iMyanmarHouse.com - Best Property Website for Myanmar
×

စာေရးသူဟာ သူ႔ရဲ ႔ ကိုယ္အေလးခ်ိန္ကို မ်ားေသာအားျဖင့္ စိတ္၀င္စားေလ့မရွိပါဘူး။ ဒါေပမယ့္လည္း သူဟာ ၿပီးခဲ့တဲ့ အပတ္က အပန္းေျဖခရီးထြက္လာရင္းနဲ႔ ဟိုတယ္ခန္းထဲမွာ ရွိတဲ့ ေပါင္ခ်ိန္စက္ေပၚမွာ စမ္းသပ္ၾကည့္ခဲ့တဲ့ အခါမွာေတာ့ မေမွ်ာ္လင့္ထားတဲ့ ရလဒ္ေတြကို ျမင္ေတြ႔ခဲ့ရပါတယ္။ ျဖည့္စြက္ေျပာရမယ္ဆိုရင္ စာေရးသူဟာ ေနာက္လထဲမွာ မဂၤလာေဆာင္တစ္ခု က်င္းပဖို႔ရွိေနပါတယ္။ ဒါေပမယ့္ သူ႔ရဲ ႔ကိုယ္အေလးခ်ိန္ဟာ အနည္းငယ္ တိုးလာတာေၾကာင့္ သူမ ျပင္ဆင္ထားတဲ့ မဂၤလာေဆာင္အတြက္ အ၀တ္အစား ဟာ ဗိုက္သားနား၀န္းက်င္မွာ အနည္းငယ္ အဆင္မေျပမႈေတြျဖစ္လာပါတယ္။ အဲဒါေၾကာင့္ စာေရးသူ အေနနဲ႔ တစ္ခုခုကို လုပ္ရေတာ့မယ္ဆိုတာ သိရွိခဲ့ပါတယ္။

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်မယ္ဆိုရင္ေတာ့ ေန႔စဥ္ အစားအေသာက္ထဲက တစ္ခုခု ကို စြန္႔လႊတ္ဖို႔ လိုအပ္မွာပါ။ ဒါေၾကာင့္ စာေရးသူဟာ သူအႀကိဳက္ဆံုး အစားအေသာက္ထဲက တစ္ခုကို စြန္႔လႊတ္လိုက္ရပါတယ္။ အဲဒါကေတာ့ ေရ ကလြဲၿပီး အျခား ေသာက္သံုးစရာ ေတြကိုပါပဲ။ ကိုကာကိုလာ ၊ သစ္သီးေဖ်ာ္ရည္ ၊ ေကာ္ဖီ စတဲ့ေသာက္သံုးစရာေတြကို စြန္႔လႊတ္လိုက္ပါတယ္။ သိပ္ေတာ့ လြယ္ကူတဲ့အရာ မဟုတ္ပါဘူး။

ၿပီးခဲ့တဲ့ အပတ္မွာေတာ့ စာေရးသူဟာ ေရ တစ္မ်ိဳးတည္းပဲ ဆက္လက္ ေသာက္သံုးလာခဲ့ရာကေန သတင္းေကာင္း တစ္ခုျဖစ္ခဲ့တာက စာေရးသူဟာ ကိုယ္အေလးခ်ိန္ ၅ ေပါင္တိတိ ေလ်ာ့က်သြားခဲ့ပါတယ္။ စာေရးသူဟာ ဘာေလ့က်င့္ခန္းမွ မလုပ္ခဲ့သလို ဘာအစားအစာ ကိုမွ ေရွာင္ၾကဥ္ခဲ့ျခင္း မရွိပါဘူး။ အဓိက သက္ေရာက္မႈ ျဖစ္ေစခဲ့တာကေတာ့ ေဖ်ာ္ရည္ေတြ ၊ အေအးေတြ မွာ ပါ၀င္တဲ့ သၾကားသံုးစြဲမႈ ကို ျဖတ္ေတာက္လိုက္ျခင္း ပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ ထပ္မံ ရရွိလာခဲ့တဲ့ ေကာင္းက်ိဳးေတြကေတာ့ ေရမ်ားစြာ ေသာက္သံုးျခင္းဟာ အသားေရကိုလည္း ေကာင္းမြန္လာေစခဲ့ပါတယ္။ စာေရးသူဟာ ေသာက္သံုးစရာအျဖစ္ ေရ တစ္မ်ိဳးတည္းပဲ ေသာက္ခဲ့ၿပီးတဲ့ေနာက္မွာ အေရျပားေအာက္မွာရွိေနၿပီး အနည္းငယ္နာက်င္မႈျဖစ္ေစတဲ့ အစက္အေပ်ာက္ ေတြေပ်ာက္ကင္းသြားၿပီး အသားအေရလည္း ႏူးညံ့သြားခဲ့တယ္လို႔ ဆိုပါတယ္။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

