iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား သရုပ်ဆောင်မင်းသား ဆောင်းဂျွန်ကီ၏ နိုင်ငံကူးလက်မှတ် အသေးစိတ်အချက်အလက်များသည် တရုတ် ဝက်ဘ်ဆိုက်များသို့ တင်ခြင်းခံရသည်ဟု တရုတ်ဖျော်ဖြေရေး သတင်းမီဒီယာတစ်ခုက ဖော်ပြသည်။

ဆောင်းဂျွန်ကီ၏ ပတ်စ်ပို့နှင့် လုံခြုံရေးနံပါတ်များအပါ အဝင် ပုဂ္ဂိုလ်ရေးအချက်အလက်အသေးစိတ်များကို ဖော်ပြသော နိုင်ငံကူးလက်မှတ် ဓာတ်ပုံများသည် အွန်လိုင်း၌ ဖြန့်ခြင်းခံနေရသည်ဟု တရုတ်မီဒီယာက မေလ ၃၀ ရက်တွင် ဖော်ပြသည်။အချက်အလက်များ မည်သို့မည်ပုံ ပေါက်ကြားခဲ့သည်မှာ မရှင်းလင်းသော်လည်း လူဝင်မှုကြီးကြပ်ရေးဂိတ်တစ်ခုသို့ ဆောင်းဂျွန်ကီဖြတ်သန်းစဉ် နိုင်ငံကူးလက်မှတ်ကို အကောက်ခွန် အရာရှိတစ်ဦး ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု သံသယရှိနေသည်။

ဆောင်းဂျွန်ကီ ပရိသတ်များ ၏ တောင်းဆိုမှုများကြောင့် အွန်လိုင်းတွင် ပျံ့နှံ့နေသော ဓာတ်ပုံအများစုအား မှုန်ဝါးထားသော်လည်း ဆောင်းဂျွန်ကီ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ရာဇဝတ်မှုများ၌ အသုံးချနိုင်သည်ဟူသော စိုးရိမ်မှုများရှိေ သည်။ ဆောင်းဂျွန်ကီသည် လက်ရှိတွင် အာရှပရိသတ်နှင့် တွေ့ဆုံပွဲများ ပြုလုပ်လျက်ရှိသည်။



Credit: 7 Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top