iMyanmarHouse.com - Best Property Website for Myanmar
×

ခန္ဓာကိုယ်မှာကျောက်ကပ်ရဲ့ တာဝန်ကသွေးထဲကအညစ်အကြေးတွေကိုဖယ်ရှားပေးဖို့ ဖြစ်ပါတယ်။ ကျောက်ကပ်လှုပ်ရှားမှု မမှန်ကန်တော့တဲ့အခါ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေတတ်ပါတယ်။ ကျောက်ကပ်ရောဂါရဲ့ လက္ခဏာတွေ ပြနေပေမဲ့ သတိမပြုမိတာတွေရှိတတ်ပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါကိုစောစီးစွာသတိပြုမိစေနိုင်ဖို့ သိထားသင့်တဲ့ လက္ခဏာတွေကတော့-

ကျောအောက်ပိုင်းနာကျင်ခြင်း

ကျောက်ကပ်ရောဂါမှာတွေ့ရအများဆုံးလက္ခဏာကတော့ ကျောအောက်ပိုင်းနာကျင်တာပဲ ဖြစ်ပါတယ်။အစမှာကျောတစ်ခြမ်းကပဲနာကျင်ပြီးမှ နောက်တစ်ခြမ်းကနာကျင်လာတတ်ပါတယ်။

အဖုအပိန့်ထွက်ခြင်း၊အရေပြားခြောက်သွေ့ခြင်း၊ယားယံခြင်း

ကျောက်ကပ်ကသွေးထဲကအညစ်အကြေးတွေ ဖယ်ရှားမပေးနိုင်တဲ့အခါ သွေးထဲမှာအညစ်အကြေးတွေ စုလာတာကြောင့် ယားယံခြင်း၊အပိန့်ထွက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်းများဖောရောင်ခြင်း

ခန္ဓာကိုယ်ကမလိုအပ်တဲ့ အရည်တွေကိုစစ်ထုတ်ပေးတဲ့ ကျောက်ကပ်ရဲ့ တာဝန် ပျက်စီးနေတဲ့အတွက် မျက်နှာ၊ခြေထောက်၊လက်၊ခြေကျင်းဝတ်နဲ့ ခြေဖမိုးတွေ ရောင်ရမ်းတတ်ပါတယ်။

ဆီးနဲ့ပတ်သက်တဲ့ ပြောင်းလဲခြင်း

ဆီးထဲမှာအမြှုပ်များပါဝင်နေတတ်ပြီးမကြာခဏဆီးသွားချင်နေတတ်ပါတယ်။ ဆီးသွားများတဲ့အခါ အရောင်ဖျော့ပြီးဆီးသွားနည်းတဲ့အခါ အရောင်ရင့်ပါတယ်။ဆီးထဲမှာသွေးပါတာမျိုးဖြစ်တတ်ပြီးဆီးသွားတဲ့အခါ  ခက်ခဲတာနာကျင်တာတွေ ဖြစ်တတ်ပါတယ်။


Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top