စာရေးသူဟာ သူ့ရဲ့ ကိုယ်အလေးချိန်ကို များသောအားဖြင့် စိတ်ဝင်စားလေ့မရှိပါဘူး။ ဒါပေမယ့်လည်း သူဟာ ပြီးခဲ့တဲ့ အပတ်က အပန်းဖြေခရီးထွက်လာရင်းနဲ့ ဟိုတယ်ခန်းထဲမှာ ရှိတဲ့ ပေါင်ချိန်စက်ပေါ်မှာ စမ်းသပ်ကြည့်ခဲ့တဲ့ အခါမှာတော့ မမျှော်လင့်ထားတဲ့ ရလဒ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ ဖြည့်စွက်ပြောရမယ်ဆိုရင် စာရေးသူဟာ နောက်လထဲမှာ မင်္ဂလာဆောင်တစ်ခု ကျင်းပဖို့ရှိနေပါတယ်။ ဒါပေမယ့် သူ့ရဲ့ကိုယ်အလေးချိန်ဟာ အနည်းငယ် တိုးလာတာကြောင့် သူမ ပြင်ဆင်ထားတဲ့ မင်္ဂလာဆောင်အတွက် အဝတ်အစား ဟာ ဗိုက်သားနားဝန်းကျင်မှာ အနည်းငယ် အဆင်မပြေမှုတွေဖြစ်လာပါတယ်။ အဲဒါကြောင့် စာရေးသူ အနေနဲ့ တစ်ခုခုကို လုပ်ရတော့မယ်ဆိုတာ သိရှိခဲ့ပါတယ်။

ကိုယ်အလေးချိန်လျှော့ချမယ်ဆိုရင်တော့ နေ့စဉ် အစားအသောက်ထဲက တစ်ခုခု ကို စွန့်လွှတ်ဖို့ လိုအပ်မှာပါ။ ဒါကြောင့် စာရေးသူဟာ သူအကြိုက်ဆုံး အစားအသောက်ထဲက တစ်ခုကို စွန့်လွှတ်လိုက်ရပါတယ်။ အဲဒါကတော့ ရေ ကလွဲပြီး အခြား သောက်သုံးစရာ တွေကိုပါပဲ။ ကိုကာကိုလာ ၊ သစ်သီးဖျော်ရည် ၊ ကော်ဖီ စတဲ့သောက်သုံးစရာတွေကို စွန့်လွှတ်လိုက်ပါတယ်။ သိပ်တော့ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ အပတ်မှာတော့ စာရေးသူဟာ ရေ တစ်မျိုးတည်းပဲ ဆက်လက် သောက်သုံးလာခဲ့ရာကနေ သတင်းကောင်း တစ်ခုဖြစ်ခဲ့တာက စာရေးသူဟာ ကိုယ်အလေးချိန် ၅ ပေါင်တိတိ လျော့ကျသွားခဲ့ပါတယ်။ စာရေးသူဟာ ဘာလေ့ကျင့်ခန်းမှ မလုပ်ခဲ့သလို ဘာအစားအစာ ကိုမှ ရှောင်ကြဉ်ခဲ့ခြင်း မရှိပါဘူး။ အဓိက သက်ရောက်မှု ဖြစ်စေခဲ့တာကတော့ ဖျော်ရည်တွေ ၊ အအေးတွေ မှာ ပါဝင်တဲ့ သကြားသုံးစွဲမှု ကို ဖြတ်တောက်လိုက်ခြင်း ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ထပ်မံ ရရှိလာခဲ့တဲ့ ကောင်းကျိုးတွေကတော့ ရေများစွာ သောက်သုံးခြင်းဟာ အသားရေကိုလည်း ကောင်းမွန်လာစေခဲ့ပါတယ်။ စာရေးသူဟာ သောက်သုံးစရာအဖြစ် ရေ တစ်မျိုးတည်းပဲ သောက်ခဲ့ပြီးတဲ့နောက်မှာ အရေပြားအောက်မှာရှိနေပြီး အနည်းငယ်နာကျင်မှုဖြစ်စေတဲ့ အစက်အပျောက် တွေပျောက်ကင်းသွားပြီး အသားအရေလည်း နူးညံ့သွားခဲ့တယ်လို့ ဆိုပါတယ်။


Credit: Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top