iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ရဲ႕ရည္းစားသစ္နဲ႔ဆက္ဆံေရးမွာပဲျဖစ္ျဖစ္၊ အိမ္ေထာင္ေရးမွာပဲျဖစ္ျဖစ္ စြဲေဆာင္မႈ႐ွိေသာ ခံစားခ်က္၊ ခ်ီးမြမ္းခံခ်င္မႈႏွင့္ ကိုယ့္ကိုလိုအပ္ေနမႈ စေသာအခ်ိဳ႕အရာေလးေတြက ေခတ္ေတြသာ ေၿပာင္းလဲသြားပင္မယ့္လည္း မေျပာင္းလဲပဲ က်န္႐ွိေနဦးမွာပါ။

အဲဒီလိုခံစားခ်က္ေလးေတြကို မိန္းကေလးေတြသာ လိုခ်င္ေတာင့္တၾကသည္မဟုတ္၊ ေယာက်္ားေလးေတြလည္း အတူတူပါပဲ။ ေအာက္မွာေရးထားတဲ့အခ်က္ ၆ခ်က္ကေတာ့ ကိုယ့္ရဲ႕ခ်စ္သူ၊ အိမ္ေထာင္ဖက္က ပိုၿပီးလို႔ ခ်စ္လာေစေအာင္ ဘယ္လို ေၿပာဆိုဆက္ဆံရမလဲဆိုတာကို ေၿပာၾကည့္မယ္ေနာ္။

၀၁. “နင္က အရမ္းစမတ္က်တာပဲ။” “နင္က အရမ္းၾကည့္လို႔ေကာင္းတာပဲ”

ေယာက်ၤားေလးေတြက မိန္းကေလေတြလိုပဲ မလံုမလဲျဖစ္တတ္ၾကသည္။ သူတို႔၀တ္ဆင္ထားေသာ အ၀တ္အစားႏွင့္ လိုက္ ဖက္ပါ့မလား၊ အဆင္ေျပပါ့မလား စသည္ျဖင့္ အၿမဲေတြးေနတတ္တယ္။ သူ႕က အခုတေလာ Gym ေတြကိုသြားၿပီး ေလ့က်င့္ေနတယ္ဆိုရင္ေတာ့ ဒီလိုေလးေျပာေပးလိုက္ရင္ေတာ့ သူ႔ရဲ႕ယံုၾကည္ခ်က္အတြက္ အရမ္း ေကာင္းတဲ့ အားေပးစကားေလးတစ္ခြန္း ျဖစ္မွာပါ။

၀၂. “နင့္ရဲ႕(အသံေလး)ကို အရမ္းသေဘာက်တာပဲ” “နင့္ရဲ႕(ခႏၶာကိုယ္အစိတ္အပိုင္းတစ္ခုခု)ကို အရမ္းႀကိဳက္တာပဲ”

တစ္ခါတစ္ရံ အဲဒီလိုေလးေျပာေပးလိုက္ရင္ အရမ္းထိေရာက္ပါလိမ့္မယ္။အဲဒီအခ်ိန္မွာ သတိထားရမွာက ကိုယ့္မ်က္ႏွာေပၚမွာ သူ႔ကိုေလွာင္ေျပာင္သလို (သို႔) ရွက္သလိုလိုေျပာတာမ်ိဳးကို မျဖစ္ရန္ သတိ ထားဖို႔ေတာ့လိုလိမ့္မယ္ထင္တယ္။ ေယာက်္ားေလးေတြက သူတို႔ရဲ႕ေယာက်္ားပီသမႈ (ဂုဏ္သိကၡာ)ကို ထိခိုက္ေစႏိုင္တဲ့့အေျပာအဆို၊ မည္သည့္လုပ္ရပ္အနည္းငယ္ကိုမွ် လက္မခံႏိုင္ၾကသလို မိန္းကေလးေတြကို သူတို႔ေတြက အရမ္းကို စြဲေဆာင္မႈရွိေနသူမ်ားလို႔ ထင္ေစခ်င္ေနတာပါ။

၀၃. “နင္ တျခားသူေတြကို အားေပးစကားေျပာေနတာ အရမ္းၾကည့္လို႔ေကာင္းတာပဲ” (သူ႕ရဲ႕လုပ္ေဆာင္ခ်က္တစ္ခုခု အ ေပၚမွာ ခ်ီးက်ဴးေပးျခင္း)

