iMyanmarHouse.com - Best Property Website for Myanmar
×

ချစ်သူတွေကြားမှာာ စိတ်ဆိုး၊ စိတ်ကောက်ဖြစ်တတ်တာဟာ သဘာဝပါ။ သဘာဝက ပေးထားတဲ့ စိတ်ဓာတ်စွမ်းအင်အရ အမျိုးသမီးတွေက ပိုပြီးစိတ်ကောက်လွယ်ကြပါတယ်။ စိတ်ကောက်ခြင်း၊ သဝန်တိုခြင်းဟာ ကောင်းလှတဲ့ အရာတော့မဟုတ်ပါဘူး။

ဒါပေမယ့် အမျိုးသမီးတွေဘက်က ချစ်သူအပေါ်ကို မဖြစ်မနေ စိတ်ကောက်သင့်၊ စိတ်ဆိုးသင့်တဲ့ အချိန် (၅) ချိန်ရှိပါတယ်။

၁။ လူကြားထဲမှာ  သင့်ကို အရေးမလုပ်တဲ့ အချိန်

သင်တို့နှစ်ဦးသား ချိန်းတွေ့နေကြတုန်း သူ့ရဲ့အမျိုးသမီးမိတ်ဆွေနဲ့ တွေ့တတ်တာမျိုးလည်းဖြစ်တတ်ပါတယ်။ အဲဒီအခါ သင့်ကို စကားထဲတောင် ထည့်မပြောတော့ဘူး ဆိုရင်တော့ သင်စိတ်ကောက်သင့်တဲ့ အချိန်ရောက်ပါပြီ။ သင့်ကို လျစ်လျူရှုထားတဲ့ ကိစ္စဟာ မေ့မေ့လျော့လျော့ထားသင့်တဲ့ ကိစ္စမဟုတ်ပါဘူး။

၂။ အိမ်မှာ အနေနည်းလာတဲ့အချိန်

မနေ့ကတင် အလုပ်နောက်ကျထားတဲ့ ခင်ပွန်းဖြစ်သူက ဒီနေ့လည်း အလုပ်နောက်ကျဦးမယ်လို့ ပြောလာတဲ့အခါ သင်ဒီအတိုင်း မနေသင့်တော့ပါဘူး။ အလုပ်နောက်ကျတိုင်း သူမဟုတ်တာ လုပ်တယ်လို့တော့ မစွပ်စွဲနိုင်ပါဘူး။ ဒါပေမယ့် သင့်ကို အချိန်မပေးတဲ့အတွက် သင်စိတ်ကောက်လို့ ရတဲ့အချိန်ဖြစ်ပါတယ်။

၃။ သင့်ဆီမှာ စိတ်မရှိတဲ့အချိန်

နှစ်ဦးသား အတူတူရှိပေမယ့် စိတ်က သူ့စိတ်က သင့်ဆီမှာ ရှိမနေတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ ညစားအတူစားနေတုန်း ဖုန်းလာလို့ အကြာကြီးပြောနေတာမျိုး၊ အိမ်မှာနေရင် အင်တာနက်ပဲ သုံးနေတာမျိုးတွေဟာ သင့်ဆီမှာ စိတ်မရှိကြောင်း သက်သေပြနေတဲ့ အချက်တွေပါ။ ဒါမျိုး ဆက်မလုပ်ဖို့ သင်ပြောတာကို လက်မခံရင်တော့ သင်စပြီး စိတ်ဆိုး၊ စိတ်ကောက်တာတွေ လုပ်နိုင်ပါပြီ။

၎။ အခြားသူကို ကြူတဲ့အချိန်

အချို့အမျိုးသား၊ အမျိုးသမီးတွေက မိတ်ဆွေသူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်ကြပါတယ်။ ဒါပေမယ့် ပရောပရည် လုပ်တတ်တာမျိုးနဲ့တော့ မတူပါဘူး။ အခြား အမျိးသမီးတစ်ယောက်နဲ့ ဒီလို ပရောပရည် လုပ်နေတာ သိခဲ့ပြီဆိုရင် အစွမ်းကုန် စိတ်ကောက်ဖို့ ပြင်ထားသင့်ပါတယ်။

၅။ အပြောတမျိုး အလုပ်တမျိုး လုပ်တဲ့အချိန်

သူရှိမယ်ဆိုတဲ့နေရာမှာ မရှိတာမျိုး၊ လာမယ်ဆိုတဲ့အချိန် မလာတာမျိုးတွေ များလာရင်လည်း ဒီအတိုင်း မနေသင့်တော့ပါဘူး။ သူဘယ်မှာရှိတယ်ဆိုတာမျိုး မေးမရဘူး ဖြစ်လာရင်တော့ စိတ်ကောက်ဖို့သာ ပြင်ထားလိုက်ပါ။

Credit : Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top