iMyanmarHouse.com - Best Property Website for Myanmar
×

နနွင်းက မြန်မာ၊ တရုတ်နဲ့ အိန္ဒိယအစားအစာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သုံးလေ့ရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုလို့ လူသိများပါတယ်။နောက်ပြီး ဆေးဖက်အရမ်းဝင်တဲ့အပင်တစ်မျိုးလည်း ဖြစ်ပါတယ်။ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ၊ရောင်ရမ်းခြင်းကိုလျော့ကျစေတဲ့ ဂုဏ်သတ္တိတွေနဲ့ အရေပြားပြဿနာတော်တော်များများကို ကုသပေးနိုင်တဲ့ဓာတ်တွေများတာကြောင့် အရှေ့တိုင်းမှာ နာမည်ကြီးလှပါတယ်။နနွင်းကရနိုင်တဲ့ အကျိုးကျေးဇူးတွေအများကြီးထဲက အရေပြား၊ ဆံပင်နဲ့ခန္ဓာကိုယ်တစ်ခုလုံးကို လှပစေနိုင်တဲ့ အကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။

၁)အနာကျက်စေပြီး အမာရွတ်အမြန်ပျောက်စေမည့် ဂုဏ်သတ္တိ

နနွင်းက အထူးသဖြင့် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို ပျောက်စေပါတယ်။ပြုလုပ်ရမယ့်နည်းကတော့ နနွင်းမှုန့်ကို ရေတစ်စက်နှစ်စက်ထည့်ပြီး အနှစ်ဖြစ်အောင်လုပ်ပြီး အမာရွတ်ပေါ်မှာ ၁၅ မိနစ်လောက် လိမ်းထားပေးခြင်းဖြင့် အမာရွတ်တွေ ချိုင့်ခွက်တွေကို ပျောက်ကင်းစေပါတယ်။

၂)အိုမင်းရင့်ရော်မှုကို တားဆီးပေးခြင်း

နနွင်းကို နွားနို့အစိမ်းရယ် ခရမ်းချဉ်သီးရယ် ရောပြီး ၁၅ မိနစ်လိမ်းပေးရင် စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ အရေပြားဆဲလ်တွေထဲက  အိုမင်းရင့်ရော်စေတဲ့ ဓာတ်တွေကိုလျော့နည်းစေနိုင်တဲ့ ထူးခြားတဲ့အစွမ်းရှိပါတယ်။

၃)ကင်ဆာဆဲလ် ပျံ့နှံ့မှုကို တားဆီးပေးနိုင်ခြင်း

နနွင်းမှာ ပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ အထူးသဖြင့် ရင်သားကင်ဆာ ပျံ့ပွားမှုနှုန်းကို လျော့နည်းစေပါတယ်။ဒါ့အပြင် နနွင်းကို ပုံမှန်လိမ်းပေးခြင်းက ရင်သားကင်ဆာ ဖြစ်ပွားနိုင်ချေကို တားဆီးပေးနိုင်ပါတယ်။

၎)အသားအရေကို လင်းလက်တောက်ပစေခြင်း

နနွင်းက အသားအရေကို သဘာဝအတိုင်း လင်းလက်တောက်ပစေတဲ့ အစွမ်းရှိပြီး ဒိန်ချဉ်နဲ့ တွဲပြီးလိမ်းကျံပေးပါက သေနေတဲ့ အရေပြားဆဲလ်တွေကို ဖယ်ရှားပေးပြီး အရေပြားကိုတောက်ပြောင် စိုလက်နေစေပါတယ်။နနွင်းနဲ့ ဒိန်ချဉ်/နွားနို့ကို ရောပြီးမျက်နှာပေါ်မှာလိမ်းထားပါ။ခြောက်သွားတဲ့အခါ မျက်နှကြို စက်ဝိုင်းပုံအတိုင်း ညင်ညင်သာသာနှိပ်နယ်ရင်း ရေဆေးချပေးရပါမယ်။အကြောပြတ်တဲ့ အမှတ်တွေကိုလည်း လျော့နည်းစေဖို့ကိုလည်း ဒီနည်းအတိုင်း သုံးလို့ရပါတယ်။

၅)ခြေဖနောင့်ကွဲတာကို သက်သာစေခြင်း

နနွင်းကို အုန်းဆီ ဒါမှမဟုတ် ကြက်ဆူဆီနဲ့ရောပြီး ခြေဖနောင့်ကွဲနေတဲ့နေရာတွေကို ရေမချိုးခင် ၁၅ မိနစ်လောက်အလိုမှာ လိမ်းပေးနိုင်ပါတယ်။

၆)မျက်နှာပေါ်က အမွေးအမျှင်များကို ဖယ်ရှားခြင်း

နနွင်း စားပွဲတင်ဇွန်း ၄ ပုံ ၁ ပုံစာနဲ့ ကုလားပဲကိုကြိတ်ထားတဲ့အမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းစာကိုရေနဲ့ ပျစ်ပျစ်ဖျော်ပြီးမျက်နှာကို လိမ်းပေးပါ။ ၁၅ မိနစ်လောက်ကြာတဲ့အခါမှာ ရေဆေးချပြီး တစ်လလောက်မှန်မှန်လုပ်ပေးပါက ထူးခြားမှုကို တွေ့ရှိလာမှာ ဖြစ်ပါတယ်။

၇)အစိုဓာတ်ထိန်းပေးခြင်း

ပျားရည်နဲ့ နနွင်းကိုရောပြီး ၁၅ မိနစ်လောက် ပုံမှန်လိမ်းပေးရုံဖြင့် အသားအရေရဲ့ ခြောက်သွေ့မှုကို တားဆီးပေးပြီး အစိုဓာတ်ကို ထိန်းပေးနိုင်ပါတယ်။



Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top