iMyanmarHouse.com - Best Property Website for Myanmar
×

ချစ်သူရည်းစားထားတယ်ဆိုတာ နှလုံးသားက စေခိုင်းတဲ့အရာကို မလွန်ဆန်နိုင်တာကြောင့် ခေါင်းညိတ်လိုက်ကြရတာမျိုးပါ။ ဒါပေမယ့် နှလုံးသားက ဘယ်လောက်ပဲ တောင်းဆိုနေပါစေ၊ ဦးနှောက်နဲ့လည်း စဉ်းစားတွေးခေါ်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ သင့်ချစ်သူကောင်လေးကို သင်က အပြစ်မမြင်နိုင်အောင် ချစ်နေတယ်ဆိုပါစို့။ သင့်စိတ်ထဲမှာ သူကလည်း သင့်လိုပဲ ခံစားနေတယ်လို့ ယုံကြည်မိနေပေမယ့် သူကသာ ဒီလိုအရာမျိုးတွေ သင့်အပေါ် ပြောဆိုပြုမူလာတယ်ဆိုရင် ဒါဟာ သင့်ကိုတကယ် မချစ်ပဲ အပျော်သာ ခဏတွဲပြီး ထားခဲ့ဖို့ စဉ်းစားထားတာကြောင့် ဆိုတာ သိစေချင်ပါတယ်။

၁။ သူအမြဲတမ်းပြောတာက သင်နဲ့တွဲချင်ပေမယ့် အချစ်ရေးဆိုတာမျိုးကြီး တည်တည်တံ့တံ့ မသတ်မှတ်ချင်ဘူး။

သင့်ကိုတကယ်ချစ်တဲ့သူဟာ သင့်ကို စွန့်လွှတ်ရမှာ ကြောက်တဲ့သူသာ ဖြစ်ပါတယ်။ အဲ့ဒီလို မဟုတ်ပဲ သူသင့်ကို အမြဲတမ်း ပြောတာက နှစ်ဦးသားသက်သက် ဒိတ်လုပ်ကြရုံပဲ။ တခြားကြီးကြီးမားမား စိတ်ကူးထားတာမျိုး မရှိသလို အချစ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်လည်း မ၀င်ချင်ဘူး။ ဒါတွေဟာ စိတ်ရှုပ်စရာ ကောင်းတယ်လို့ ပြောလာရင်တော့ သူဟာ သင်သူ့ဘေးက ထွက်သွားရင်လည်း ဂရုစိုက်မှာ မဟုတ်သလို သူလည်း ထွက်သွားချင်သွားမယ်ဆိုတာမျိုး သိအောင်ပြောလိုက်တာပါပဲ။ သင့်ကို အပျော်သဘောသာ သတ်မှတ်ထားတာ ရှင်းနေတာပဲလေ။

၂။ သင်နဲ့အီစီကလီ လုပ်ပေမယ့် သင်နဲ့အတည်တွဲဖို့ ဘယ်တော့မှ မပြောဘူး။

သင်နဲ့ facebook inbox မှာ စကားတွေပြောမယ်၊ မတ်ဆေ့ခ်ျတွေပို့မယ်၊ သင့်ဖုန်းကို မတ်ဆေ့ခ်ျတွေပို့ပြီး သင့်ကို စိတ်ဝင်စားသလိုလို အီစီကလီ လုပ်နေပေမယ့် သင့်ကို ချစ်တယ်ဆိုတဲ့အကြောင်း မဖွင့်ဟသလို အတည်တွဲဖို့ကိုလည်း ဘယ်တော့မှ မပြောဘူး။ သင်က အပြင်မှာ တွေ့ချင်ရင်တောင် သူက အကြောင်းအမျိုးမျိုးပြပြီးရှောင်နေတယ်။

၃။ သူက တစ်ခါမှလူတစ်ယောက်ကို မချစ်ခဲ့ဖူးကြောင်း ပြောလာမယ်။

သင့်ကို သူက လူတစ်ယောက်ကို ချစ်တာ ဘယ်လိုမျိုးလဲ။ သူကတော့ မချစ်ဖူးဘူးလို့ ပြောလာရင် သင်ကတော့ အကောင်းဘက်ကတွေးပြီး ဒါဟာ သူနဲ့တကယ်လိုက်ဖက်မှန်ကန်တဲ့သူ မတွေ့သေးလို့နေမယ်ဆိုပြီး ပီတိဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ သင့်အနေနဲ့လည်း ရောဂါပိုး ပိုဆိုးသွားပါလိမ့်မယ်။ ဒါပေမယ့် သင်သိရမှာက သူဟာ ရည်းစားထားဖူးရမယ့် အရွယ်ထက်ကို အသက်က ကျော်လွန်နေသည့်တိုင် သူက မထားခဲ့တာဆိုရင်တော့ ထပ်ထားဖို့လည်း စိတ်ကူးချင်မှ ကူးပါလိမ့်မယ်။ အမှန်တော့ သင့်ကို စကားအကုန် သူပြောပြီးဖြစ်ပါတယ်။

၎။ စာတိုတွေပို့နေပေမယ့် သူ့မှာ သင့်ကိုတွေ့ဖို့တော့ အချိန်မရှိပါဘူး။

ယောင်္ကျားတော်တော်များများက စာတိုလေးတွေ ပို့တာကို သဘောကျကြပါတယ်။ သင့်ကိုမနက်နိုးတဲ့အချိန် လှပတဲ့ မနက်ခင်းလေးပါ အချောအလှလေးရေ ဆိုတာမျိုး သူက ပို့တတ်တယ်ဆိုရင် သင်တွေးရမှာက ဒီလိုမျိုး သူပို့နေတာ သင့်တစ်ယောက်တည်းလား ဆိုတာပါပဲ။ ထမင်းစားချိန်လည်းပို့၊ ညဘက်လည်းပို့ တစ်ချိန်လုံး စာတိုတွေ ပို့နေပေမယ့် သင့်ရှေ့တော့ ဘယ်တော့မှလူလုံးထွက်မပြဘူးဆိုရင် သင့်ရဲ့စိတ်ကူးယဉ်ဇာတ်လမ်းကို ဒီမှာတင် ရပ်လိုက်ပါ။

၅။ လူမသိ သူမသိ နေရာလေးတွေမှာပဲ သင်နဲ့တွေ့ဖို့ ချိန်းတယ်။

နှစ်ဦးသား သူ့တစ်ယောက်တည်းနေတဲ့ အခန်းမှာပဲဖြစ်ဖြစ်၊ သင်တစ်ယောက်တည်းနေတဲ့ အခန်းမှာပဲဖြစ်ဖြစ် ရုပ်ရှင်လေးကြည့်လိုက်၊ မုန့်လေးစားလိုက် လုပ်နေတာမျိုးကလွဲပြီး အခြား လူရှေ့သူရှေ့နှစ်ဦးသား လက်တွဲသွားလာ တာမျိုးလည်း မရှိဘူး။ တခြားသူ့သူငယ်ချင်းတွေ၊ ကိုယ့်သူငယ်ချင်း၊ မိသားစုဝင်စတဲ့သူတွေနဲ့ မတွေ့ချင်ဘူးလို့ သင့်လူက ငြင်းဆန်နေရင် ဒါပုံမှန်လုံးဝမဟုတ်ပါဘူး။



Credit : Trend Myanmar
 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top