iMyanmarHouse.com - Best Property Website for Myanmar
×

ဖက္ရွင္က ေပ်ာ္ရႊင္မႈျဖစ္ေစႏုိင္သလို အႏၱရာယ္လည္း ျဖစ္ေစတတ္ေၾကာင္း Journal of Neurology, Neurosurgery and Psychiatry မွာ ေဖာ္ျပထားတဲ့ မၾကာေသးမီက ေလ့လာမႈအရ သိရပါတယ္။  ၾသစေၾတးလ်ႏုိင္ငံက သိပၸံပညာရွင္ေတြဟာ ဂ်င္းေဘာင္းဘီက်ပ္က်ပ္ ဝတ္ျခင္းေၾကာင့္ အာရုံေၾကာ ပ်က္စီးမႈခံစားခဲ့တဲ့ အမ်ဳိးသမီးတစ္ဦး အေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ဒါေပမယ့္ က်န္းမာေရးအတြက္ အႏၱရာယ္ျဖစ္ေစႏုိင္တာက တင္းက်ပ္တဲ့ ဂ်င္းေဘာင္းဘီတစ္ခုတည္း မဟုတ္ဘူးလုိ႔ Time magazine က ေဖာ္ျပထားပါတယ္။

၁။ ဂ်င္းေဘာင္းဘီက်ပ္က်ပ္

မၾကေသးမီက အင္တာနက္ေပၚ ဂ်င္းေဘာင္းဘီက်ပ္က်ပ္ဝတ္ေနရင္း ေျခေထာက္ေတာင့္ေတာင့္ၾကီး ျဖစ္သြားတဲ့ ၃၅ ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦးရဲ႕ အျဖစ္အပ်က္တစ္ခု ရိွခဲ့ပါတယ္။ ေန႔ဘက္မွာ ဂ်င္းေဘာင္းဘီက တအားတင္းၾကပ္လာတယ္။ အလုပ္ကေန လမ္းေလွ်ာက္ျပန္တဲ့အခ်ိန္မွာ ေျခေထာက္ေတြ ေယာင္တက္လာ သတိျပဳမိျပီး ေနာက္ေတာ့ သူမ ေျမၾကီးေပၚ လဲက်သြားပါတယ္။

သူမေျခေထာက္နဲ႔ လက္ေကာက္ဝတ္ေတြ တအားေယာင္ကိုင္းလာတာေၾကာင့္ ေျခေထာက္ေအာက္ဘက္ပုိင္း ေသြးလည္ပတ္မႈ အတန္အသင့္ရေအာင္ ဂ်င္းေဘာင္းဘီကို အားခ်င္း ခြဲထုတ္လုိက္ရပါတယ္။

၂။ ေဒါက္ျမင့္ဖိနပ္

၂၀၁၄ ခုႏွစ္မွာ ပုံႏွိပ္ေဖာ္ျပထားတဲ့ ေလ့လာမႈတစ္ခုမွာ ေဒါက္ျမင့္ဖိနပ္က ေက်ာရိုး တန္ျပန္တုံ႔ျပန္မႈ ျဖစ္ေစႏုိင္တဲ့ ေျခရင္းနဲ႔ ေျခခ်င္းဝတ္ အေနအထားေျပာင္းလဲမႈ ျဖစ္ေစေၾကာင္း သုံးသပ္ခဲ့ပါတယ္။

၃။ ကုိယ္လုံးလွ အတြင္းခံေဘာင္းဘီ

ကိုယ္လုံးလွ အတြင္းခံေဘာင္းဘီဝတ္ဆင္တာက နာက်င္မႈ၊ အသက္ရွဴျပသနာေတြ ျဖစ္ေစႏုိင္ျပီး နံရုိးထိခုိက္မႈ ျဖစ္ေစႏုိင္ပါတယ္။

၄။ နက္ကတုိင္

တင္းၾကပ္လြန္းတဲ့ နက္တုိင္ေတြ ဝတ္ဆင္ျခင္းက မ်က္လုံးမွာ ေသြးေပါင္တက္ျခင္းကဲ့သို႔ အႏၱရာယ္ ျဖစ္ေစႏုိင္ေၾကာင္း ေဖာ္ျပထားတဲ့ သက္ေသအေထာက္အထား ရိွပါတယ္။ နက္ကတုိင္ဝတ္ဆင္ျခင္းဟာ ျပင္းထန္တဲ့ က်န္းမာေရးျပသနာအတြက္ အႏၱရာယ္ရိွတဲ့ အခ်က္တစ္ခု ျဖစ္ပါတယ္။ နက္ကတုိင္ဝတ္သူေတြ အသက္ရွဴစရာ ေနရာအနည္းငယ္ ခ်န္လွပ္ေပးသင့္ပါတယ္။