ေယာက်ၤားေလးေတြဟာ ဟိုးအရင္အခ်ိန္ကတည္းက ဦးေဆာင္သူမ်ားျဖစ္ၾကပါတယ္။ သူတို႔ဦးေဆာင္ၿပီး မလုပ္ခဲ့ရင္ေတာင္မွ တစ္ခါတစ္ေလ သူတို႔အတြက္ လုပ္သင့္တဲ့အရာတစ္ခုခုက အခြင့္အေရးတစ္ခုအျဖစ္ ေရာက္လာတတ္ၾကသည္။ ကိုယ္က သူ႔လုပ္ရပ္တစ္ခုခုကို ခ်ီးမႊမ္းျခင္းမရွိလွ်င္ေတာ့ သူ႔လုပ္ရပ္ေတြကို ကိုယ္ကမႀကိဳက္ဘူးလို႔ ထင္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ သူ႔လုပ္ရပ္ေတြကို ခ်ီးက်ဴးစကားေျပာေလေလ သူကလည္း သင္သေဘာက်မယ့္ လုပ္ရပ္ေလးေတြကို လုပ္ေလ ေလျဖစ္မွာပါ။

၀၄.“ဟိုမိန္းကေလးကေတာ့ နင့္ကို ၾကည့္ေနတယ္”

အဲဒီလိုမ်ိဳးေလးေျပာေပးလိုက္ျခင္းသည္ သူ႔ရဲ႕ယံုၾကည္မႈေတြကို အားတက္ေစဖို႔ရန္ အေထာက္အကူျဖစ္ေစမွာပါ။ ဒါေပမယ့္ အေရးၾကီးတာကေတာ့ တျခားေကာင္မေလးတစ္ေယာက္က သူ႔ကိုၾကည့္ေနတာကို ျမင္လိုက္ၿပီးေတာ့ သူ႔ကို ေျပာျပတဲ့အခါမွာလည္း စိုး ရိမ္စိတ္ႏွင့္မေျပာျပဖို႔လိုပါတယ္။ အဲဒီလိုေျပာလုိက္ျခင္းျဖင့္ သူသည္ တျခားမိန္းကေလးတစ္ေယာက္ရဲ႕ ေသြးေဆာင္မႈ ေနာက္ကို မလိုက္ႏိုင္ဘူးဆိုတာကို ကိုယ္ကယံုၾကည္မႈအျပည့္အ၀ရွိမွန္း ျပသေပးေနပါတယ္။

၀၅.“နင္ကအရမ္းေျဖာင့္မတ္တာပဲ” “နင္လုပ္တာမွန္တယ္”

ကၽြန္မတို႔မိန္းကေလးေတြက ခ်ီးမြမ္းခံခ်င္ၾကသလို ေယာက်္ားေလးေတြလည္း အတူတူပါပဲ။ ၿပီးေတာ့ သူတို႔ေတြလည္း တစ္ခါတစ္ရံ ခ်ီးမြမ္းခံထိုက္ၾကသူေတြျဖစ္ပါတယ္။ သူထင္ထားသလို သိပ္မျဖစ္လာေပမယ့္ သူ လုပ္တဲ့အလုပ္တစ္ခုက မွန္ကန္ခဲ့မယ္ဆိုရင္ေတာ့ စကားမ်ားေနတဲ့အခ်ိန္မွာေတာင္မွ ပိုၿပီးေတာ့ ခ်ီးက်ဴးသင့္ပါတယ္။ အဲဒီလိုအခ်ိန္မွာ အဲဒီလိုစကားမ်ိဳးကို ေျပာရတာဟာ နည္းနည္းေတာ့ ရွက္သလိုလိုျဖစ္မိမွာေတာ့ အေသခ်ာပါပဲ။ ဒါေပမယ့္ သူကေတာ့ အမွားကို၀န္ခံရဲတဲ့သူတစ္ေယာက္လို႔ ေတြးမွာပါ။ အဲဒီလိုထင္လိုက္တာေလးက ေနာက္ျဖစ္ လာမယ့္ အဆင္မေျပမႈေလးေတြအတြက္ အေထာက္အကူျဖစ္ေစမွာပါ။

၀၆. “နင္ ငါ့ကို ဒီဟာေလးကူျဖဳတ္ေပးႏိုင္မလား” (အကူအညီေတာင္းျခင္း)

ေယာက်္ားေလးေတြက မိန္းကေလးမ်ား၏အားကိုးမႈကို အလြန္ရခ်င္သူမ်ားပါ။ ဤအယူအဆသည္ အစဥ္အလာတစ္ခုသဖြယ္ျဖစ္ေနၿပီေနာ္။ ေယာက်္ားေလးမ်ားကေတာ့ မိန္းကေလးတစ္ေယာက္ကို ကူညီလိုက္ရလွ်င္ သူတို႔ ကိုယ္သူတို႔ အရမ္းအထင္ႀကီးသြားတတ္ၾကၿပီး တစ္ခုေျပာခ်င္တာကေတာ့ ကိုယ္တိုင္လုပ္ဖို႔ အရမ္းလြယ္ ကူေနသည့္ အရာေတြကို ေယာက်္ားေလးမ်ားအား သြားမလုပ္ခိုင္းသင့္ပါဘူး။ သို႔ေပမယ့္လည္း အမွန္တကယ္ အကူအညီ လိုအပ္ေနၿပီဆိုလွ်င္ေတာ့ သူတို႔ဆီက အကူအညီသြားေတာင္းလိုက္ပါ။ သူတို႔က ေပ်ာ္ေပ်ာ္ႀကီးကူညီေပးမွာပါ။

