူမနေကြပါနဲ့။ တကယ်ဗိုက်ထွက်လာရင် ကိုယ့်ဗိုက်ပဲထွက်လာမှာ။ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ဆိုသလို နေချင်သပဆိုလည်း နေကြပေါ့။ ဒါပေမယ့် အနည်းဆုံး ရာဘာလေးတော့သုံးပေါ့။ ရေရှည်ကျန်းမာရေးအရ ဒီလိုပဲတိုက်တွန်းရမှာပဲ။

ဆေးထိုးရင်လည်း အမျိုးသမီး ၊ ဆေးသောက်တော့လည်း အမျိုးသမီး ၊ လက်မောင်းပိုက်ထည့်လည်းအမျိုးသမီး ၊ Loop ထည့်လည်းအမျိုးသမီး ၊ သားအိမ်ကောင်းကောင်းအလုပ်လုပ်ရင် ကလေးရနိုင်တာမို့ ကလေးမရချင်ရင် ကလေးမရအောင်တားရမှာက မိန်းမသားတွေရဲ့ဘဝပေးတာဝန်ပါ။ နောင်မှ ကိုယ့်လူကတာဝန်မယူလို့ အပြစ်မတင်နဲ့လေ။ သူတာဝန်ယူယူ ၊ မယူယူ ကိုယ့်တာဝန်တော့ ကိုယ်ယူပါ။

ကျွန်မသာအကြံပေးခွင့်ရမယ်ဆို ချစ်ရုံနဲ့အတူမနေပါနဲ့။ ယောကျ်ားကောင်းမဟုတ်တဲ့သူနဲ့ဆုံခဲ့ရင် ကိုယ့်မိန်းမတန်ဖိုးပဲကျတာ။ သိက္ခာချတတ်တဲ့သူနဲ့တွေ့ရင် ကိုယ့်မိန်းမသိက္ခာနဲ့ အိနြေ္ဒတွေပဲကျတာ။ လူ့အတွင်းစိတ်ဆိုတာ အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်တာမို့ အနည်းဆုံး ခြောက်လ ၊ တနှစ်လောက်တော့ သူ့အကြောင်းကို ထဲထဲဝင်ဝင်လေ့လာပြီး သူနဲ့နှစ်ဦးသဘောတူ ရှေ့ဆက်အတူလက်တွဲလိုတယ်ဆို နှစ်ဦးသား လက်ထပ်ဖို့ ငွေစု ၊ ဆန္ဒကြီးတော့လည်း အတူနေကြပေါ့။ (သူ့စိတ်သူ့သဘောမို့ ကိုယ်တားလည်း ရတာမှမဟုတ်တာ။)

အတူနေပြီးသူနဲ့ အခန့်မသင့်လို့ ကွဲသွားသည့်တိုင် မထူးဇတ်ခင်းပြီး တွဲတဲ့သူတိုင်းနဲ့အိပ်တာမျိုး မလုပ်ပါနဲ့။ စိတ်ဓါတ်ကျပြီးတော့လည်း တွေ့ရာသူနဲ့တွဲနေတာ ၊ ဖြစ်ပျက်ချင်သလို ဖြစ်ပျက်နေတာမျိုး မလုပ်ပါနဲ့။

သုံးလိုက်တဲ့ဆေးတွေရဲ့အာနိသင်ဆိုတာ ကိုယ်ထဲမှာကျန်ခဲ့တာ။ အတည်မယူဘဲတွဲတုန်း အတူနေဖြစ်ခဲ့လို့ သုံးခဲ့တဲ့ဆေးတွေကြောင့် တကယ်အိမ်ထောင်ရက်သားကျလို့ ကလေးအတည်ယူချင်ပါတယ်ဆိုလို့ မရနိုင်တဲ့စုံတွဲတွေအများကြီး။ ကိုယ်လုပ်တာ ကိုယ်ပဲသိတယ်လေ။ ဒီကိုယ်ကြီးက သက်သေပြနေတာပေါ့။ ဒါကြောင့် ဖြစ်နိုင်ရင် အတည်မယူသေးဘဲ အတူမနေပါနဲ့။ ဆူးပေါ်ဖက်ကျကျ ဖက်ပေါ်ဆူးကျကျ ဖက်ပဲပေါက်တဲ့မိန်းကလေးသဘာဝမို့ မိန်းမသားဆိုတာ နာဖက်ကပါပဲ။

Credit: Burmesehearts


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top