iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္တယ္ဆုိတဲ့စကားကို ေျပာရတာ လြယ္ပါတယ္။ ဒါေပမဲ့ အေျပာသာရွိၿပီး တကယ္လက္ေတြ႕ သက္ေသမျပႏုိင္ရင္ အလကားပါပဲ။ ခ်စ္သူကို တကယ္ခ်စ္တယ္ဆုိရင္ ဒီလိုနည္းနဲ႔ သက္ေသျပႏုိင္ရပါမယ္။

၁။ လိုအပ္တုိင္းမွာ အနားမွာရွိတယ္

လူတစ္ေယာက္ကို ခ်စ္တယ္ဆုိတာ ေပ်ာ္စရာအခ်ိန္ေတြမွာ အတူရွိဖို႔တင္ မဟုတ္္ပါဘူး။ အခက္အခဲေတြ ရင္ဆုိင္ရခ်ိန္မွာလည္း အနားမွာ အျမဲမခြဲမခြာရွိရပါမယ္။

၂။ ႏွစ္ဦးသားရဲ႕အခ်စ္ေရးက အဓိကဦးစားေပးျဖစ္တယ္

အခ်စ္ေရး အျမဲခုိင္မာဖို႔ ခ်စ္ေန႐ံုနဲ႔ မလံုေလာက္ပါဘူး။ ေပ်ာ္ရႊင္စရာေကာင္းတဲ့ အခ်စ္ေရးကို လိုခ်င္တယ္ဆုိရင္ တစ္ခါတေလမွာ ႏွစ္ဦးသား ညႇိႏႈိင္းဖုိ႔ လုိသလို ေသခ်ာ အေလးအနက္ ေဆြးေႏြးရပါမယ္။

၃။ ခ်စ္သူရဲ႕ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔ အေထာက္အပံ့ေပးရမယ္

လူတစ္ေယာက္ကို ခ်စ္ရင္ အဲဒီလူေပ်ာ္ရႊင္ေအာင္ ထားခ်င္ရမယ္။ ကိုယ့္ခ်စ္သူရဲ႕ အိပ္မက္ေတြကို အေကာင္အထည္အေဖာ္ဖို႔ အျမဲတမ္း အနားမွာ အားေပးေနရမယ္။

၄။ ခ်စ္သူရဲ႕ အေတြးအျမင္ကို စိတ္ဝင္စားရမယ္

ကိုယ့္ခ်စ္သူက ဘာေျပာခ်င္တာလဲ၊ ဘယ္လိုအျမင္ရွိသလဲဆုိတာ ဂ႐ုတစိုက္နားေထာင္ဖုိ႔ လိုပါတယ္။ သူယံုၾကည္တာ အားလံုးကို လိုက္ၿပီး ေထာက္ခံဖို႔ မလုိပါဘူး။ ဒါေပမဲ့ သူ႔ကိုယ္ပိုင္ အေတြးအျမင္ကိုေတာ့ ေလးစားရပါမယ္။

၅။ နားေထာင္ေပးရမယ္

ကိုယ့္ခ်စ္သူရဲ႕ ျပႆနာေတြနဲ႔ ေပ်ာ္ရႊင္စရာေတြကို နားေထာင္ေပးရပါမယ္။ သူ႔ရဲ႕မေက်နပ္ခ်က္ေတြကို လုိက္လံေျဖရွင္းေပးဖို႔ မလုိအပ္ပါဘူး။ သူလိုအပ္တာက နားေထာင္ေပးသူ တစ္ေယာက္ပါပဲ။

၆။ ႐ိုးသားပါ

အလိမ္အညာဆုိတာ တစ္ေန႔က်ေတာ့ ေပၚစျမဲပါ။ အမွားလုပ္သည္ျဖစ္ပါေစ အမွန္အတိုင္းေျပာလိုက္တာဟာ လိမ္ညာခံရတာထက္ ပိုၿပီး နာက်င္မႈေလ်ာ့နည္းေစပါတယ္။ ခ်စ္သူအေပၚ ႐ိုးသားမွသာ ၾကံဳသမွ်အခက္အခဲကို ႏွစ္ဦးအတူ ရင္ဆုိင္ေျဖရွင္းႏုိင္မွာပါ။

၇။ ခ်စ္သူရဲ႕အက်င့္အျပဳအမူေတြကို လက္ခံႏိုင္ရမယ္

ျပည့္စံုတဲ့သူဆုိတာ မရွိပါဘူး။ ခ်စ္သူရဲ႕ ေကာင္းကြက္ေတြတင္မဟုတ္ဘူး၊ အျပစ္အနာေတြကိုပါ ခ်စ္ႏုိင္မွသာ အခ်စ္စစ္အခ်စ္မွန္ ျဖစ္ပါတယ္။

