iMyanmarHouse.com - Best Property Website for Myanmar
×

သင့်ချစ်သူရည်းစားဟာ သင့်ကို သာမာန်လူတစ်ယောက်လိုပဲ၊ အခြားသူတွေကို ဆက်ဆံသလိုပဲ ပြောဆိုဆက်ဆံတယ်လို့ သင်ခံစားရရင် သင်ဟာ အဲ့ဒီလူကို လက်ထပ်ဖို့ မရွေးချယ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို တစ်ကယ်ချစ်တဲ့ လူတစ်ယောက်ရဲ့ မျက်စိထဲမှာ ကိုယ်က ဘယ်တော့မှ သာမန်လူတစ်ယောက် မဖြစ်နိုင်လို့ပါ။

နက်ရှိုင်း စစ်မှန်တဲ့အချစ်က ဘယ်လောက်ပဲ နိမ့်ကျနေတဲ့သူတစ်ယောက်ကို ဖြစ်စေ ထူးခြားခမ်းနားတယ်လို့ ခံစားရစေတယ်။ မေးခွန်းထုတ်စရာမလိုဘဲ ကိုယ့်အတွေးထဲမှာ ထူးခြား ထင်ရှားနေတယ်လို့ ယုံကြည်ထားတဲ့အတွက် ကိုယ်ချစ်ရတဲ့သူကို ထူးထူးခြားခြားကို အလေးပေး ဆက်ဆံလိုစိတ်ရှိလာတယ်။  ကိုယ့်ချစ်သူက အများတွေအတွက် သူလိုကိုယ်လို လူတစ်ယောက်ပေမဲ့ ကိုယ့်အတွက်တော့ အတွေးတွေကို လှပစေတဲ့သူ၊ အိပ်မက်တွေကို သာယာစေတဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် ဘယ်လိုမှ သာမန်ပဲ သဘောမထားနိုင်တတ်ပါဘူး။

လူတစ်ယောက်က ဘယ်တော့မှ သာမန် မဖြစ်ပါဘူး။ကိုယ့်ရဲ့ အတွေး၊ လှုပ်ရှားပုံ၊ ပြောပုံ ဆိုပုံကအစ လူတစ်ယောက်မှာ ကိုယ်ပိုင်ဟန်တွေ မူတွေရှိတတ်စမြဲပါ။နာမည် ၊ အနေအထား တစ်ခုခုတူတာမျိုး ရှိကောင်းရှိနိုင်ပေမဲ့ ထပ်တူတူတဲ့သူဆိုတာ တစ်ယောက်မှ မရှိပါဘူး။ အမြွှာနှစ်ယောက်တောင် ထပ်တူမတူညီနိုင်ပါဘူး။ထပ်တူညီတာ မရှိဘူးဆိုမှတော့ ကမ္ဘာမှာ တစ်ဦးတည်းရှိတဲ့ ကိုယ်ပိုင် ထူးခြားချက်တွေ ပိုင်ဆိုင်ထားသူတွေပဲလို့ ဆိုရမှာပေါ့။
အရေးကြီးဆုံး အချက်ကတော့ လူတစ်ယောက်ကို ချစ်မိပြီဆိုရင် သူရဲ့ ထူးခြားမှုတွေကို ပိုပြီးမြင်တတ်လာတာပါပဲ။ ဒီလိုပါပဲ ကိုယ့်ကိုချစ်တဲ့လူရဲ့ မျက်ဝန်းထဲမှာလည်း ကိုယ့်ရဲ့ထူးခြားမှုတွေက အများတကာနဲ့ ကွဲထွက်ပြီး ထင်ရှားနေစေပါတယ်။အချစ်နဲ့ ထိတွေ့တဲ့အခါတိုင်းမှာ လူတစ်ယောက်ရဲ့ ထူးခြားမှုတွေက ပိုပြီးတောက်ပလာလေ့ရှိပါတယ်။

ဒီတော့ ကိုယ့်ကိုချစ်ပါတယ်လို့ ဆိုလာတဲ့ချစ်သူက ကိုယ့်ကို ထူးခြားတဲ့လူတစ်ယောက်လို တယုတယနဲ့ အလေးပေးဆက်ဆံဖို့ လိုကိုလိုပါတယ်။သူချစ်မှသာ ကိုယ့်ရဲ့ထူးခြားချက်လေးတွေကို မြင်ပြီး တန်ဖိုးထားတတ်မှာ ဖြစ်လို့ပါပဲ။
ဘဝလက်တွဲဖော် ရှာတဲ့အခါမှာ မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ မျက်လုံးဆိုးဆေးကို အကြိမ်ကြိမ် ပျက်စေမယ့်သူထက် ကိုယ့်နှုတ်ခမ်းနီကိုပဲပိုပြီး ပျက်စေမယ့်သူကိုပဲ ရှာဖို့ တိုက်တွန်းချင်ပါတယ်။ဒါကြောင့် ကိုယ့်ကို သူ့အတွက် ထူးခြားတဲ့သူတစ်ယောက်လိုမဟုတ်ဘဲ သာမန်လူတစ်ယောက်လိုပဲ ဆက်ဆံတတ်တဲ့သူဆိုရင်တော့ ဘယ်သောအခါမှ လက်ထပ်ဖို့ မစဉ်းစားမိပါစေနဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

#Unicode

အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top