Credit: ChelmoTeam

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode

ကိုယ့်ရဲ့ရည်းစားသစ်နဲ့ဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ် စွဲဆောင်မှုရှိသော ခံစားချက်၊ ချီးမွမ်းခံချင်မှုနှင့် ကိုယ့်ကိုလိုအပ်နေမှု စသောအချို့အရာလေးတွေက ခေတ်တွေသာ ပြောင်းလဲသွားပင်မယ့်လည်း မပြောင်းလဲပဲ ကျန်ရှိနေဦးမှာပါ။

အဲဒီလိုခံစားချက်လေးတွေကို မိန်းကလေးတွေသာ လိုချင်တောင့်တကြသည်မဟုတ်၊ ယောကျ်ားလေးတွေလည်း အတူတူပါပဲ။ အောက်မှာရေးထားတဲ့အချက် ၆ချက်ကတော့ ကိုယ့်ရဲ့ချစ်သူ၊ အိမ်ထောင်ဖက်က ပိုပြီးလို့ ချစ်လာစေအောင် ဘယ်လို ပြောဆိုဆက်ဆံရမလဲဆိုတာကို ပြောကြည့်မယ်နော်။

၀၁. “နင်က အရမ်းစမတ်ကျတာပဲ။” “နင်က အရမ်းကြည့်လို့ကောင်းတာပဲ”

ယောကျၤားလေးတွေက မိန်းကလေတွေလိုပဲ မလုံမလဲဖြစ်တတ်ကြသည်။ သူတို့ဝတ်ဆင်ထားသော အဝတ်အစားနှင့် လိုက် ဖက်ပါ့မလား၊ အဆင်ပြေပါ့မလား စသည်ဖြင့် အမြဲတွေးနေတတ်တယ်။ သူ့က အခုတလော Gym တွေကိုသွားပြီး လေ့ကျင့်နေတယ်ဆိုရင်တော့ ဒီလိုလေးပြောပေးလိုက်ရင်တော့ သူ့ရဲ့ယုံကြည်ချက်အတွက် အရမ်း ကောင်းတဲ့ အားပေးစကားလေးတစ်ခွန်း ဖြစ်မှာပါ။

၀၂. “နင့်ရဲ့(အသံလေး)ကို အရမ်းသဘောကျတာပဲ” “နင့်ရဲ့(ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု)ကို အရမ်းကြိုက်တာပဲ”

တစ်ခါတစ်ရံ အဲဒီလိုလေးပြောပေးလိုက်ရင် အရမ်းထိရောက်ပါလိမ့်မယ်။အဲဒီအချိန်မှာ သတိထားရမှာက ကိုယ့်မျက်နှာပေါ်မှာ သူ့ကိုလှောင်ပြောင်သလို (သို့) ရှက်သလိုလိုပြောတာမျိုးကို မဖြစ်ရန် သတိ ထားဖို့တော့လိုလိမ့်မယ်ထင်တယ်။ ယောကျ်ားလေးတွေက သူတို့ရဲ့ယောကျ်ားပီသမှု (ဂုဏ်သိက္ခာ)ကို ထိခိုက်စေနိုင်တဲ့အပြောအဆို၊ မည်သည့်လုပ်ရပ်အနည်းငယ်ကိုမျှ လက်မခံနိုင်ကြသလို မိန်းကလေးတွေကို သူတို့တွေက အရမ်းကို စွဲဆောင်မှုရှိနေသူများလို့ ထင်စေချင်နေတာပါ။

၀၃. “နင် တခြားသူတွေကို အားပေးစကားပြောနေတာ အရမ်းကြည့်လို့ကောင်းတာပဲ” (သူ့ရဲ့လုပ်ဆောင်ချက်တစ်ခုခု အ ပေါ်မှာ ချီးကျူးပေးခြင်း)

