iMyanmarHouse.com - Best Property Website for Myanmar
×

အစာအိမ်ပြဿနာရှိသူတွေအတွက် နာနတ်သီးကို ပုံမှန်စားသုံးပေးသင့်ပါတယ်။ bromelain လို့ခေါ်တဲ့ အစာချေဖျက် အင်ဇိုင်းတစ်မျိုး နာနတ်သီးမှာ ပါဝင်ပါတယ်။

အသားနဲ့ အခြားပရိုတိန်းအစားအစာတွေကို  bromelain က ချေဖျက်ပေးတာ ဖြစ်ပါတယ်။ bromelain ကို အများဆုံးတွေ့ရတဲ့ နေရာက နာနတ်သီးရဲ အူတိုင်ဖြစ်တာကြောင့် နာနတ်သီးအူတိုင်ကိုပါ စားပေးသင့်ပါတယ်။ အစာအိမ်လမ်းကြောင်းမှာ ပရိုတိန်းတွေကို မချေဖျက်နိုင်တာဟာ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်လာစေပါတယ်။ ပရိုးတိန်းများတဲ့အစားအစာတွေဖြစ်တဲ့ အသားနဲ့ပဲလို အစားအစာတွေစားပြီးတဲ့အခါတိုင်း နာနတ်သီးတစ်စိတ်လောက် စားပေးသင့်ပါတယ်။

 ဒါပေမဲ့ အစာချေအင်ဇိုင်းပါဝင်မှုများတာကြောင့် ထမင်းစားပြီးတိုင်း အမြောက်အများ စားတာမျိုးတော့ မလုပ်သင့်ပါဘူး။

Credit : Duwun

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top