iMyanmarHouse.com - Best Property Website for Myanmar
×

 ေကာင္မေလး iPad ဝယ္လာတာကိုေတြ႕ေတာ့ အေဖက လွမ္းေမးလိုက္တယ္။ "သမီး ဆိုင္ကေန ဒီ iPad ကို ဝယ္ၿပီးၿပီးခ်င္း ဘာေတြလုပ္ခဲ့လဲ။"

သူမ - "screen မပြန္းေအာင္ စေတကာ ကပ္ၿပီးေတာ့ အဖံုးလွလွေလး ဝယ္ခဲ့တယ္ ေဖေဖ"

အေဖ - "ဟင္.. ဆိုင္က အတင္း ထိုးေရာင္းလိုက္တာမ်ားလား သမီးရယ္။"

သူမ - "မဟုတ္ပါဘူး။"

အေဖ - "ဒါဆိုသမီးက Apple ကုမၸဏီက ပစၥည္းကို မယံုလို႔လား"

သူမ - "မဟုတ္ပါဘူး ေဖေဖ။ Apple ကေတာင္ သူတို႔ ကုန္ပစၥည္းကို အဖံုးတပ္ စေတကာ ကပ္ဖို႔ တိုက္တြန္းေသးတာကို။"

အေဖ - "ဒါဆို သမီးအေနနဲ႔ ဘာေၾကာင့္ ဖံုးခ်င္ရတာလဲ။ ေစ်းေပါလို႔လား။ ႐ုပ္ဆိုးလို႔လား။"

သူမ - "ဟင့္အင္း။ မပ်က္စီးေစခ်င္လို႔။ ပ်က္စီးရင္ တန္ဖိုးက်လို႔။"

အေဖ - "အခု အဖံုးတပ္လိုက္ေတာ့ iPad ရဲ႕ အလွက မေလ်ာ့သြားဖူးလား။"

သူမ - "ဟင့္အင္း။ iPad ကို ကာကြယ္ေပးတဲ့ အျပင္ အဖံုးကေလးကလည္း လွေတာ့ ပိုေတာင္ၾကည့္ ေကာင္းေသးတယ္။"

အေဖက ျပံဳး၍ သမီးကို ေျပာသည္။ "iPad တစ္လံုးထက္ သမီးရဲ႕ အလွေတြက ပိုတန္ဖိုး ရွိတယ္ မထင္ဘူးလား။ အဲဒါကို သမီးသိရဲ႕သားနဲ႔ ဘာလို႔ လံုလံုျခံဳျခံဳ မထိန္းသိမ္း ခ်င္ ရတာလဲ သမီးရယ္။"

သူမ ျပန္မေျဖႏိုင္ေတာ့။

အဖံုးဆိုတာ မလံုတဲ့အခါ တန္ဖိုး က်လာတယ္ ဆိုတာကို လူတိုင္း ႐ိုး႐ိုးေလး ေတြးမိေပမယ့္ ကိုယ့္ အတၱေနာက္ လိုက္တဲ့အခါ အားလံုးကို အမွန္အတိုင္း မျမင္ႏိုင္ေတာ့ပါ။

Credit: Viral Buzz


ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#unicode


 ကောင်မလေး iPad ဝယ်လာတာကိုတွေ့တော့ အဖေက လှမ်းမေးလိုက်တယ်။ "သမီး ဆိုင်ကနေ ဒီ iPad ကို ဝယ်ပြီးပြီးချင်း ဘာတွေလုပ်ခဲ့လဲ။"

သူမ - "screen မပွန်းအောင် စတေကာ ကပ်ပြီးတော့ အဖုံးလှလှလေး ဝယ်ခဲ့တယ် ဖေဖေ"

အဖေ - "ဟင်.. ဆိုင်က အတင်း ထိုးရောင်းလိုက်တာများလား သမီးရယ်။"

သူမ - "မဟုတ်ပါဘူး။"

အဖေ - "ဒါဆိုသမီးက Apple ကုမ္ပဏီက ပစ္စည်းကို မယုံလို့လား"

သူမ - "မဟုတ်ပါဘူး ဖေဖေ။ Apple ကတောင် သူတို့ ကုန်ပစ္စည်းကို အဖုံးတပ် စတေကာ ကပ်ဖို့ တိုက်တွန်းသေးတာကို။"

အဖေ - "ဒါဆို သမီးအနေနဲ့ ဘာကြောင့် ဖုံးချင်ရတာလဲ။ ဈေးပေါလို့လား။ ရုပ်ဆိုးလို့လား။"

သူမ - "ဟင့်အင်း။ မပျက်စီးစေချင်လို့။ ပျက်စီးရင် တန်ဖိုးကျလို့။"

အဖေ - "အခု အဖုံးတပ်လိုက်တော့ iPad ရဲ့ အလှက မလျော့သွားဖူးလား။"

သူမ - "ဟင့်အင်း။ iPad ကို ကာကွယ်ပေးတဲ့ အပြင် အဖုံးကလေးကလည်း လှတော့ ပိုတောင်ကြည့် ကောင်းသေးတယ်။"

အဖေက ပြုံး၍ သမီးကို ပြောသည်။ "iPad တစ်လုံးထက် သမီးရဲ့ အလှတွေက ပိုတန်ဖိုး ရှိတယ် မထင်ဘူးလား။ အဲဒါကို သမီးသိရဲ့သားနဲ့ ဘာလို့ လုံလုံခြုံခြုံ မထိန်းသိမ်း ချင် ရတာလဲ သမီးရယ်။"

သူမ ပြန်မဖြေနိုင်တော့။

အဖုံးဆိုတာ မလုံတဲ့အခါ တန်ဖိုး ကျလာတယ် ဆိုတာကို လူတိုင်း ရိုးရိုးလေး တွေးမိပေမယ့် ကိုယ့် အတ္တနောက် လိုက်တဲ့အခါ အားလုံးကို အမှန်အတိုင်း မမြင်နိုင်တော့ပါ။

Credit: Viral Buzz


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top