ယောကျၤားလေးတွေဟာ ဟိုးအရင်အချိန်ကတည်းက ဦးဆောင်သူများဖြစ်ကြပါတယ်။ သူတို့ဦးဆောင်ပြီး မလုပ်ခဲ့ရင်တောင်မှ တစ်ခါတစ်လေ သူတို့အတွက် လုပ်သင့်တဲ့အရာတစ်ခုခုက အခွင့်အရေးတစ်ခုအဖြစ် ရောက်လာတတ်ကြသည်။ ကိုယ်က သူ့လုပ်ရပ်တစ်ခုခုကို ချီးမွှမ်းခြင်းမရှိလျှင်တော့ သူ့လုပ်ရပ်တွေကို ကိုယ်ကမကြိုက်ဘူးလို့ ထင်သွားနိုင်ပါတယ်။ ဒါကြောင့် သူ့လုပ်ရပ်တွေကို ချီးကျူးစကားပြောလေလေ သူကလည်း သင်သဘောကျမယ့် လုပ်ရပ်လေးတွေကို လုပ်လေ လေဖြစ်မှာပါ။

၀၄.“ဟိုမိန်းကလေးကတော့ နင့်ကို ကြည့်နေတယ်”

အဲဒီလိုမျိုးလေးပြောပေးလိုက်ခြင်းသည် သူ့ရဲ့ယုံကြည်မှုတွေကို အားတက်စေဖို့ရန် အထောက်အကူဖြစ်စေမှာပါ။ ဒါပေမယ့် အရေးကြီးတာကတော့ တခြားကောင်မလေးတစ်ယောက်က သူ့ကိုကြည့်နေတာကို မြင်လိုက်ပြီးတော့ သူ့ကို ပြောပြတဲ့အခါမှာလည်း စိုး ရိမ်စိတ်နှင့်မပြောပြဖို့လိုပါတယ်။ အဲဒီလိုပြောလိုက်ခြင်းဖြင့် သူသည် တခြားမိန်းကလေးတစ်ယောက်ရဲ့ သွေးဆောင်မှု နောက်ကို မလိုက်နိုင်ဘူးဆိုတာကို ကိုယ်ကယုံကြည်မှုအပြည့်အဝရှိမှန်း ပြသပေးနေပါတယ်။

၀၅.“နင်ကအရမ်းဖြောင့်မတ်တာပဲ” “နင်လုပ်တာမှန်တယ်”

ကျွန်မတို့မိန်းကလေးတွေက ချီးမွမ်းခံချင်ကြသလို ယောကျ်ားလေးတွေလည်း အတူတူပါပဲ။ ပြီးတော့ သူတို့တွေလည်း တစ်ခါတစ်ရံ ချီးမွမ်းခံထိုက်ကြသူတွေဖြစ်ပါတယ်။ သူထင်ထားသလို သိပ်မဖြစ်လာပေမယ့် သူ လုပ်တဲ့အလုပ်တစ်ခုက မှန်ကန်ခဲ့မယ်ဆိုရင်တော့ စကားများနေတဲ့အချိန်မှာတောင်မှ ပိုပြီးတော့ ချီးကျူးသင့်ပါတယ်။ အဲဒီလိုအချိန်မှာ အဲဒီလိုစကားမျိုးကို ပြောရတာဟာ နည်းနည်းတော့ ရှက်သလိုလိုဖြစ်မိမှာတော့ အသေချာပါပဲ။ ဒါပေမယ့် သူကတော့ အမှားကိုဝန်ခံရဲတဲ့သူတစ်ယောက်လို့ တွေးမှာပါ။ အဲဒီလိုထင်လိုက်တာလေးက နောက်ဖြစ် လာမယ့် အဆင်မပြေမှုလေးတွေအတွက် အထောက်အကူဖြစ်စေမှာပါ။

၀၆. “နင် ငါ့ကို ဒီဟာလေးကူဖြုတ်ပေးနိုင်မလား” (အကူအညီတောင်းခြင်း)

ယောကျ်ားလေးတွေက မိန်းကလေးများ၏အားကိုးမှုကို အလွန်ရချင်သူများပါ။ ဤအယူအဆသည် အစဉ်အလာတစ်ခုသဖွယ်ဖြစ်နေပြီနော်။ ယောကျ်ားလေးများကတော့ မိန်းကလေးတစ်ယောက်ကို ကူညီလိုက်ရလျှင် သူတို့ ကိုယ်သူတို့ အရမ်းအထင်ကြီးသွားတတ်ကြပြီး တစ်ခုပြောချင်တာကတော့ ကိုယ်တိုင်လုပ်ဖို့ အရမ်းလွယ် ကူနေသည့် အရာတွေကို ယောကျ်ားလေးများအား သွားမလုပ်ခိုင်းသင့်ပါဘူး။ သို့ပေမယ့်လည်း အမှန်တကယ် အကူအညီ လိုအပ်နေပြီဆိုလျှင်တော့ သူတို့ဆီက အကူအညီသွားတောင်းလိုက်ပါ။ သူတို့က ပျော်ပျော်ကြီးကူညီပေးမှာပါ။

Credit: ChelmoTeam

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top