iMyanmarHouse.com - Best Property Website for Myanmar
×

ယခုအခါ လူကြိုက်များလာပြီး ပေါ်ပြူလာဖြစ်လာတဲ့ ၀မ်းဗိုက်အဆီချပေးနိုင်တဲ့ ပျားသံပုရာဖော်မြူလာကို မျှဝေပေးလိုက်ပါတယ်။

( ပျားသံပုရာဖော်မြူလာအတွက် ပါဝင်သောပစ္စည်းများ )

၁။ သံပုရာသီး
၂။ ပျားရည် (မွေးမြူရေးပျား မဟုတ်ပဲ သဘာဝပျားဆိုလျှင် ပိုကောင်းပါသည်)
၃။ ဆားအနည်းငယ်

(ပျားသံပုရာ ပြုလုပ်နည်း )

၁။ သံပုရာသီးအလုံးလိုက်ကို ဆားနှင့်  ပွတ်တိုက်ပေးပါ။

၂။ (၃) မိနစ်ခန့်ကြာလျှင် ရေနှင့် ဆေးကြောပေးပြီး ရေခြောက်အောင် ခဏထားပါ။

၃။ သံပုရာသီးများကို အခွံနှင့်တကွ အကွင်းလေးများဖြစ်အောင် ပါးပါးလှီးပြီး အစေ့များကို ဖယ်ထုတ်ပါ။

၎။ အ၀ကျယ် ပုလင်းပု (သို့မဟုတ်) ဗူးထဲကိုထည့်ပြီး သံပုရာတစ်ကွင်းထည့်တိုင်း ပျားရည်တစ်ဇွန်း (လက်ဖက်စားဇွန်း) ထည့်ပါ။ အကွင်းတိုင်းမှာ ပျားရည်ဆိမ့်ဝင်နေအောင် ထည့်ပါ။ ပြီးလျှင် သံပုရာကွင်းများမြုပ်အောင်ထိ ရေကျက်အေး(သို့) ရေသန့်အနည်းငယ် လောင်းထည့်ပါ။ (ပုံထဲမှာ ပြထားသည့်အတိုင်း နမူနာကြည့်နိုင်ပါသည်)

၅။ ပုလင်းကို အဖုံး ဖုံးအုပ်ပြီး ရေခဲသေတ္တာထဲထည့်ကာ (၃) ရက်ခန့် နှပ်ထားပါ။




( သောက်သုံးရန် အညွန်း )

မနက်စာမစားခင်နှင့် ညဖက်အိပ်ယာမ၀င်ခင် သံပုရာတစ်ကွင်းနှင့် 
ဖော်စပ်ထားသော ဆေးအရည်တစ်ဇွန်းခန့်ကို စားပါ။

တစ်ပတ်ခန့် ဆက်တိုက် စားပြီးလျှင် အစာခြေ စနစ်ကိုကောင်းမွန်စေပြီး ၀မ်းဗိုက်အဆီများ လျှော့ချသွားစေကာ ဗိုက်သားကို ချပ်ရပ်စေပါမည်။ သဘာဝဆေးနည်းမို့ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။

ပျားသံပုရာဖော်မြူလာကို ကမ္ဘာမှာ လူကြိုက်များလာစေသည့် အကြောင်းရင်းများကတော့ အားကစားလုပ်စရာမလိုခြင်း၊ အစားရှောင်စရာမလိုခြင်း၊ အကုန်အကျလည်း သက်သာခြင်း၊ ဆေးနည်းကလည်း အရမ်းကို လွယ်ကူခြင်းနှင့် အမှန်တကယ် ထိရောက်မှုရှိခြင်းတို့ကြာင့် ဖြစ်ပါတယ်။


Credit:စောနွဲ့ နေဆိုင်

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top