iMyanmarHouse.com - Best Property Website for Myanmar
×

အရေပြားပြသနာတွေထဲမှာ ၀က်ခြံခေါင်းမည်းတွေက အမြဲပါဝင်နေတာပါ။ ဒီဝက်ခြံပုန်းတွေကြောင့် အသားအရေ ကြည်လင်ဝင်းမွတ်တာ မဖြစ်တော့ပဲ ကြည့်မကောင်း ရှုမကောင်းနဲ့ စိတ်ပျက်စရာ ဖြစ်ရပါတယ်။ ဒါတွေကို ဖယ်ရှားနည်းဟာ သိပ်လွယ်ကူပေမယ့် လုပ်ဆောင်ချက်မှားသွားရင် အရေပြားပေါ်မှာ ထာဝရ စွဲကျန်နေတတ်ပါတယ်။ ဒါကြောင့် အရေပြားကို ပုံမှန်ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

၁။ မျက်နှာကို သန့်သန့်ရှင်းရှင်း ထားပါ။


မျက်နှာကို သန့်သန့်ရှင်းရှင်းထားခြင်းဟာ ၀က်ခြံအမည်းဆံတွေကို ဖယ်ရှားဖို့ ပထမဆုံး လုပ်ရမယ့်နည်းလမ်းပါ။ တစ်နေ့ကို ၂ ကြိမ်မှ ၃ ကြိမ် မျက်နှာ သစ်ပေးပါ။ စင်အောင်သုတ်၊ toner နဲ့ အသားအရေ ခြောက်သွေ့မနေအောင် တစ်နေ့ ၂ ကြိမ် ညှိပြီး မျက်နှာတပြင်လုံးကို ရေစက်လေးတွေ ဖျန်းပေးနိုင်သလောက် ဖျန်းပေးပါ။ ညမအိပ်ခင် အဂည်အသွေးကောင်းတဲ့ ညလိမ်းခရင်မ် လိမ်းပါ။ အိမ်မှာ အချိန်များများ ရရင်တော့ ၀က်ခြံများနေတဲ့ နေရာပေါ်ကို သံပုရာရည် ရိုးရိုးပဲ လိမ်းပေးပါ။ လွယ်ကူထိရောက်တဲ့နည်းပါ။

၂။ မျက်နှာဖုံး သုံးပါ။

နှာခေါင်းတ၀ိုက်က ၀က်ခြံခေါင်းမည်းတွေကို ဖယ်ရှားနိုင်တဲ့ မျက်နှာဖုံးတွေ အမျိုးမျိုး ရှိပါတယ်။ အကောင်းဆုံးကတော့ ရွှံ့စေးမျက်နှာဖုံးပါ။ ရွှံ့စေး စားပွဲတင်ဇွန်း ၂ ဇွန်း+ ရေနဲနဲ+သံပုရာရည် တို့ကို ရောနှောပြီး မျက်နှာပြင် တစ်ခုလုံးကို လိမ်းသုတ်လိုက်ပါ။ ၁၅ မိနစ်လောက် ထားပါ။ ခြောက်သွားရင် ရေအေးနဲ့ ဆေးချလိုက်ပါ။ နူးညံ့တဲ့ မျက်နှာသုတ် အ၀တ်ကိုသုံးပြီး ခြောက်သွားအောင် ပုတ် ပုတ်ပေးပါ။

၃။ ခေါင်းအုံးစွပ် လဲလိုက်ပါ။

တပတ်တခါ ခေါင်းအုံးစွပ် လဲပေးဖို့လဲ လိုအပ်ပါတယ်။ ဒါမှ မျက်နှာပေါ်မှာ စုပုံလာမယ့် အညစ်အကြေးတွေကနေ ဖြစ်လာမယ့် ၀က်ခြံအမည်းဆံတွေကို တားဆီးနိုင်မှာပါ။ ခေါင်းအုံးစွပ်လဲဖို့ အခြေအနေ မပေးရင်လဲ စိတ်မညစ်ပါနဲ့။ ခေါင်းအုံးပေါ်မှာ အ၀တ်စသန့်သန့်ကို နေ့တိုင်း ခံအိပ်ပါ။ ၀က်ခြံမည်းလို အရေပြားပြသနာတွေ ကုစားနေချိန်မှာ အသားအရေကို နူးညံ့ပျော့ပြောင်းအောင် ထိန်းပေးနိုင်တဲ့ မျက်နှာသုတ်ပုဝါ အသေးစားလေးဆိုရင်တော့ အကောင်းဆုံးပါပဲ။

၎။ သွားတိုက်ဆေးကို သုံးပါ။

နှာခေါင်းပေါ်က ၀က်ခြံမည်းတွေကို ဖယ်ရှားဖို့ သွားတိုက်ဆေးဟာ အထိရောက်ဆုံး အိမ်သုံးနည်း ဆိုရင် အံ့သြသွားမှာပဲနော်။ သွားတိုက်ဆေးဟာ ၀က်ခြံအမည်းဆံတွေကို တကယ်ပဲ ဖယ်ရှားပေးနိုင်တာ အသေအချာပါပဲ။ လုပ်ရမယ့်နည်းကတော့ သွားတိုက်ဆေး နည်းနည်းယူပြီး ၀က်ခြံမည်းတွေ ရှိတဲ့နေရာ လိမ်း၊ ၁၀ မိနစ်လောက် ထားပြီး ရေအေးအေးနဲ့ ဖြည်းဖြည်းချင်း မျက်နှာသစ်လိုက်ပါ။ သွားတိုက်ဆေးတွေက ၀က်ခြံခေါင်းမည်းတွေတင်မက ၀က်ခြံဖုတွေကိုပါ ကုစားပေးနိုင်ပါတယ်။ ကိုယ့်မှာ အရေပြားပြသနာ နဲနဲရှိမယ်ဆိုရင်တော့ ကိုယ့်အသားအရေက လက်ခံနိုင်မယ့် သွားတိုက်ဆေး အမျိုးအစားကို
ရွေးချယ်သုံးစွဲပါ။

ဝက်ခြံပျောက်ကင်းစေမည့် အခြားနည်းလမ်းများကိုလည်း
နောက်ထပ်ရေးသားပေးပါမယ်။ ဆက်လက်စောင့်မျှော်ဖတ်ရှုကြပါဦးနော်။

Credit: စောနွဲ့နေဆိုင်

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top