iMyanmarHouse.com - Best Property Website for Myanmar
×

လူအမ်ားစုက မ်က္ႏွာေပၚက အေရးအေၾကာင္းေတြနဲ႔ ပါးေရတြန္႔ေေနတာေတြကုိ တားဆီးႏုိ္င္ဖို႔အတြက္ ေစ်းၾကီးတဲ့ ကုထုံးေတြ၊ Botox ေတြ၊ ခြဲစိတ္ျပဳျပင္တဲ့နည္းေတြကို သုံးၾကပါတယ္။ ကၽြန္မအခုတင္ျပမယ့္နည္းကေတာ့ ေစ်းးမ်ားျပီး အႏၱရာယ္ရွိတဲ့ နည္းေတြကုိ သုံးစရာမလုိဘဲ မ်က္ႏွာေလ့က်င့္ခန္းပုံမွန္ ျပဳလုပ္ရုံနဲ႔ အရြယ္တင္ႏုပ်ဳိေစမွာ ျဖစ္ပါတယ္။

သင့္အေနနဲ႔ ထူးျခားတဲ့အက်ဳိးရခ်င္တယ္ဆုိရင္ မိနစ္ ၂၀ ေလာက္ တစ္ပတ္ကို ၆ ရက္ ေလ့က်င့္ဖုိ႔ပဲလုိပါတယ္။ ဒီမ်က္ႏွာေလ့က်င့္ခန္းေတြက သင့္ရဲ႕ ေလ်ာ့ရဲက်ေနတဲ့ အေရျပားနဲ႕ ၾကြက္သားမ်ားကို ျပန္ျပီး တင္းရင္းေစပါတယ္။ ေသြးလွည့္ပတ္မႈအားေကာင္းေစတာေၾကာင့္ ေတာက္ပျပီး က်န္းမာတဲ့ အသားအေရကုိ ပုိင္ဆုိင္ေစမွာ ျဖစ္ပါတယ္။ဒီေလ့က်င့္ခန္းပုံစံေလးေတြကေတာ့ -

၁) အံ့အားသင့္တဲ့ပုံစံ

 အံ့အားသင့္တဲ့အခါ မ်က္ခုံးေတြပင့္သြားသလုိ ပင့္ပါ။ပင့္ႏုိင္သမွ် ပင့္လို႔ရတဲ့အထိ ပင့္ပါ။ ပါးစပ္ကိုလည္း အတတ္ႏုိ္င္ဆုံး အက်ယ္ဆုံးဟပါ။မ်က္လုံးေတြကုိလည္း အတတ္ႏို္င္ဆုံး ျပဴးထားပါ။ ဒီလိုပုံစံမ်ဳိး ၁၀ ၾကိမ္လုပ္ပါ။

၂)ပါးေဖာင္းတဲ့ပုံစံ

ေလကုိ တဝၾကီးရွဴသြင္းျပီး ပါးကို အတတ္ႏုိ္င္ဆုံး ေဖာင္းထားပါ။ေလကို ပါးတစ္ဖက္ကေန တစ္ဖက္ကို ေျပာင္းၾကည့္ျပီး ေလကို အတတ္ႏုိ္င္ဆုံး ၾကာၾကာငုံထားပါ။၁၀ ၾကိမ္လုပ္ပါ။

၃)သစ္ကုလားအုတ္ပုံစံ

ေခါင္းကုိ အေပၚကုိ ေမာ့ျပီး လည္ပင္းကုိ ဆန္႔ထားပါ။လွ်ာက အေပၚအာေခါင္ကုိ တြန္းထားပါ။လက္ညႈိးေတြသုံးျပီး လည္ပင္းအေရျပားကုိ ေအာက္ကို ဆြဲထားပါ။၂၅ စကၠန္႔ေလာက္ဆြဲထားပါ။ ျပီးရင္ ျပန္လႊတ္ျပီး အစကေနျပန္လုပ္ပါ။

၄)မ်က္ေမွာင္ၾကဳတ္တဲ့ ပုံစံ

လက္ညႈိးႏွစ္ေခ်ာင္းကုိ မ်က္ခုံးရဲ႕ အျပင္အစြန္းမွာထား၊လက္ခလယ္ ႏွစ္ေခ်ာင္းကုိ အတြင္း အစြန္းမွာထားျပီး ၾကဳတ္ထားတဲ့ မ်က္ခုံးေပၚကို ဖိျပီး မ်က္ေမွာင္ အၾကဳတ္ေျပသြားေအာင္လုပ္ေပးပါ။ မ်က္ေမွာင္ၾကဳတ္ထားပါ။၂ စကၠန္႔ေလာက္ၾကာျပီးရင္ ေလွ်ာ့လုိက္ပါ။ ၈ ၾကိမ္ေလာက္လုပ္ပါ။