၈။ ယံုၾကည္ထုိက္သူျဖစ္ပါေစ

စကားကို ၿပီးစလြယ္ေျပာတတ္သူကို ဘယ္သူမွ သေဘာမက်ပါဘူး။ ကိုယ့္ခ်စ္သူကို တကယ္ခ်စ္တယ္ဆုိရင္ သူ႔အေပၚ ေပးထားတဲ့ကတိကို တည္ဖုိ႔လည္း လိုပါတယ္။

Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

ချစ်တယ်ဆိုတဲ့စကားကို ပြောရတာ လွယ်ပါတယ်။ ဒါပေမဲ့ အပြောသာရှိပြီး တကယ်လက်တွေ့ သက်သေမပြနိုင်ရင် အလကားပါပဲ။ ချစ်သူကို တကယ်ချစ်တယ်ဆိုရင် ဒီလိုနည်းနဲ့ သက်သေပြနိုင်ရပါမယ်။

၁။ လိုအပ်တိုင်းမှာ အနားမှာရှိတယ်

လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ပျော်စရာအချိန်တွေမှာ အတူရှိဖို့တင် မဟုတ်ပါဘူး။ အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာလည်း အနားမှာ အမြဲမခွဲမခွာရှိရပါမယ်။

၂။ နှစ်ဦးသားရဲ့အချစ်ရေးက အဓိကဦးစားပေးဖြစ်တယ်

အချစ်ရေး အမြဲခိုင်မာဖို့ ချစ်နေရုံနဲ့ မလုံလောက်ပါဘူး။ ပျော်ရွှင်စရာကောင်းတဲ့ အချစ်ရေးကို လိုချင်တယ်ဆိုရင် တစ်ခါတလေမှာ နှစ်ဦးသား ညှိနှိုင်းဖို့ လိုသလို သေချာ အလေးအနက် ဆွေးနွေးရပါမယ်။

၃။ ချစ်သူရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အထောက်အပံ့ပေးရမယ်

လူတစ်ယောက်ကို ချစ်ရင် အဲဒီလူပျော်ရွှင်အောင် ထားချင်ရမယ်။ ကိုယ့်ချစ်သူရဲ့ အိပ်မက်တွေကို အကောင်အထည်အဖော်ဖို့ အမြဲတမ်း အနားမှာ အားပေးနေရမယ်။

၄။ ချစ်သူရဲ့ အတွေးအမြင်ကို စိတ်ဝင်စားရမယ်

ကိုယ့်ချစ်သူက ဘာပြောချင်တာလဲ၊ ဘယ်လိုအမြင်ရှိသလဲဆိုတာ ဂရုတစိုက်နားထောင်ဖို့ လိုပါတယ်။ သူယုံကြည်တာ အားလုံးကို လိုက်ပြီး ထောက်ခံဖို့ မလိုပါဘူး။ ဒါပေမဲ့ သူ့ကိုယ်ပိုင် အတွေးအမြင်ကိုတော့ လေးစားရပါမယ်။

၅။ နားထောင်ပေးရမယ်

ကိုယ့်ချစ်သူရဲ့ ပြဿနာတွေနဲ့ ပျော်ရွှင်စရာတွေကို နားထောင်ပေးရပါမယ်။ သူ့ရဲ့မကျေနပ်ချက်တွေကို လိုက်လံဖြေရှင်းပေးဖို့ မလိုအပ်ပါဘူး။ သူလိုအပ်တာက နားထောင်ပေးသူ တစ်ယောက်ပါပဲ။

၆။ ရိုးသားပါ

အလိမ်အညာဆိုတာ တစ်နေ့ကျတော့ ပေါ်စမြဲပါ။ အမှားလုပ်သည်ဖြစ်ပါစေ အမှန်အတိုင်းပြောလိုက်တာဟာ လိမ်ညာခံရတာထက် ပိုပြီး နာကျင်မှုလျော့နည်းစေပါတယ်။ ချစ်သူအပေါ် ရိုးသားမှသာ ကြုံသမျှအခက်အခဲကို နှစ်ဦးအတူ ရင်ဆိုင်ဖြေရှင်းနိုင်မှာပါ။

၇။ ချစ်သူရဲ့အကျင့်အပြုအမူတွေကို လက်ခံနိုင်ရမယ်

ပြည့်စုံတဲ့သူဆိုတာ မရှိပါဘူး။ ချစ်သူရဲ့ ကောင်းကွက်တွေတင်မဟုတ်ဘူး၊ အပြစ်အနာတွေကိုပါ ချစ်နိုင်မှသာ အချစ်စစ်အချစ်မှန် ဖြစ်ပါတယ်။

၈။ ယုံကြည်ထိုက်သူဖြစ်ပါစေ

စကားကို ပြီးစလွယ်ပြောတတ်သူကို ဘယ်သူမှ သဘောမကျပါဘူး။ ကိုယ့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင် သူ့အပေါ် ပေးထားတဲ့ကတိကို တည်ဖို့လည်း လိုပါတယ်။


Credit: Duwun


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top