၅။ Body piercings

Body piercings ပတ္သက္ရင္ ဘက္တီးရီးယားပိုးကူးစက္မႈက အၾကီးမားဆုံးျပသနာ ျဖစ္ပါတယ္။ အျခားျဖစ္ႏုိင္တဲ့ ျပသနာေတြက ဓာတ္မတည့္ျခင္းနဲ႔ ေဆးကုသမႈ လုပ္ထုံးလုပ္နည္း ျဖစ္ပါတယ္။ piercing လုပ္တဲ့အခါ သင့္ေတာ္တဲ့ အသုံးေဆာင္ပစၥည္းေတြ အသုံးျပဳဖုိ႔နဲ႔ ျပသနာမျဖစ္ေအာင္ တစ္ကုိယ္ေရသန္႔ရွင္းမႈ ထိန္းသိမ္းဖုိ႔ အေရးၾကီးပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ဖက်ရှင်က ပျော်ရွှင်မှုဖြစ်စေနိုင်သလို အန္တရာယ်လည်း ဖြစ်စေတတ်ကြောင်း Journal of Neurology, Neurosurgery and Psychiatry မှာ ဖော်ပြထားတဲ့ မကြာသေးမီက လေ့လာမှုအရ သိရပါတယ်။  သြစတြေးလျနိုင်ငံက သိပ္ပံပညာရှင်တွေဟာ ဂျင်းဘောင်းဘီကျပ်ကျပ် ဝတ်ခြင်းကြောင့် အာရုံကြော ပျက်စီးမှုခံစားခဲ့တဲ့ အမျိုးသမီးတစ်ဦး အကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တာက တင်းကျပ်တဲ့ ဂျင်းဘောင်းဘီတစ်ခုတည်း မဟုတ်ဘူးလို့ Time magazine က ဖော်ပြထားပါတယ်။

၁။ ဂျင်းဘောင်းဘီကျပ်ကျပ်

မကြသေးမီက အင်တာနက်ပေါ် ဂျင်းဘောင်းဘီကျပ်ကျပ်ဝတ်နေရင်း ခြေထောက်တောင့်တောင့်ကြီး ဖြစ်သွားတဲ့ ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ပါတယ်။ နေ့ဘက်မှာ ဂျင်းဘောင်းဘီက တအားတင်းကြပ်လာတယ်။ အလုပ်ကနေ လမ်းလျှောက်ပြန်တဲ့အချိန်မှာ ခြေထောက်တွေ ယောင်တက်လာ သတိပြုမိပြီး နောက်တော့ သူမ မြေကြီးပေါ် လဲကျသွားပါတယ်။

သူမခြေထောက်နဲ့ လက်ကောက်ဝတ်တွေ တအားယောင်ကိုင်းလာတာကြောင့် ခြေထောက်အောက်ဘက်ပိုင်း သွေးလည်ပတ်မှု အတန်အသင့်ရအောင် ဂျင်းဘောင်းဘီကို အားချင်း ခွဲထုတ်လိုက်ရပါတယ်။

၂။ ဒေါက်မြင့်ဖိနပ်

၂၀၁၄ ခုနှစ်မှာ ပုံနှိပ်ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုမှာ ဒေါက်မြင့်ဖိနပ်က ကျောရိုး တန်ပြန်တုံ့ပြန်မှု ဖြစ်စေနိုင်တဲ့ ခြေရင်းနဲ့ ခြေချင်းဝတ် အနေအထားပြောင်းလဲမှု ဖြစ်စေကြောင်း သုံးသပ်ခဲ့ပါတယ်။

၃။ ကိုယ်လုံးလှ အတွင်းခံဘောင်းဘီ

ကိုယ်လုံးလှ အတွင်းခံဘောင်းဘီဝတ်ဆင်တာက နာကျင်မှု၊ အသက်ရှူပြသနာတွေ ဖြစ်စေနိုင်ပြီး နံရိုးထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။

၄။ နက်ကတိုင်

တင်းကြပ်လွန်းတဲ့ နက်တိုင်တွေ ဝတ်ဆင်ခြင်းက မျက်လုံးမှာ သွေးပေါင်တက်ခြင်းကဲ့သို့ အန္တရာယ် ဖြစ်စေနိုင်ကြောင်း ဖော်ပြထားတဲ့ သက်သေအထောက်အထား ရှိပါတယ်။ နက်ကတိုင်ဝတ်ဆင်ခြင်းဟာ ပြင်းထန်တဲ့ ကျန်းမာရေးပြသနာအတွက် အန္တရာယ်ရှိတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ နက်ကတိုင်ဝတ်သူတွေ အသက်ရှူစရာ နေရာအနည်းငယ် ချန်လှပ်ပေးသင့်ပါတယ်။

၅။ Body piercings

Body piercings ပတ်သက်ရင် ဘက်တီးရီးယားပိုးကူးစက်မှုက အကြီးမားဆုံးပြသနာ ဖြစ်ပါတယ်။ အခြားဖြစ်နိုင်တဲ့ ပြသနာတွေက ဓာတ်မတည့်ခြင်းနဲ့ ဆေးကုသမှု လုပ်ထုံးလုပ်နည်း ဖြစ်ပါတယ်။ piercing လုပ်တဲ့အခါ သင့်တော်တဲ့ အသုံးဆောင်ပစ္စည်းတွေ အသုံးပြုဖို့နဲ့ ပြသနာမဖြစ်အောင် တစ်ကိုယ်ရေသန့်ရှင်းမှု ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။

Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top