၅)လူရႊင္ေတာ္ပုံစံ

 သင္ျပဳံးႏုိ္င္သမွ် က်ယ္က်ယ္ျပဳံးထားပါ။ႏွာေခါင္းကုိ တြန္႔ပါ။ႏႈတ္ခမ္းကို တြန္႔ပါ။ျပီးရင္ ပါးစပ္ပိတ္ထားလ်က္နဲ႔ ေမးေစ့ကို လက္ေခ်ာင္းေတြသုံးျပီး ေအာက္ကုိဆြဲပါ။ပုံစံတစ္မ်ဳိးစီကို ၅ စကၠန္႔စီလုပ္ပါ။ အားလုံးကို ၁၀ၾကိမ္္ေလာက္ လုပ္ပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

လူအများစုက မျက်နှာပေါ်က အရေးအကြောင်းတွေနဲ့ ပါးရေတွန့်ေနေတာတွေကို တားဆီးနိုင်ဖို့အတွက် ဈေးကြီးတဲ့ ကုထုံးတွေ၊ Botox တွေ၊ ခွဲစိတ်ပြုပြင်တဲ့နည်းတွေကို သုံးကြပါတယ်။ ကျွန်မအခုတင်ပြမယ့်နည်းကတော့ ဈေးးများပြီး အန္တရာယ်ရှိတဲ့ နည်းတွေကို သုံးစရာမလိုဘဲ မျက်နှာလေ့ကျင့်ခန်းပုံမှန် ပြုလုပ်ရုံနဲ့ အရွယ်တင်နုပျိုစေမှာ ဖြစ်ပါတယ်။

သင့်အနေနဲ့ ထူးခြားတဲ့အကျိုးရချင်တယ်ဆိုရင် မိနစ် ၂၀ လောက် တစ်ပတ်ကို ၆ ရက် လေ့ကျင့်ဖို့ပဲလိုပါတယ်။ ဒီမျက်နှာလေ့ကျင့်ခန်းတွေက သင့်ရဲ့ လျော့ရဲကျနေတဲ့ အရေပြားနဲ့ ကြွက်သားများကို ပြန်ပြီး တင်းရင်းစေပါတယ်။ သွေးလှည့်ပတ်မှုအားကောင်းစေတာကြောင့် တောက်ပပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းပုံစံလေးတွေကတော့ -

၁) အံ့အားသင့်တဲ့ပုံစံ

 အံ့အားသင့်တဲ့အခါ မျက်ခုံးတွေပင့်သွားသလို ပင့်ပါ။ပင့်နိုင်သမျှ ပင့်လို့ရတဲ့အထိ ပင့်ပါ။ ပါးစပ်ကိုလည်း အတတ်နိုင်ဆုံး အကျယ်ဆုံးဟပါ။မျက်လုံးတွေကိုလည်း အတတ်နိုင်ဆုံး ပြူးထားပါ။ ဒီလိုပုံစံမျိုး ၁၀ ကြိမ်လုပ်ပါ။

၂)ပါးဖောင်းတဲ့ပုံစံ

လေကို တဝကြီးရှူသွင်းပြီး ပါးကို အတတ်နိုင်ဆုံး ဖောင်းထားပါ။လေကို ပါးတစ်ဖက်ကနေ တစ်ဖက်ကို ပြောင်းကြည့်ပြီး လေကို အတတ်နိုင်ဆုံး ကြာကြာငုံထားပါ။၁၀ ကြိမ်လုပ်ပါ။

၃)သစ်ကုလားအုတ်ပုံစံ

ခေါင်းကို အပေါ်ကို မော့ပြီး လည်ပင်းကို ဆန့်ထားပါ။လျှာက အပေါ်အာခေါင်ကို တွန်းထားပါ။လက်ညှိုးတွေသုံးပြီး လည်ပင်းအရေပြားကို အောက်ကို ဆွဲထားပါ။၂၅ စက္ကန့်လောက်ဆွဲထားပါ။ ပြီးရင် ပြန်လွှတ်ပြီး အစကနေပြန်လုပ်ပါ။

၄)မျက်မှောင်ကြုတ်တဲ့ ပုံစံ

လက်ညှိုးနှစ်ချောင်းကို မျက်ခုံးရဲ့ အပြင်အစွန်းမှာထား၊လက်ခလယ် နှစ်ချောင်းကို အတွင်း အစွန်းမှာထားပြီး ကြုတ်ထားတဲ့ မျက်ခုံးပေါ်ကို ဖိပြီး မျက်မှောင် အကြုတ်ပြေသွားအောင်လုပ်ပေးပါ။ မျက်မှောင်ကြုတ်ထားပါ။၂ စက္ကန့်လောက်ကြာပြီးရင် လျှော့လိုက်ပါ။ ၈ ကြိမ်လောက်လုပ်ပါ။

၅)လူရွှင်တော်ပုံစံ

 သင်ပြုံးနိုင်သမျှ ကျယ်ကျယ်ပြုံးထားပါ။နှာခေါင်းကို တွန့်ပါ။နှုတ်ခမ်းကို တွန့်ပါ။ပြီးရင် ပါးစပ်ပိတ်ထားလျက်နဲ့ မေးစေ့ကို လက်ချောင်းတွေသုံးပြီး အောက်ကိုဆွဲပါ။ပုံစံတစ်မျိုးစီကို ၅ စက္ကန့်စီလုပ်ပါ။ အားလုံးကို ၁၀ကြိမ်လောက် လုပ်ပါ။

Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top